Friday, October 19, 2012

ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယကို လာမည့် နိုဝင်ဘာလတွင် သွားရောက်မည်


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ       လာမယ့်
နိုဝင်ဘာလ ၁၃ ရက်နေ့မှာ အိမ်နီးချင်း အိန္ဒိယနိုင်ငံကို သွားရောက်မှာဖြစ်
ပါတယ်။




ဒါဟာ နှစ်ပေါင်း၄၀ လောက်ကင်းကွာခဲ့တဲ့အိန္ဒိယနိုင်ငံကို ပြန်လည်ရောက်ရှိမှာလည်းဖြစ်တယ်လို့ ဟိန္ဒူ စီးပွားရေး သတင်းနဲ့ The Telegraphသတင်းစာ


တွေက ဆိုပါတယ်။




ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယနိုင်ငံမှာ ရက်သတ္တ တပတ်ကြာနေထိုင်မှာ


ဖြစ်ပြီး ဂျာဝါဟာလာ နေရူး အမှတ်တရ အနေနဲ့လည်း နိုဝင်ဘာလ ၁၄ ရက်


နေ့မှာ မိန့်ခွန်းတခု ပြောမှာဖြစ်တယ်လို့ ဆိုပါတယ်။




အိန္ဒိယအရာရှိတွေအဆိုအရ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေလီမြို့ပြင်ကိုလည်း သွားရောက်နိုင်တယ်လို့ ဆိုပေမယ့် ခရီးစဉ် အတိအကျကိုတော့ မသိ


ရသေးပါဘူး။




အိန္ဒိယ ၀န်ကြီးချုပ် မန်မိုဟန်ဆင်းမ်ကလည်း ဒီနှစ်အစောပိုင်း ရန်ကုန်ကို သွားတုန်းက ဒေါ်အောင်ဆန်းစုကြည် ကို အိန္ဒိယ နိုင်ငံကိုလာဖို့ ဖိတ်ခေါ်ခဲ့ပြီး ပုဂ္ဂိုလ်ရေးအရလည်း မိန့်ခွန်း ပြောပေးဖို့ ဖိတ်ကြားခဲ့ပါတယ်။




ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၉၂ ခုနှစ်က နိုင်ငံတကာ နာလည်မှုအတွက် ဂျဝါဟာလာ နေရူး ဆုကိုလည်း ချီးမြှင့်ခံခဲ့ရတာပါ။ မိခင်ဒေါ်ခင်ကြည်


အနေနဲ့ ပထမဆုံး အမျိုးသမီးသံအမတ်အဖြစ် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ခန့်အပ်ခံရပြီး ၁၉၆၀ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယနိုင်ငံ ကို ရောက်လာခဲ့စဉ် နယူးဒေလီမှာ ကျောင်းတက်ခဲ့ပါတယ်။


နိုင်ငံသားကောင်း တစ်ဦးသည် ပါတီအကျိုး၊ ပုဂ္ဂိုလ်အကျိုး၊ အဖွဲ့ အစည်း


အကျိုးတို့ ကို မကြည့်ပဲ မိမိနိုင်ငံနှင့် နိုင်ငံသူ နိုင်ငံသားများ၏ အကျိုးကိုသာ အာရုံထားရှေ့ရှု့ဆောင်ရွက်တယ်။




ဧရာဝတီ

No comments:

Post a Comment