Thursday, October 11, 2012

ရင်းနှီးမြှုပ်နှံမည့်သူများ နိုင်ငံရေရှည်အကျိုးနှင့် မိမိအကျိုးကြည့်ပြီး စဉ်းစဉ်းစားစားလုပ်သင့်ဟု မြန်မာ့လူထုခေါင်းဆောင်ပြော

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မည့်သူများအနေဖြင့်    မြန်မာနိုင်ငံ တွင် ရေရှည် အကျိုးရော၊ မိမိ၏ရေရှည်အကျိုးရော ကြည့်ကာ စဉ်းစဉ်းစား စားလုပ်သင့်ကြောင်း မြန်မာ့လူ ထုခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည် က အောက်တိုဘာလ ၈ ရက်နေ့တွင် ပြောကြားလိုက်သည်။

၎င်းက အမေရိကန် ခရီးစဉ် သတင်းစာရှင်းလင်းပွဲ တွင် ပြောကြား လိုက်ခြင်းဖြစ်ပြီး ““မြန်မာပြည်မှာ ၀င်ပြီးတော့ ရင်းနှီးမြှုပ်နှံမှု လုပ်ချင်တဲ့သူတွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ ကျွန်မတို့က ရသမျှ ယူမယ်ဆိုပြီးတော့ စိတ်ဓာတ်နဲ့ လုပ်မယ်ဆိုရင် အမှားတွေ လုပ်မိမှာပဲ။ စဉ်းစဉ်းစားစားနဲ့ ယူသင့်တာကိုပဲ ယူရပါမယ်။ ကျွန်မတို့ နိုင်ငံမှာ ရင်းနှီးမြှုပ်နှံသူတွေကလည်း တကယ်ပဲ ကျွန်မတို့နိုင်ငံရဲ့ ရေရှည်အကျိုးရော၊မိမိတို့ရဲ့ အကျိုးရောကြည့်ပြီးတော့ စဉ်းစဉ်းစားစား လုပ်သင့်တာပေါ့။ မပေါင်းသင့်တဲ့သူတွေနဲ့ ပေါင်းပြီးတော့ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ရေရှည်မှာ ကျွန်မတို့နိုင်ငံ အတွက်လည်း အကျိုးမဖြစ်ဘူး။ ရင်းနှီးမြှုပ်နှံသူ တွေအတွက်လည်း အကျိုးမဖြစ် ဘူး””ဟု ပြောသည်။
လတ်တလော မြန်မာနိုင်ငံတွင် တရုတ်၊ အိန္ဒိယ၊ ထိုင်းနှင့် ဂျပန်နိုင်ငံတို့က အများဆုံးရင်းနှီး မြှုပ်နှံ မှုများ ပြုလုပ် လျက်ရှိပြီး အများစုမှာ မြန်မာ့သဘာဝသယံဇာတ ထုတ်လုပ်ရေးနှင့် သဘာဝအရင်းအမြစ်များ အပေါ်တွင် ရင်းနှီးမြှုပ်နှံနေကြခြင်းဖြစ်သည်။
မကြာမီက နေပြည်တော်၌ ကျင်းပသည့် တစ်ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဖိုရမ်တွင် သမ္မတရုံး ပြည်ထောင်စု ၀န်ကြီး  ဦးစိုးသိန်းက သတ္တုတူးဖော်ရေးနှင့် စွမ်းအင်ကဏ္ဍများအတွက် နိုင်ငံတကာ သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းပြောကြားခဲ့သည်။
မကြာမီက စတင်၍ အမေရိကန်နိုင်ငံသည်လည်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု စတင်ပြုလုပ် လျက်ရှိပြီဖြစ် သည်။ ဥရောပနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် ပြင်ဆင်နေကြပြီဖြစ်သည်။

From- Myanmartandawsint Newspaper

No comments:

Post a Comment