Monday, October 22, 2012

မြန်မာ-ဘင်္ဂလာနယ်စပ်ကုန်သွယ်ရေးကုန်များ လုယက်မှုများ ဖြစ်ပေါ်လာနေ


 

ရခိုင်ပြည်အတွင်း ဇွန်(၈)ရက်နေ့က စတင်အကြမ်းဖက် တိုက်ခိုက်ခံရ မှုနောက်ပိုင်း မြန်မာ-ဘင်္ဂလာ နယ်စပ်ကုန်သွယ်ရေး စီးပွားရေးမှ ကုန် များမှာ အကြမ်းဖက်သူများထံ လုယူသိုလှောင်မှု ခံနေရမှုကြောင့် နှစ်နိုင်ငံ နယ်စပ်ရိက္ခာပြဿနာများ ဖြစ်ပေါ်လာနိုင်ကြောင်း စုံစမ်းသိရှိ ရသည်။

မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေးမှ ကုန်များမှာ အဓိကအားဖြင့် ဆန်၊ ဆီ၊ ဆား၊ ငါးခြောက်၊ ကျွဲနွားအိမ်မွေးတိရိစ္ဆာန်များအပြင် တခြား အသေးစားကုန်များဖြစ်ပြီး ယခုအခါ ဈေးကွက်ထဲသို့ ခန့်မှန်းထားသလောက် ရောက်ရှိမလာဘဲ နယ်စပ်အတွင်း သိုလှောင်ခံနေရမှုများ ဖြစ်ပေါ်နေကြောင်း လေ့လာသုံးသပ်သူများက ဆိုသည်။
နယ်စပ်စီးပွားရေးသို့ လွန်ခဲ့သော တစ်ပတ်ခန့်က ရောက်ရှိလာသော ကျွဲနွားအိမ်မွေးတိရိစ္ဆာပေါင်း (၁၀၀၀)၀န်းကျင်မှာ မသမာသူ အကြမ်းဖက် သောင်းကျန်းသူများ လက်ထဲတွင် သိုလှောင်ခံလိုက်ရပြီးဖြစ်ကြောင်း သိရှိရသည်။ သို့သော်လည်း တနင်္ဂနွေနေ့က အဆိုပါ နွား (၁၁၄)ကာင်နှင့်အတူ နယ်မြေခံခေါင်းဆောင် တစ်ဦးဖြစ်သူ နရုလ် အီစ်လာအား သက်ဆိုင်ရာက ဖမ်းဆီးရမိကြောင်း ယနေ့ကော့စ်ဘဇားမြို့ထုတ် ဒေသ၀ပ်ဆိုက်တစ်ခုက ဖေါ်ပြ ထားသည်။
ထို့ပြင် ယင်းဝပ်ဆိုက်က အဆိုပါ နယ်စပ်ကုန်များအား လုယူသိုလှောင်မှုနှင့် ဆက်စပ်မှုရှိသော မိုဟာမတ် အီမ်မိုင်လ် ဖာရုက်(၃၇)နှစ်အား သက်ဆိုင်ရာက ဖမ်းဆီးရမိပြီးဖြစ်ကြောင်းနှင့် ယင်းနှင့် ဆက်စပ်နေသူများကို ဖမ်းဆီးရန် လိုက်လံရှာဖွေနေကြောင်းနှင့် ဆိုဒီအာရ်ဗီယားနိုင်ငံမှ အမည်မသိ NGO တစ်ခုမှ ကော့စ်ဘဇားမြို့ရှိ (ဟာဆေမိယာ မာဒြာဆာရ်) ဟာဆေမိယာ ဗလီသို့ မူဆလင် ဘာသာရေးပွဲမတိုင်ခင် အမြဲလာရောက်လေ့ရှိပြီး မူဆလင်ဘင်္ဂလီများအား စည်းရုံသိမ်းသွင်း အကြမ်းဖက်ရန် ခိုင်းစေလေ့ရှိသော လှုပ်ရှားမှုတစ်ချို့နှင့် ယင်းဗလီအား ယင်းအကြမ်းဖက်သူများ၏ ရုံးအဖြစ် အသုံးပြုနေကြကြောင်းကို ဖေါ်ပြထားသေးသည်။
