Thursday, October 18, 2012

နိုင်ငံတော်သမ္မတကြီး ပြည်တွင်း မီဒီယာများနှင့် တွေ့ဆုံ၍ မေးခွန်းများ ဖြေကြားမည့် အစီအစဉ်

(၂၁-၁၀-၂၀၁၂)ရက်နေ့နံနက်(၉)နာရီ၌ နေပြည်တော်တွင် ပြုလုပ် ပါမည်။

လိုက်ပါသတင်းယူလိုသူများ
(၁)ဆရာဦးကိုကို (ရန်ကုန်တိုင်းမ်)၊
(၂) ကိုကျော်မင်းဆွေ (The Voice) ထံသို့ ဆက်သွယ်၍ အမည်စာရင်း ပေးကြရန် ဖြစ်ပါသည်။

ပြည်ပသတင်းမီဒီယာများမှ ကိုယ်စားလှယ်များလည်း လိုက်ပါနိုင်မည် ဖြစ်ပါသည်။

နိုင်ငံတော်သမ္မတကြီး၏ ပြည်ပခရီးစဉ်များတွင်လည်းကောင်း၊ ပြည်တွင်းတွင် လည်းကောင်း တွေ့ဆုံမေးမြန်းခွင့် ရရှိထားသည့် ပြည်ပအခြေစိုက်မီဒီယာများ သတင်းယူနိုင်ပါသည်။ ယခုအစီအစဉ်မှာ ပြည်တွင်းမီဒီယာများကို ဦးစားပေးခြင်း ဖြစ်၍ နားလည်ပေးစေလိုပါသည်။

မေးခွန်းမေးမြန်းခြင်းကိုတော့ ပြည်တွင်း မီဒီယာများကို ဦးစားပေးပါမည်။
MRTY-4, Sky Net တို့လည်း သတင်းရိုက်ကူးနိုင်ရန် ကြိုတင်ဆက်သွယ် ကြစေလိုပါသည်။

လက်ရှိသတင်းများအရ တက်ရောက်မည့် သတင်းမီဒီယာများ များပြားမည် ဖြစ်၍ မေးခွန်း မေးရာတွင် မီဒီယာတစ်ခုလျှင် များများစားစား ရရှိမည် မဟုတ်သဖြင့် နားလည်ပေးကြစေလိုပါသည်။
 

No comments:

Post a Comment