Friday, October 26, 2012

မီဒီယာသမားများသို့  မေတ္တာရပ်ခံခြင်း( သွေးချောင်းစီးစေမည့် အရေးအသားမျိုးကို ရေးသား ထုတ်လွှင့်ခြင်းရပ်တန့် ပါ)



၁- ယခုအချိန်တွင် ရခိုင်ပြည်ဖြစ်စဉ်နှင့် ပတ်သက်၍ ကျွန်တော်က ပြည်ေ ထာင် စုမြန်မာနိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် အား တရားဥပဒေ စိုး မိုးေ ရးကိုေ ရှးရှူပြီး ဥပဒေနှင့်အညီ တိကျစွာ အမြန်ဆုံးဆောင်ရွက်ပေး ပါရန် သမ္မတဦးသိန်းစိန်ထံသို့  အိတ်ဖွင့်ပေးစာ တစောင်ကို ပေးပို့ ခဲ့ ပါ သည် ။


ထို့အတူရခိုင်အမျိုးသမီးအစည်းအရုံးမှလည်း ငြိမ်ဝပ်ပိပြားစေရေးကိုဦးတည်ပြီး ငြိမ်းချမ်းစေရေးအတွက် မေတ္တာရပ် ခံစာ တစောင် ထုတ်ပြန်ခဲ့ ပါသည်။


၂ -  ပြည်ထောင်စုမြန်မာနိုင်ငံ သမ္မတရုံးမှလည်း ကြေညာချက်ထုတ်ပြန်ပြီးနောက်ကွယ်က ကြိုးကိုင်သူများနှင့် လှုံ့ ဆော်ဖန်တီးသူ လူများ -အဖွဲအစည်းများကို ဥပဒေအရထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်းအ သိပေးကြေညာ ချက်ထုတ်ပြန်ထားပါပြီ ။

၃- သို့ ဖြစ်ပါ၍ ရခိုင်ပြည်နယ် ဖြစ်စဉ်များနှင့် ပါတ်သက်ပြီးပဋိပက္ခများကို ဆက်လက်ဖြစ်ပွါးစေအောင် အသံများဖြင့် လွှင့်ထုတ်နေသောမြန်မာပိုင်းအသံလွှင့်ဋ္ဌာနများ ၊ ဂျာနယ်-စာစောင်- ၀ပ်ဆိုက်များမှရေး သားနေကြသော ဗုဒ္ဒဘာသာ တိုင်းရင်းသားလူမျိုးများအား လူမျိုးနှစ်မျိုးအကြား ပို၍သွေးချောင်း စီး ပြသနာများအောင် တို့ မီးရို့မီး မပြုလုပ်ကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည် ။
 
 အဘယ့်ကြောင့်ဆိုသော်-RFA- မှ စက်လှေနှင့်ထွက်ပြေးသူ ကျောက်ဖြူမှ မွတ်ဆလင်လူမျိုးကသူကိုယ်တိုင် မွတ်ဆလင်လူမျိုးအနှေင့် အကြိမ်ကြိမ်ပြောနေသည်ကိုသတင်းထောက်မှ အင်တာဗျူးနေသည့်တိုင် လူမျိုးရေးပဋိ ပက္ခကိုဆက်လက်ဖြစ်ပွါးစေအောင် သွေးချောင်းစီးစေမည့် အရေးအသားမျိုး ကို ရေးသား ထုတ်လွှင့်နေ သည်ကို တွေ့ မြင်နေရပါသည် ။

၎- ယခုအချိန်မှာ ပြဿာနာများကို ဆက်လက်မဖြစ်ပွါးအောင် ထိမ်းသိမ်းပြီးသွေးချောင်းစီးခြင်း ၊ နေအိမ်များ မီးရို့ ခြင်းကို မပြုလုပ်ကြပါရန်မေတ္တာရပ်ခံနေကြရာ ယခုလို အရေးအသားများ ၊ အသံလွှင့်နေခြင်းများ အား နောင်ကိုမပြုလုပ်ကြပါရန် အထူးမေတ္တာရပ်ခံ သတိပေးလိုက်ပါသည် ။
 
ခိုင်အောင်ကျော်
နယူးယောက်
အမေရိကပြည်ထောင်စု

1 comment:

  1. လူလိုနားလည်သူကတော့ လူစကားပြောလေပြီ။
    လူလိုမသိသော မီဒီယာများကတော့ လူစကားကိုနားလည်မည်မထင်။

    ReplyDelete