Friday, October 12, 2012

အိမ်ရှင်များ ဆိုးကျိုးဖြစ်စေသော စားသုံးဆီအတု

စားအုန်းဆီနှင့်အတူ ရော နှောဝင်ရောက်လာသော စားသုံး ဆီအတုများ က နယ်စပ်ဒေသမှ တစ်ဆင့် ပြည်တွင်းဈေးကွက်သို့  ထိုးဖောက် ၀င်ရောက် လာကြသည်။
တရုတ်နိုင်ငံမှ တရားမ၀င်  တင်သွင်းသော စားသုံးဆီ များက   မြန်မာပြည်နယ်မြေအသီးသီးသို့ စိမ့်ဝင်နေကြရာ သက်ဆိုင်ရာ အာဏာပိုင်များက ကိုယ်ကျင့် တရားရှိရှိဖြင့် အချိန်မီတားဆီး  ကာကွယ်သင့်ကြောင်း၊ခန္ဓာကိုယ်   အတွက်ဝန်ထုပ်ဝန်ပိုးအန္တာရာယ်  ဖြစ်စေသောအဆိပ်အတောက် များကို စားသုံးဆီအတုမှ တစ်ဆင့် သယ်ဆောင်လာပါက လူသား အတွက်မမြင်နိုင်စွမ်းသောအတွင်း ရန်သူများ ပင်ဖြစ်ကြောင်း၊လူ့ခန္ဓာမှ အသည်းသည်အယ်လ်ဖာ တောက်ဆင်မှိုပါသောပစ္စည်း များကြောင့် ဘေးဥပါဒ်ရောက် ရ ကြောင်းဆီအတုကိုသမ္မာအာဇီဝ ရှိ သော၊လူလူချင်းကိုယ်ချင်းစာ တရားမရှိသော၊  ဖြတ်လမ်းနည်း ဖြင့်မတရားချမ်းသာချင်ကြသော သူများသာလျှင်ဈေးကွက် သို့တင်ပို့ ရောင်းချကြသည်ဟု သိရသည်။
၁၉၅၃ခုနှစ်က အာဖရိက တိုက် မော်ရိုကိုနိုင်ငံရှိကျေးရွာ တစ်ရွာတွင် ၀ိသမလောဘသားတို့ ဖန်တီးလိုက် သော စားသုံးဆီ အတုကြောင့် အပြစ်မဲ့ကျေးလက် ပြည်သူ (၃၀၀)ကျော် ကိုယ်တစ်ပိုင်း သေဆုံးကြရ၏ဒုက်္ခိတဘ၀ရောက် ကြရသည့် ဖြစ်ရပ်တစ်ခုကိုကား မမေ့သင့်ပါ။  မမေ့အပ်ပါ။
ဆီကိုလျော့ စားကြအောင်  ကျန်းမာရေးဌာနမှ ပညာပေးလျက်   ရှိပါသည်။လေးစားလိုက်နာဖို့လို ပါသည်။ ကောလင်းမြို့နယ်တစ် ၀ိုက်တွင် မြေပဲစိုက်ရာသီက ရေ အခက်အခဲကြောင့် ပုံမှန်ထွက် ရှိ သော မြေပဲဆီ အထွက်နည်းခဲ့ရ သည်။ထို့အတူ နေကြာစိုက်ခင်းမှ   နေကြာပင်များ ရေမ လုံလောက်  မှုကြောင့် ပျက်စီးမှု အရ နေကြာ ဆီလည်း အထွက်နည်းလာသည်။
နိုင်ငံတွင်း မြေပဲနေကြာ စားသုံးဆီများအထွက်နည်းမှုကို အခွင့်ကောင်းယူ၍ စီးပွားရေးထိုး နက်လိုသော ၀ိသမလောဘသား  များက  စားသုံးဆီဈေးကွက် တွင် တရားမ၀င်တင်သွင်းသော  ဆီအတုများ ဈေးနှုန်းချို သာစွာ ဖြင့် ရောင်းချနေကြသည်။ ထိုး ဖောက်ဝင်ရောက်လာသော ဆီ  အတုများက စားသုံးသူများ၏ အသက်ကို လွယ်ကူစွာချွေယူသွား  ပေတော့မည်။
ထို့ကြောင့်မြို့နယ်မှ တရား မ၀င်စားသုံးဆီများ ဖြန့်ဖြူးရောင်း ချနေမှုအပေါ် စိစစ်ရန်ကော်မတီ  တစ်ရပ်ကို သြဂုတ်လအတွင်းက   ဖွဲ့စည်းလျက်ကွင်းဆင်းဆောင်ရွက်  ခဲ့ကြသည်။စည်ပင်ဈေးနှင့်အိမ် ဆိုင်များသို့ကွင်း ဆင်းပြီး ဆီရောင်း   ချသူ လုပ်ငန်းရှင်များအား ပညာ ပေးဟောပြောခဲ့ကြသည်။
စားသုံးဆီသာ မက မုံရွာ ချင်းတွင်းမြစ်ကြောင်းမှတစ်ဆင့်    ထိုးဖောက်ဝင်ရောက်လာကြသော   လူသုံး ကုန်စည် များ အရည်အသွေး  မီ မမီစိစစ်သင့်ပါသည်။စားသောက်  ကုန်များ အစာအဆိပ် သင့်သော ဘေးအန္တရာယ်မှ ကင်းရန် ကျွမ်း ကျင်သောပညာရှင်များက ““ရွှေ သမင် ဘယ်ကထွက်၊ မင်းကြီးတာ ကထွက်””ဆိုရိုးစကားအတိုင်း ““မူ လပင်ရင်းတာ””မှာပဲ စိစစ်၍ သွင်း ကုန် ထုတ်ကုန်လိုင်စင် များ စိစစ် ပြီး ဆောင်ရွက်သင့်ပါကြောင်း။   ကောလင်းမြို့ရောက်မှ ဖြန့်ကျက်    လာသော ကုန်ပစ်ည်းများကို ငါး ဖမ်းပိုက်ဖြင့် ဖြန့်ကျက်ဖမ်းဆီး အရေးယူမှုမပြုဘဲ ““မူလပင်ရင်း  တာ””ကိုပဲ အလုံပိတ်တားမြစ်သင့် ပါကြောင်း ဒေသခံဆီကုန်သည်  များက ပြောကြားနေကြပြီ။

From- hotnewsweekly

No comments:

Post a Comment