Friday, October 12, 2012

အောက်တိုဘာလ ၁၂ ရက်နေ့တွင် စစ်တွေမြို့ရှိ ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်ရုံးရှေ့တွင် ဆန္ဒထုတ်ဖော်မည်

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်ဖြစ်ပေါ်ခဲ့သောအကြမ်းဖက်မှုများနှင့်ပတ်သက်ပြ်ီး ရခိုင်လူငယ်ကွန် ယက်အဖွဲ့နှင့် မရမာကြီးမဟာဗောဓိလူမှုရေးအသင်းတို့မှ ဦးဆောင်ကာ အောက်တိုဘာလ ၁၂ နေ့ တွင် ဆန္ဒထုတ်ဖော် မည်ဖြစ်ကြောင်းသိရှိရပါသည်။ထိုအဖွဲ့များသည် ခွင့်ပြုချက်ကို ၁၀ နေ့ညနေပိုင်းတွင်သာ ရရှိကြောင်းသိရသည်။ မကြာမီက ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဗုဒ္ဓဘာသာလူမျိုးများ၏ အသက်အိုးအိမ်စည်းစိမ်ကိုကာ ကွယ်ပေး ရန် ၊ထို့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှီ ပျက်စီးသွားသောစေတီပုထိုးများ၊ ကျောင်းကန်ဇရပ်များနှင့် သာဿနိက အဆောက်အဦများကို ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများကို ရောက်စွာ အရေး ယူပေးရန်နှင့် ပျက်စီးမှု အားလုံးကို ဘင်္ဂလားဒေ့ရှ်အစိုးရမှ ပေးလျှော်ရန်၊ နှင့် ကုလသမ္မဂ္ဂအဖွဲ့ များသို့ အမြန်ုဆုံး တင်ပြပေးရန် တို့ကိုပါရှိမည်ဖြစ်ပြီး စစ်တွေမြို့ရှိ ဘင်္ဂလားဒေ့ရှ် ကောင် စစ်ဝန်ရုံးရှေ့တွင် သွားရောက် ဆန္ဒဖော်ထုတ် မည်ဖြစ်ကြောင်းလည်း မရမာကြီး လူမှုရေးအဖွဲ့မှ ဦးမောင်နုမှပြောပါသည်။
တီချပ်ဝတ်ထားသော လူအင်အား ၂၀၀ ခန့်ပါဝင်မည်ဖြစ်ပြီး မရမာကြီးအမျိုးသမီးများ သည် ယောဂီ ပုဆိုး(ထဘီ)နှင့်အင်္ကျီအဖြူကိုဝတ်ဆင်ထားမည်ဖြစ်ကြောင်းလည်းသိရှိရပါသည်။ အလားတူ ရခိုင်လူငယ်ကွန်ယက် အဖွဲ့မှလည်း စံပြရွာသို့ ထွက်ခွါလာမည်ဖြစ်ပြီး အဖွဲ့နှစ်ခု ဆုံမည်ဖြစ်ကြောင်း၊ စံပြရွာသုံးခွ ဆုံ(ဟိုတယ်ဆင်းလမ်း) သို့သွားရောက်ကာ ထိုမှတဆင့် ကောင်စစ်ဝန်ရုံးရှေ့သို့ ထွက်ပြီးပြမည်ဖြစ်ကြောင်း လည်းသိရှိရပါသည်။
 From- Rakhine Straight Views

No comments:

Post a Comment