
ယင်းအစည်းအဝေးကို နတ်ချောင်းဆရီမြို့နယ် ဒိုးဆရီဒေသ နယ်စပ်မှတ်တိုင် ၅၁
အနီးရှိ လေမူဆရီ အစိုးရစာသင်ကျောင်းတစ်ခုတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကာ နံက်
၁၁ နာရီမှ နေ့လည် ၂ နာရီအထိဖြစ်ကြောင်း သိရှိရသည်။
ဆွေးနွေးပွဲသို့ ဘင်္ဂလာ BGB အမှတ် ၁၅ မှ တပ်ရင်းမှူး မာဟ်ဘူဘူရ်
ရော်ဟ်မာန် ဦးဆောင်ပြီး အဖွဲ့ဝင် ၉ ဦးနှင့် နစက နယ်မြေ အမှတ် ၁ မှ
နယ်မြေမှူး ဦးဆောင်ပြီး အဖွဲ့ဝင် ၁၀ ဦးတို့တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း
သိရှိရသည်။
စစ်တကောင်း တောင်တန်းဒေသ နတ်ချောင်းဆရီမြို့နယ် အခြေစိုက် BGB အမှတ် ၁၅
မှ မာဟ်ဘူဘူရ် က နယ်စပ်ဒေသအတွင်းရှိ ဒေသခံများ လုံခြုံရေးကိစ္စ၊
ပန်းဝါမြို့နယ်အတွင်း ဗုဒ္ဓဘာသာဝင်များ၏ ဘုန်းတော်ကြီးေ ကျာင်း၊
ဘုရား ဆင်းတုတော်၊ နေအိမ်များ၊ ကျမ်းစာပေများနှင့် မီးရှို့သတ်ဖြတ်
ခံရသူများ၏ အဓိကအကြောင်း ရင်းများကို ဆွေးနွေးခဲ့ကြကြောင်း
ဒေသခံသတင်းထောက်များသို့ ယမာန်နေ့က ပြောဆိုလိုက်ခြင်းဖြစ်သည်။
BGBမှ ဆွေးနွေးပွဲသို့ တခြားယင်းတပ်ဖွဲ့မှ တပ်မှူးအကြီးအကဲများနှင့်
ဒေသဆိုင်ရာစခန်းခွဲ အကြီးအကဲ များလည်း တက်ရောက်ခဲ့ကြောင်းနှင့် နစကမှ နယ်မြေ
၁ မှူး၊ လ၀ကအရာရှိ၊ ရဲအရာရှိကြီးနှင့် တခြားတပ်မှူးများ တက်ရောက်ခဲ့ကြောင်း
သိရှိရသည်။
နစက-BGBတို့ အနေဖြင့် နှစ်နိုင်ငံနယ်စပ်အကြား မူးယစ်ဆေးဝါးအရေး၊
မှောင်ခိုအရေး၊ ရာဇ၀တ်ကျူးလွန် သူများအရေး၊ စီးပွားရေး၊ တပ်ဖွဲ့များ
ပူးပေါင်းလှုပ်ရားနိုင်ရေးနှင့် တချို့ကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း
သိရှိရသည်။
ကော့စ်ဘဇားခရိုင် အိုခီးယားမြို့နယ် မူရိတ်စာ စစ်ဆေးရေးဂိတ်မှ
နယ်စပ်သို့ လျှို့ဝှက်ပို့ဆောင်မည့် ဇီဇယ်ဆီ ၉၀၀၀ လီတာအား ယမန်နေ့က
ဖမ်းဆီးရမိခဲ့ကြောင်းလည်း သိရှိရသည်။
From- arakantimes
No comments:
Post a Comment