Tuesday, October 9, 2012
ကမ္ဘာ့ပထမဆုံး ပုဂ္ဂလိက အာကာသလွန်းပျံယာဉ် လွှတ်တင်
Subscribe to:
Post Comments (Atom)
ကမ္ဘာ့ပထမဆုံး ပုဂ္ဂလိက အာကာသသွား လွန်းပျံယာဉ်ကို
SpaceXက တနင်္ဂနွေနေ့ညတွင် လွှတ်တင်လိုက်ကြောင်း သိရှိရသည်။ SpaceX သည်
လူလိုက်ပါခြင်း မရှိသော ကုန်တင်Capsuleယာဉ် တစ်စင်းကို အာကာသထဲရှိ
နိုင်ငံတကာ အာကာသစခန်း (ISS)သို့ ပေးပို့ မည် ဖြစ်သည်။
NASA၏ ကန်ထရိုက် စာချုပ် အများအပြား ရရှိထားပြီး ISSကို ထောက်ပံ့မှုများ
ပြုလုပ်ပေးရန် သဘောတူ ညီထားသည့် SpaceXသည် ယင်းအာကာသ လွန်းပျံ ခရီးသွား
လုပ်ငန်းအတွက် ဒေါ်လာ (၁.၆)ဘီလျံဖိုးမျှ အကုန်အကျခံ သုံးစွဲထားခဲ့သည်။
"ခမ်းနားတဲ့ ညနေခင်း တစ်ခုပါပဲ"ဟု SpaceX၏ ဥက္ကဋ္ဌဖြစ်သူ ဂွင်းနက်သ်
ရှော့တ်ဝဲလ်က ဆိုသည်။ ၎င်းသည် လွန်ခဲ့သော (၅)လခန့်က အစမ်းပစ်လွှတ်မှု အပြီးတွင်
ပထမဆုံးအကြိမ် အောင်မြင်စွာ ပျံသန်းသွားသည့် ဒုံးပျံကြောင့်
ကြည်နူးပျော်ရွှင်လျှက် ရှိသည်။From- Planet
No comments:
Post a Comment