Friday, October 12, 2012

ဒုတိယအကြိမ်အာရှစီးပွားဖြစ်စိုက်ပျိုးရေး

(အစည်းအဝေး)သို့ ပေးပို့လိုသောမြေလွတ်မြေလပ်များစီမံခန့်ခွဲခြင်းဆိုင်ရာ သဘောထားအမြင်ဆွေးနွေးပွဲ မှ ထွက်ပေါ်လာသောသဘောထားမှတ်ချက်များ

၁။ ဒေသတွင်း မြေယာအငြင်းပွားမှုများ ဖြေရှင်းဆောင်ရွက်နိုင်ငခြင်း မရှိသေးသော ကာလအတွင်း အသစ်ထပ်မံငှားရမ်းခြင်း ရောင်းချခြင်းကို ပြုလုပ်ဆောင်ရွက်ခြင်း မပြုရန်။ ၂။ မြေလွတ်မြေလပ်နှင့်မြေရိုင်းများပမာဏကိုတိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အများပြည်သူသို့ ထုတ်ပြန်ပေးရန်။ (စာရွက်စာ တမ်းကြေးငွေပေးသွင်းပြီး ရယူ ခွင့်ပြုရန် နှင့် ထုတ်ပြန်ပေးရန်။

၃။ မြေလွတ်မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲခြင်းနည်းဥပဒေကို အများပြည်သူသိရှိရန် နိုင်ငံတော်ပြန်တမ်း အနေဖြင့် နိုင်ငံတော် ပိုင်သတင်းစာတွင် ထုတ်ပြန်ပေးရန်။

၎။ နိုင်ငံသား/နိုင်ငံခြားသားများအား လုပ်ပိုင်ခွင့်ပေးရာတွင် သဘာ၀၀န်းကျင်ထိခိုက်မှုမရှိစေရန် စနစ် ကျသော EIA, SIA, HIA Report များဖြင့် ချိန်ညှိစီမံခန့်ခွဲရန်။

၅။ မြေလွတ်မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲခြင်းဥပဒေပုဒ်မ-၂၅ နှင့်အညီ အငြင်းပွားမှုကိုတိတိ ကျကျဖြေရှင်းရန်။

(ဥပဒေပုဒ်မ- ၂၅နှင့်အညီ ညှိနှိုင်းခြင်းမပြုဘဲ ဒေသခံများအား တရားစွဲဆိုမှုပြုလုပ်နေခြင်းအား ရပ်ဆိုင်းရန်။ ယင်းဥပဒေ အရ အငြင်းပွားမှုဆိုင်ရာ ညှိနှိုင်းမှု လုပ်ထုံးလုပ်နည်းဥပဒေကို တရားမျှတစွာ ပြဌာန်းပေးရန်။

၆။ မြေလွတ်မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲခြင်းပြုလုပ်ရာတွင် ဒေသခံများ၏ သဘောထားစစ် တမ်းကောက်ယူ၍ ဒေသခံများ နှင့်ပြင်းထန်သောပဋိပက္ခများဖြစ်ပေါ်လာပါက မပြေလည်သမျှ ကာလ ပတ်လုံး အကောင်အထည်ဖော်ခြင်းကို ဆိုင်းငံ့ထား ရန် ။

၇။ မြေလွတ်မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲခြင်းနည်းဥပဒေများကို မိခင်ဥပဒေနှင့်ကွဲလွဲခြင်းမရှိစေရေး အတွက် လွှတ်တော်တွင် ပြန်လည်သုံးသပ်ရန်။

၈။ ဒေသခံဟူသည်မှာ တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ်အတွင်း (၂၀)နှစ်အထက်နေထိုင်နိုင်ငံသား(သို့) တိုင်းရင်းသား သူများဟု သတ်မှတ်ပြီး အဆိုပါ ပုဂ္ဂိုလ်များအတွက် မြေယာရယူလုပ်ကိုင်လိုမှုရှိပါက ဦးစားပေးရန်။

၉။ ဒေသခံများမြေယာရယူရန်နည်းဥပဒေများနှင့်အညီ ရေးဆွဲထားသော်လည်း အဆင့်ဆင့်သော ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသဆိုင်ရာဝန်ထမ်းများ၏ အဂတိလိုက်စားမှု ရှိနေခြင်းသည် ဒေသခံ တို့မြေယာရယူရာတွင် အဓိကအတား အဆီးဖြစ် သဖြင့် တိတိကျကျဖော်ထုတ်အရေးယူရန်။