ဘင်္ဂလားဒေ့ခ်ျနိုင်ငံ နယ်စပ်မြို့များရှိ ဆန်အိပ်ပေါင်း (၁၀၀၀၀)ကျော်၊ ဒီဇယ်နှင့် ရေနံဆီပေါင်း (၁၀၀၀၀)ကျော်လီတာတို့မှာလည်း အကြမ်းဖက်သမားများထံ သိုလှောင်ခံထားရပြီး ဖြစ်သော်လည်း သက်ဆိုင်ရာက အကြမ်းဖက်မှုပြဿနာအကြားထဲတွင် ဆန်၊ ဒီဇယ်နှင့် ရေနံဆီပေါင်း အမြောက်အများအား နယ်စပ်ဒေသများမှ ဖမ်းဆီးရမိခဲ့ကြောင်း ဒေသထုတ်သတင်းများက ဖေါ်ပြခဲ့သည်။
မြန်မာ-ဘင်္ဂလာ နယ်စပ်ဒေသများအတွင်း နယ်မြေလုယူမှု ပြဿနာများ ပေါ်ပေါက်လာနိုင်ကြောင်းနှင့် ယင်းကဲ့သို့ ရိက္ခာအဖြစ် စုဆောင်းခံနေရသော မြန်မာ့ ကျွဲနွားတစ်ကောင်၏ ကာလပေါက်ဈေး တန်ဖိုးမှာ တာကာ(၃၀၀၀၀) မှ (၅၀၀၀၀)အထိရှိကြောင်း ဘင်္ဂလာမှ ကွန်မြူနစ်လူငယ်များက သုံးသပ်ပြောဆိုသည်။
မြန်မာ-ဘင်္ဂလာ နယ်စပ်မြို့များအတွင်းရှိ တန်ဖိုးမဖြတ်နိုင်သော ဗုဒ္ဓဘာသာ စေတီပုထိုးကျောင်းများ၊ ဟိန္ဒူကျောင်းများနှင့် ရှေ့ဟောင်း လက်ရာဗီသုကာများအား မီးရှို့ဖျက်ဆီးခိုးယူ၍ ထွက်ပြေးတိမ်းရှောင်နေသူများမှာ ယခုအခါ နယ်စပ်အတွင်းရှိ တောတောင်များထဲတွင် ခိုအောင်နေကြကြောင်း မျက်မြင်များက ဆိုသည်။
ကမ္ဘာပေါ်တွင် ကုန်ခန်းလာသော ရေနံ၊ ဂစ်၊ သောက်ရေနှင့် တခြားနေ့စဉ်လိုအပ်မည့် မြေပေါ်မြေအောက် သံယံဇာတ အရင်းအမြစ်များအား လုယူကြမည့် စစ်ပွဲကြီးမှာ များမကြာမီ ဖြစ်ပေါ်လာနိုင်ကြောင်း နားလည်သူများက သုံးသပ်ဝေဖန်နေကြသည်။
ယခုအခါ နိုင်ငံကြီးတစ်ချို့က ပုံစံမျိုးစုံဖြင့် ယင်းကဲ့သို့ စွမ်းအင်များအား ရလိုမှုကြီးထွားလာနေကြရာ စွမ်းအင်လုပွဲ စစ်ပွဲကြီးကို အကြမ်းဖက်သမားများအား တာရှည်စီမံကိန်းများပြုလုပ်၍ မွေးမြူပြီး ငွေများပေးကာ ဖန်တီးနေကြကြောင်း သိရှိရသည်။
ရခိုင်ပြည်၏ လက်ရှိမြေပေါ်မြေအောက် သံယံဇာတအား အိမ်နီးနားချင်းနိုင်ငံများသာမက တစ်ချို့ကမ္ဘာ့နိုင်ငံများကပါ စိတ်ဝင်စားလျှက် ရှိနေကြောင်း အင်တာနက်သတင်းများက ဆိုသည်။

From - narinjara.com

No comments:

Post a Comment