Friday, October 12, 2012

ရန်ကုန်တွင် အရှေ့တောင်အာရှ လူငယ် သံစုံ တီးဝိုင်း အဖွဲ့အခမဲ့ ဖျော်ဖြေမည်

ရန်ကုန်မြို့တော်တွင် အရှေ့တောင် အာရှ နိုင်ငံများမှ လူငယ်များဖြင့် စုဖွဲ့ထားသည့် သံစုံတီးဝိုင်း အဖွဲ့သည် အောက်တိုဘာလ ၁၅ရက်နေ့ ညနေ ၆ နာရီ မိနစ် ၃ဝတွင် Strand Hotel ၌ အခမဲ့ ဖျော်ဖြေ မည် ဖြစ်ကြောင်း အဆိုပါပွဲ စီစဉ်သည့် ဒေါ်ကျော့ကေခိုင်က The Voice Weekly သို့ ပြောကြားသည်။
အရှေ့တောင်အာရှ လူငယ် သံစုံ တီးဝိုင်း အဖွဲ့ဝင် ၃ဝ ဦးခန့်က သံစဉ်များဖြင့်သာ ဖျော်ဖြေ သွားမည်ဖြစ်ပြီး တေးသံရှင် မပါဝင်ကြောင်း၊ ပလွေ တူရိယာ အသံများနှင့် တယောအဖွဲ့များ၏ လက်စွမ်းပြ တီးခတ်မှု များမှ ထွက်လာသည့် သံစဉ်များ ပါဝင်မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

အဆိုပါ အဖွဲ့တွင် အရှေ့တောင် အာရှ နိုင်ငံများဖြစ်သည့် ထိုင်း၊ ဖိလစ်ပိုင်၊ မလေးရှား၊ အင်ဒိုနီးရှား နှင့် မြန်မာနိုင်ငံမှ အဖွဲ့ဝင် ၃ ဦး ပါဝင်မည် ဖြစ်ပြီး အဆိုပါ အရှေ့တောင် အာရှ လူငယ် သံစုံ တီးဝိုင်း အဖွဲ့ ၏ ဖျော်ဖြေမှုကို ဂျာမနီ နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ရှိ တက္ကသိုလ်များက စီစဉ်ခြင်း ဖြစ်သည်။
 
From- The Voice Weekly

No comments:

Post a Comment