Tuesday, October 9, 2012

ရခိုင်ပြည်နယ် စစ်တွေမြို့ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံးရှေ့တွင် ရခိုင်သံဃာတော်များ ဆန္ဒထုတ်ဖော်

ယနေ့နေ့လည် ၁ နာရီအချိန် တွင် စစ်တွေမြို့ အောင်မြေကုန်း ကျောင်း (စစ်တွေဘောလုံးကွင်းရပ်ကွက်) မှ သံဃာတော်များ စုပေါင်း ၍ ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်ရုံးရှေ့ တွင် အချက် ၅ ချက်ဖြင့် ဆန္ဒဖော် ထုတ်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။ ၁။ မြန်မာနိုင်ငံအတွင်း OIC လုံး ဝအလိုမရှိ
၂။ ရခိုင်ပြည်နယ်အတွင်း OIC လုံးဝအလိုမရှိ
၃။ နှစ်ဖက်စလုံးငြိမ်းချမ်းစွာ နေ ထိုင်နိုင်ရေးအတွက် စစ်တွေမြို့ပေါ် ရှိ အင်ပါလာ (အောင်မင်္ဂလာ) ရပ် ကွက်ကို စစ်တွေမြို့ပြင်သို့ ထုတ်ပေးရန်
၎။ ငြိမ်းချမ်းစွာ နေထိုင်သည့် ဗုဒ္ဓ ဘာသာဝင် လူနည်းစုများကို ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် အပြည့်အဝ တာဝန်ယူကာကွယ်ပေးရန်
၅။ တရားမဝင် ဘင်္ဂါလီကိစ္စနှင့် ပတ်သက်၍ ပြတ်ပြတ်သားသား မိန့်ကြားခဲ့သော နိုင်ငံတော်သမ္မတကြီး အား ထောက်ခံ ပါသည်။
စသော အချက် ၅ ချက်ဖြင့် ဆရာတော် ဦးနန္ဒောဘာသ၊ ဆရာ တော် ဦးပညာဇောတတို့က ဦးဆောင် ကာ သံဃာတော်များ၊ ဒေသခံပြည်သူများက ပိုစတာ ကန်ပိန်းပြုလုပ်ကာ မေတ္တသုတ်ရွတ်ဖတ်၍ စစ်တွေမြို့ ရှိ ပြည်လုံးချမ်းသာ ဘုရားကြီး ဆီသို့ လမ်းလျှောက်ချီတက် ဆန္ဒ ထုတ်ဖော်လျက်ရှိကြောင်း သတင်းရရှိ သည်။
 
From- Messenger News Journal

No comments:

Post a Comment