Thursday, October 4, 2012

အိမ်အပြန်လမ်းအတွက် ရတက်မအေးဖြစ်နေရတဲ့ ကျောင်းသားများ

အောက်တိုဘာ(၄)
ဖားကန့်၊ တာမခံနဲ့ တနိုင်းမြို့ဝန်းကျင်မှာရှိတဲ့ ရွာတွေကနေ မိုးညှင်းဒီဂရီကောလိပ်မှာ  ကျောင်းတက်နေကြတဲ့ ကျောင်းသားအချို့ဟာ KIA ရဲ့ ဖမ်းဆီး လူသစ်စု ခံရမှာကို စိုးရိမ်သဖြင့် စာသင်နှစ်ပြီးဆုံးပေမယ့်လည်း နေရပ်ဖြစ်တဲ့ ရွာတွေကို မပြန်ရဲ ဖြစ်နေကြတယ် လို့ သိရပါတယ်။

``အိမ်က သားအငယ်ကောင် နဲ့တူတစ်ယောက် မိုးညှင်းကောလိပ်မှာ ကျောင်းပြီးလို့ ရွာကို ပြန်ချင်ပေမယ့် KIA ကိုကြောက်လို့ ပြန်မလာရဲဘူးဖြစ်နေတယ်။ ကျွန်တော်တို့ မိဘတွေအနေနဲ့ ရပ်ဝေးမှာ စာသွားသင်ရတဲ့ သားသမီးတွေကို အရမ်းစိုးရိမ်သောက ဖြစ်ရပါတယ်။ တခြား ရထားနဲ့ သွားလို့လာလို့ ရတဲ့ နေရာလည်းမဟုတ်တော့ ဘယ်လိုမှ ပြန်မလာ ရဲကြဘူးဖြစ်နေတယ်။ ထပ်ပြီး ပိတ်ဆို့တားမြစ်နေဦးမယ်ဆိုရင် ကျောင်းသားမိဘတွေစုပေါင်းပြီး KIA ခေါင်းဆောင်တွေဆီကို စာပို့ပြီး တောင်းဆိုကြဖို့ရှိပါတယ်´´ လို့ တနိုင်းဒေသခံ ကျောင်းသားမိဘ တစ်ဦးက KDN သတင်းဌာနသို့ ပြောကြားလာပါတယ်။
From-ကချင်နေ့စဉ်သတင်း

No comments:

Post a Comment