၁၀။ ဒေသခံတွေကို နည်းပညာ၊ အတတ်ပညာနှင့်အရင်းအနှီးများကို တိုက်ရိုက်ကူညီထောက်ပံ့ရန်။

ယနေ့ ညီညွတ်သောတိုင်းရင်းသားများ မဟာမိတ်အဖွဲ့မှ ဦးဆောင်ကျင်းပသော ဒုတိယအကြိမ် အာရှ စီးပွားဖြစ် စိုက်ပျိုးရေး အစည်းအဝေးသို့ ပေးပို့လိုသော သဘောထားမှတ်ချက်များကို တောင်ဝင်နှင်းဆီ ခန်းမတွင် နိုင်ငံရေးပါတီ (၁၃) ပါတီ ၊ CSOs အဖွဲ့(၂၀) ၊ အခြားသော နိုင်ငံရေးအင်အားစုများနှင့် သတင်း မီဒီယာ(၂၀)ဖွဲ့ တက်ရောက်ဆွေးနွေးကြသည်။ ဆုံးဖြတ်ချက် (၁၀)ချက်ကို သဘောတူ လက်မှတ် ရေးထိုးနိုင်သည်။
အင်တာဗျူးနိုင်သော ဖုန်းနံပါတ်များ
ဥ...
ီးစိုင်းညွန့်လွင် (SNLD) 0973241587
ဦးစိုင်းလိတ် (SNLD) 095005898
ဦးစိုင်းစောအောင်(SNLD) 09 73081211
ဦးဂင်ကန်းလျန် ( ZCD) ဇိုမီး 09 421715011
ဦးဇန်ဇမုန် ( ZCD) 095199953
ဦးအေးရွှေ ( ALD) 0973039608
ဦးတင်ဆွေ (ဒီမိုကရက်တစ်ပါတီ မြန်မာ) 09425305800
ဦးစောဟယ်ရီ (KNCD) ၀၁ ၆၄၀၀၆၂
ဦလျှံကြယ် (ချင်းတိုးတက်ရေး ပါတီ ဥက္ကဌ) 09730108875
ဒေါ်ထုမေ (ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်) 09448019971
ကိုဗျက်ထန် ( ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်) 09 73167853
ဦးဖိုးဖြူ - ၀၉ ၇၃၀၀၀၄၄၁
ဒေါ်နန်းထွေးမှုံ - (SNLD) 09425286232
ဦးနေမျိုးဝေ - မတူကွဲပြားခြင်း နှင့် ငြိမ်းချမ်းရေးပါတီ ၀၉၈၆၁၀၇၁၉
ဦးစိုးညွန့် - မြန်မာ့ငှက်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥက္ကဌ 095013623
ဦးတေဇာ ဓိပတိ (SSSG) နာယက 09400437865
ဦးသာဘန်း ( ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်) နာယက 01 503964
နော်အဲလိဇဘတ် (ကရင်အမျိုးသမီးများ လှုပ်ရှားမှုအဖွဲ့) 09421126195
ဦးမြတ်စံ (မြန်မာ့အစိမ်းရောင် အဖွဲ့) 0949255362
ကိုဝေဠု (ရန်ကုန် ပြည်သူ့အကျိုးဆောင် ကွန်ယက်) တာဝန်ခံ ၀၉၄၅၀၀၃၇၆၈၅
ဦးမင်းဖေသန်း (မွန်ဒီမိုကရေစီပါတီ) 098702500
ဦးမင်းကျော်ဝင်း (မွန်ဒီမိုကရေစီပါတီ) 0973150182
ဦးဇော်ရန်း (အလုပ်သမားအရေး ဆောင်ရွက်သူ) 095025016
ဦးကြည်ဝင်း (ပဲခူးရေကြည်စမ်း) ဒုခေါင်းဆောင် 0949102107
ဦးဘတင့် (NLD) 01 700866
ကိုရဲဇင် (အလင်းစေတမန် စာကြည့်တိုက်နှင့် လူမှုကွန်ယက် ထူထောင်သူ) ၀၉၇၃၂၅၀၉၅၀
ဦးအောင်မျိုးဦး (မတူကွဲပြားခြင်း နှင့် ငြိမ်းချမ်းရေး) တွဲဖက်အတွင်းရေးမှူး ၀၉၄၂၁၀၅၆၂၃၁
ကိုမျိုးသန့် ( ၈၈မျိုးဆက်ကျောင်းသားများ ) 09420090030
ဒေါ်နုနုအောင် ။ 0949221241
ဦးဝင်းချို 73206838

No comments:

Post a Comment