Monday, October 22, 2012

ဘင်္ဂလီများမှ သေနပ်များဖြင့် ပစ်ခတ်မှုဖြင့် ရခိုင် ၄ ယောက်နှင့် စစ်တပ်မှ ၂ ယောက် ကျဆုံး(ယနေ့ နောက်ဆုံးရသတင်း)

MarmBra
မြောက်ဦးမြို့နယ် ပရိန်ကျေးရွာတွင်ဘင်္ဂလီများမှ သေနပ်များဖြင့် ပစ်ခတ် မှုဖြင့်  ရခိုင် ၄ ယောက်နှင့် စစ်တပ်မှ ၂ ယောက်ကျဆုံးဟု ဖုန်း သ တင်း အရ သိရှိရပါသည်။ စစ်တပ်မှ ဗိုလ်အဆင့်ရှိ တယောက်ပါဝင်ဟုလည်း  သိရပါသည်။


 ယခုသတင်းကို အတည်ပြုနိုင်ရန်အတွက် အသေအပျောက် လူစာရင်းနှင့် နာမည်
အတိအကျကို RSV မှ ဆက်လက်စုံစမ်းနေပါသည်။

၅း၀၀ နာရီ သတင်း
---------------
စစ်တပ်မှ အသေအပျောက်စာရင်မှာ မဟုတ်မှန်ကြောင်းကို ဒေသခံတို့မှ အသေ

အချာ ပြန်ပြောပြပါသည်။ ပစ်ခတ်မှုလည်း မရှိကြောင်း အခိုင်အမာ ပြောကြား
ခဲ့ပါသည်။ အခု ဖြစ်ပေါ်နေသော သတင်းများမှာ အလွန်မြန်ဆန်သဖြင့် တချို့ 
သတင်းများသည် အတည်ပြုချက်များ ရယူနိုင်ဖို့အတွက် ကြိုးစားနေပါသည်။

 အခင်းမှာ ယခုအခါ တရွာမှ အခြားတရွာသို့ ဆက်လက် ကူးစက်လျှက်ရှိပါသည်။ လုံခြုံရေးအားနည်းသော ဒေသသို့ ချက်ချင်း ကူးစက်လျှက်ရှိပါသည်။

 ၅း၄၅ နာရီ သတင်း
-----------------
မင်းပြားမြို့နယ် အောင်ဒိုင်းကျေးရွာ အိမ်ခြေ (၅၀၀) ခန့် မီးလောင်းကျွမ်းသွားပြီး 

စမ်းဘလီကျေးရွာတွင် အိမ်ခြေ (၄၀၀) ခန့်လောက် မီးလောင်းကျွမ်းနေဆဲ
 ရှိပါသည်ဟု ခိုင်လုံသော သတင်းထောက်မှ ပေးပို့ပါသည်။ အခြေအနေမှာ 
တခြား ရွာများသို့ ဆက်လက် ကူးစက်သွားနိုင်ပါသည်။ လုံခြုံရေးမှ အခြေအနကို 
အမြန်ဆုံး ထိန်းသိမ်းရန်လိုအပ်လျှက်ရှိသည်ဟု သိရှိရပါသည်။

ည ၇း၀၀ နာရီသတင်း
ယနေ့ မင်းပြား၊ မြောက်ဦးနယ်တစ်ဝိုက်တွင်ဖြစ်ပွားခဲ့သော ပြဿနာများတွင် ရခိုင်(၈)ဦးထိဒါဏ်ရာရှိခဲ့ကြောင်း မြောက်ဦးဆေးရုံမှ RSV သို့ အတည်ပြုပြောကြား

ခဲ့ပါသည်။ 

အဆိုပါ (၈)ဦးအနက် (၃)ဦးမှာ ဒါဏ်ရာပြင်းထန်လွန်းသဖြင့် ယခုချက်ချင်း စစ်တွေဆေးရုံသို့ပို့ဆောင်ရန်စီစဉ်နေပြီဖြစ်ကြောင်းသိရသည်။

 သေဆုံးသူဦးရေမှာ (၄)ဦးဟုကြားသိရသော်လည်း အတိအကျကိုမူအတိအကျ
အတည်မပြုနိုင်သော်လည်း ယခုလက်ရှိ မြောက်ဦးဆေးရုံတွင် လူသေအလောင်း
(၁)လောင်းရောက်ရှိနေပြီဖြစ်ကြောင်းသိရသည်။



Rakhine Straight Views

1 comment:

  1. မသေချာဘဲနဲ့ ဘာဖြစ်လို့ရေးတာလဲ

    ReplyDelete