Friday, October 19, 2012

ဝန်ကြီးဌာနများမှ သက်ဆိုင်ရာ ဌာနအလိုက် အမည်းစာရင်း ထပ်မံပယ်ဖျက်ပေးဖို့ရှိကြောင်း သမ္မတရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြော

မကြာခင်မှာ ဝန်ကြီးဌာနတွေမှ သက်ဆိုင်ရာ ဌာနအလိုက် အမည်မည်းစာရင်း ထပ်မံပယ်ဖျက်ပေးဖို့ရှိတယ်
လို့ သမ္မတရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဌေး  က ပြောပါတယ်။


အခုလို အမည်မည်း စာရင်း ထပ်မံ ပယ်ဖျက်ပေးဖို့ အပေါ် ကြိုဆိုကြေ ပမယ့် ထိရောက်တဲ့ နိုင်ငံရေး
အပြောင်း အလဲဖြစ်ဖို့ လိုတယ်လို့ ထောက်ပြသူတွေ ရှိတယ်။ ချင်းမိုင် အခြေစိုက် BWU (Burma Women Union) မှ တာဝန်ရှိသူ မသွယ်ဇင်က “ဒါက အကောင်းအဆိုး ဒွန်တွဲနေတယ်။

အကောင်းက ပြည်တွင်းပြန်ဝင်ပြီး နိုင်ငံရေး လုပ်ချင်တဲ့ သူတွေအတွက် အဆင်ပြေတယ်” လို့ အွန်လိုင်း မှ ပြောပါတယ်။ အမည်မည်း စာရင်းမှာ နိုင်ငံလုံခြုံရေး အတွက် အန္တရာယ်ကြီးတယ် ယူဆတဲ့ လူတွေကလွဲလို့ ပယ်ဖျက်ပေးဖို့ သင့်တယ်လို့ သိရတယ်။

ချင်းမိုင်အခြေစိုက် ဗဟုဖွံ့ဖြိုးရေးအဖွဲ့မှ အကြီးတန်းသုတေသီ ဦးအောင်သူငြိမ်းက“တတ်နိုင်ရင်အမည်မည်း
စာရင်းဆိုတာ မရှိစေချင်ဘူး။ ဥပမာ နိုင်ငံတကာ ရာဇဝတ်မှု၊ အကြမ်းဖက်သမားတွေ၊ ကလေးတွေကို လိင် ဆက်ဆံဖို့ သားကောင်ရှာနေသူတွေကလွဲလို့ အမည်မည်းစာရင်း မရှိသင့်ဘူး” လို့ ပြောပါတယ်။

အမည်မည်းစာရင်း ထုတ်ပြန်တဲ့အခါမှာလည်း ပွင့်လင်းမြင်သာမှုရှိဖို့ လိုပါတယ်။ စနစ်တကျနဲ့ ပါဝင်တဲ့သူ
တွေ သိအောင် ရှင်ပြတာမျိုးလုပ်ဖို့ လိုတယ်လို့ သိရကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့
ထုတ် မော်ဒန် သတင်းဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment