Saturday, October 13, 2012

ရိုးရိုးပဲနေချင်သည်ဆိုသော သမ္မတကြီး




ယမန်နေ့ညနေပိုင်းတွင် ကြေညာခဲ့သော ငြိမ်းချမ်းရေးနိုဘယ်ဆု နှင့် ပတ်သက်ပြီး သမ္မတရုံး တာဝန်ရှိသူ ဦးဇော်ဌေး က The Voice Weekly သို့ အောက်ပါအတိုင်းမှတ်ချက်ပြု ပြောကြားသည်။

"နိုဗယ်ကြေညာတဲ့ ကိစ္စကို သမ္မတ မသိပါဘူး။ သမ္မတက ၀န်ကြီးတွေ အစည်းအဝေးခန်းထဲရောက်နေပါတယ်။

ဒီမိုကရေစီ လမ်းကြောင်းပေါ်ရောက်ဖို့ ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်နေတာဟာ အဖွဲ့အစည်းတွေ နိုင်ငံတကာက ပေးတဲ့ ဆုတွေ လိုချင်လို့မဟုတ်ပါဘူး။ ပြည်သူဘ၀ တိုးတက်ပြီး ဒီ လမ်းကြောင်း ပေါ်ရောက်စေချင်တဲ့အတွက် ကြိုးစားလုပ်ဆောင်နေတာပါ။

ယခင် အစိုးရ လက်ထက် ၀န်ကြီးချုပ် ဘ၀နဲ့ တာဝန်ထမ်းဆောင်စဉ်က နိုင်ငံတကာ တက္ကသိုလ်အချို့က ဆုတံဆိပ် ချီးမြင့်ဖို့ အကြိမ်ကြိမ်ကမ်းလှမ်းခဲ့ပေမယ့် လက်မခံခဲ့ပါဘူး။

သမ္မတကြီးရဲ့ စိတ်ဆန္ဒကတော့ ရိုးရိုးပဲနေချင်တယ် ထင်ပေါ်ကျော်ကြားတာကို မလိုချင်ပါဘူး။ Short List (ဇကာတင်စာရင်း) ထဲမှာ ပါတာက မြန်မာ သမ္မတကြီးဆောင်ရွက်နေတဲ့ လုပ်ဆောင်ချက်တွေ တိုးတက်ပြောင်းလဲ တိုးတက်မှုတွေ ကနေပြီး ရောင်ပြန်ဟပ်တဲ့ သဘောလို့ ထင်ပါတယ်။

နိုင်ငံတကာ သူရဲ့လုပ်ဆောင်ချက်တွေ အပေါ် ထောက်ခံအားပေးတဲ့ သဘောလို့ မှတ်ယူပါတယ်"

1 comment:

  1. ရိုးရိုးသားသား သူ့ရင်ထဲမှာ ရှိနှင့်နေပြီးသားအတိုင်း အလုပ်လုပ်ပါစေ။နားယောင်တတ်မှုနှင့် ပျော့ပြောင်းလွန်းတဲ့ အပေါ်မှာ စိန်ခေါ်မှုတွေဗန်းပြပြီး မျှော်လင့်ချက် မပေးကြပါနှင့်၊အသားမယူကြပါနှင့်။ပြုပြင်ပြောင်းလဲခြင်းအတွက် ဆု သည်အဖြေမဟုတ်ပါ။ထို့အတူ ပြုပြင်ပြောင်းလဲခြင်းသည်လည်း အဖြေမဖြစ်သေးပါ။ မှန်ကန်စွာရွေးချယ်၍ လက်တွေ့ကျသော ပြုပြင်ပြောင်းလဲခြင်းဖြင့် ရရှိသည့် ခိုင်မာ၍ ရေရှည်ခံသော အကျိုးရလာဒ်သည်သာ အဖြေဖြစ်ပါလိမ့်မည်။ ယင်းအတွက်သာ အဓိကအားစိုက်စေလိုပါသည်။ ၂၀၁၅ အထိသာ မကြည့်ပါနှင့်၊ထိုကာလများအတွင်း ပြည်သူလူထုအပါအဝင် ပြည်တွင်း/ပြည်ပ အားပေးချီးမြှေက် လက်ခုပ်သံများကို ကြားခဲ့၊ကြားဆဲ၊ကြားလတ္တံ့ ဆိုပေမဲ့ ဖန်တီးမှုများ ရှိနေနိုင်သည်။ ရိုးဂုဏ်အခံ ရှိပြီးဖြစ်၍ သတိပြုစေချင်သည်။အဓိကသည် တိုင်းပြည်၊လူမျိုး နှင့် အဖွဲ့အစည်း အပေါ်တွင် အဓွန့်ရှည်မည့် မွေခံကောင်းများ စနစ်ရှိရှိ ချန်ထားနိုင်ရေး ဖြစ်သည်။
    အနီးအနား နှင့် တိုက်ရိုက်ဆက်ဆံခွင့် ရှိသူများလည်း နားလည်နိုင်ကြပါစေ။ Corruption သည် ငွေကြေးဥစ္စာ ရယူလိုမှု သာမက ပါဝါအာဏာလည်း ပါနိုင်ကြောင်း သတိပြုတတ်ကြပါစေ။














































    ReplyDelete