Tuesday, October 9, 2012

အီရန်နိုင်ငံအား တိုက်ခိုက်ပါက အစ္စရေးတပ်ဖွဲ့ဝင် ၁ဝဝဝဝ ခန့် ဆုံးရှုံးရဖွယ်ရှိကြောင်း အီရန်သတိပေး

အီရန် နိုင်ငံအပေါ် စစ်ရေးအရ တိုက်ခိုက်မှုများ ပြုလုပ်မည် ဆိုပါက အစ္စရေး တပ်ဖွဲ့ဝင် ၁ဝဝဝဝ ခန့် ဆုံးရှုံးရ ဖွယ် ရှိကြောင်း အစ္စလာမ် မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) မှ အကြီးအကဲဟောင်း တစ်ဦးဖြစ်သူမိုရှန်ရေဇာ အီက ပြောကြားခဲ့သည်ဟု Press TV သတင်းဌာနက အောက်တိုဘာ ၇ ရက်တွင် ထုတ်ပြန်ခဲ့ သည်။
သို့ရာတွင်အီရန်နိုင်ငံ အနေဖြင့်စစ်ဖြစ်ပွားခြင်းကိုအလိုမရှိကြောင်း၊ အကယ်၍ စစ်ဖြစ်ခဲ့ပါက မိမိတို့နိုင်ငံ အနေဖြင့် ကြိုတင် ပြင်ဆင်မှု များ ပြုလုပ် ထားပြီး ဖြစ်ကြောင်း ရေဇာအီက ထပ်လောင်း ပြောကြားခဲ့သည်။

အီရန် နိုင်ငံသည် နျူကလီးယား လက်နက်များ ထုတ်လုပ် နေသည်ဟု အမေရိကန် ပြည်ထောင်စုနှင့် အနောက် မဟာမိတ် နိုင်ငံများက ယူဆလျက် ရှိသော်လည်း အဆိုပါ ယူဆချက်ကို အီရန်နိုင်ငံက ထပ်တလဲလဲ ငြင်းဆိုထား ကြောင်းသိရသည်။
 
From- မြ၀တီ

No comments:

Post a Comment