Wednesday, October 10, 2012

ရခိုင်ပြည်မှာ ဗလီ အဖျက်ခံရ ကောလာဟလ ဘင်္ဂလားဒေ့ရှ်အစိုးရ ပယ်ချ

နယူးဒေလီ (မဇ္ဈိမ)။           ။ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် မူဆလင် ဗလီ ဝတ်ကျောင်းတခု တိုက်ခိုက် ဖျက်ဆီး မီးရှို့ခံရသည်ဟု နိုင်ငံတွင်း ပျံ့နှံ့နေသည့် ကောလာဟလမှာ မမှန်သတင်းတခု ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရက အင်္ဂါနေ့တွင် ကြေညာချက်ထုတ်ပြန် ရှင်းလင်းလိုက်သည်။


ကော့ဘဇားရှိ ဗုဒ္ဓဘာသာဝင်များနှင့် သာသနိက အဆောက်အအုံများကို အကြမ်းဖက် တိုက်ခိုက်မှုများနောက် ထွက်ပေါ်လာသည့် “ဤသို့ အခြေအမြစ်မရှိသော သတင်းများနှင့် ကောလာဟလများကို ပြန်လည်တုန့်ပြန် မပြုမူကြ
ရန်” နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကြေညာချက်အား ကိုးကား၍ ဒက္ကာအခြေစိုက် The Daily Star သတင်းဌာနက
ရေးသားထားသည်။

၎င်းတို့အစိုးရအနေဖြင့် ရန်ကုန်ရှိ သံရုံးနှင့် စစ်တွေရှိ ကောင်စစ်ဝန်ရုံးသို့ စုံစမ်း မေးမြန်းပြီးနောက် အဆိုပါ ဗလီ မီးရှို့
ခံရသည့်သတင်းမှာ အခြေအမြစ်မရှိကြောင်း သိရှိခဲ့ရခြင်း ဖြစ်သည်။

No comments:

Post a Comment