အေးရှားဝေါကုမ္ပ္ပဏီမှ ကျန်ငွေသန်း(၁)ထောင်ကျော်ကို (၃)လအတွင်း မပေးပါက တိုင်းရင်းသားလုပ်ငန်းရှင်ငယ် ကန်ထရိုက်တာ(၁၀)ဦးက တရားစွဲဆိုမည်ဖြစ်သည်။
တိုင်းရင်းသားလုပ်ငန်းရှင်ငယ်
ကန်ထရိုက်တာ(၁ ၀)ဦးမှာ အေးရှားဝေါလ်အား(၃)လအတွ င်းပေးရန် ရှိသည့်
ငွေအကုန်မပေးဆောင်ပါက တရားစွဲဆိုမည်ဖြစ်ကြောင်း (၈၈)မျိုးဆက် ကျောင်းသား
ကိုယ်စားလှယ်များနှင့် မီဒီယာများအားေ တွ့ဆုံခဲ့သည့် အောက်တိုဘာလ (၉)ရက်နေ့
စီးတီးစတားဟိုတ ယ်သတင်းစာရှင်း ပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
“သုံးလစောင့်မယ်၊ သုံးလအတွင်းမှ မပေးရင် တရားဥပဒေအရ တရားစွဲသွားမှာပါ” ဟုတိုင်းရင်းသားလုပ်ငန်းရှင်ငယ် ကန်ထရိုက်တာ ဦးအောင်မျိုးရှိန်က ပြောသည်။
အေးရှားဝေါကုမ္ပ္ပဏီသည် အသေးစားလုပ်ငန်းရှင်များအား နေပြည်တော်၊ပုဗ္ဗသီရိ၊တောင်ညို၊ကင်းသာ၊မုံရွာနှင့်အခြားမြို့နယ်များတွင်
အခြေခံလိုအပ်ချက်အဆောက်အအုံဖြစ်သည့်စာသင်
ကျောင်းများ၊ဆေးရုံဆေးခန်းများနှင့်ဝန်ကြီးအိမ်ရာများအား
သတ်မှတ်စံချိန်စံညွှန်းများနှင့် အညီ ၂၀၁၁ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း
အေးရှားဝေါလ်ကုမ္ပ္ပဏီအား အပ်နှံခဲ့ကြောင်းသိရှိရသည်။
အေးရှားဝေါကုမ္ပ္ပဏီ၏စာချုပ်ပါသဘောတူညီချက်မှာ လုပ်ငန်းအပ်နှံပြီး(၁)လခွဲအကြာတွင်အပြီးအပြတ် ပေးချေရန်ဖြစ်သော်လည်း ယခုတိုင် အကျေအလည် မရရှိသဖြင့် စောင့်ဆိုင်းကာလမှာ (၁)နှစ်နှင့်(၇)လအထိ ကြာမြင့်ခဲပြီဖြစ်ကြောင်း တိုင်းရင်းသားလုပ်ငန်းရှင်ငယ် ကန်ထရိုက်များထံကသိရှိရသည်။
“စာချုပ်ချုပ်ထားတာက
လုပ်ငန်းအပ်ပြီးလို့ တစ်လခွဲကြာရင် ပိုက်ဆံအပြတ်ချေရမယ်လို့ချုပ်ထားတာ၊
အခုက တစ်နှစ်နှင့်ခုနှစ်လတောင် ကြာနေပြီ၊ ကျွန်တော်တို့လုပ်ငန်းတွေလည်း
ရပ်ထားရတယ်”ဟု တိုင်းရင်းသားလုပ်ငန်းရှင်ငယ် ကန်ထရိုက်တာတစ်ဦးဖြစ်သည့် ဦးဝေဖြိုးက ပြောသည်။
အေးရှာဝေါကုမ္ပ္ပဏီသည် တိုင်းရင်းသားလုပ်ငန်းရှင်ငယ် ကန်ထရိုက်တာ(၁၀)ဦးအား တစ်နှစ်ထပ်မံစောင့်ခိုင်းထားကြောင်းကိုလည်း သိရှိရသည်။
“ဒီကိစ္စက
အရမ်းအရေးကြီးပါတယ်။နိုင်ငံခြားက စီးပွားရေးလုပ်ငန်းရှင်တွေ ၀င်လာတဲ့
အချိန်မှာ ဒီလိုဖြစ်တာ မကောင်းပါဘူး။ ဒီဘက်က
စီးပွားရေးလုပ်ငန်းရှင်ကြီးတွေက အများကြီးပြင်ဆင်ထားရမယ်။ အဓိကကတော့
စီးပွားရေးလုပ်ငန်းရှင်ကြီးတွေရော အသေးတွေရော စီးပွားရေးအကြံပေးရှေ့နေ ငှားရမယ်၊
စာချုပ်ချုပ်တဲ့အချိန်မှာ အရမ်းအရေးကြီးတယ်။ အကိုတို့က
စီးပွားရေးလုပ်ငန်းရှင်ကြီးတွေက လုပ်ငန်းရှင်လေးတွေကို ၀ါးမြိုတာကို
ခွင့်မလွှတ်ပါဘူး’’ဟု (၈၈)မျိုးဆက်ကျောင်းသား ကိုဂျင်မီကပြောသည်။
အေးရှားဝေါလ်ကုမ္ပဏီသည်၂၀၁၁ခုနှစ်ဧပြီလတွင်
ပေးချေရမည်ဆိုသော်လည်း(၄၀)ရာခိုင်နှုန်းသာ
ပေးချေပြီး၂၀၁၂ခုနှစ်သြဂုတ်လတွင်(၆၀)ရာခိုင်နှုန်းသာ ပေးချေထား
ကြောင်းကိုလည်း တိုင်းရင်းသားလုပ်ငန်းရှင်ငယ်ကန်ထရိုက်တာများက ဆိုသည်။
တိုင်းရင်းသား လုပ်ငန်းရှင်ငယ်
ကန်ထရိုက်တာ(၁၀)ဦးသည်အထက်ပါကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးသို့
တိုင်ကြားစာအပေါ် နေပြည်တော်ကောင်စီမှ ဖြေရှင်းရန် ညွှန်ကြား ခဲ့ကြောင်း
ထိုညွှန်ကြား ချက်ဆောင်ရွက်ရာတွင် ကန်ထရိုက်တာများကို ခေါ်ယူဆွေးနွေး
ခြင်းမရှိပဲ အေးရှားဝေါလ် ကုမ္ပဏီမှကိုယ်စားလှယ်များနှင့်သာ ဆွေးနွေးမေးမြန်းခဲ့သည်ဟု တိုင်းရင်းသား လုပ်ငန်းရှင်ငယ်ကန်ထရိုက်တာ(၁၀)ဦးထံက သိရသည်။
From -မြစ်မခ
No comments:
Post a Comment