ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို ၀န်းရံနေတဲ့ ပါတီတွေဆိုရင်လည်း အရင်က ကျောခိုင်းနေရာက အခုမျက်နှာချင်းဆိုင် လက်ဆွဲနှုတ်ဆက်လာအောင် ကြိုးစားခဲ့ပြီ။
ကိုရီးယားနိုင်ငံ မှာ ပညာသင်ကြားဖို့ ရောက်ရှိနေတဲ့ သမီးတို့ သားတို့လည်း နိုင်ငံခြားရောက်ရင် ပြီးရော ဆိုတဲ့စိတ် မမွေးပါနဲ့ သူများနိုင်ငံတွေမှာ ဘယ်လိုတွေ ကြိုးစားနေလည်း လေ့လာပါ။ အတုယူပါ။
ကိုရီးယားနိုင်ငံ တိုးတက်နေတာဟာ သူတို့လူမျိုးတွေက ၀ီရိယ ကောင်းတယ်။ ကျောက်တောင်တွေကို တူးဆွပြီး သီးနှံကို နိုင်ငံတော်အတွက် စိုက်ပျိုးတယ်။ တို့နိုင်ငံဟာ သယံဇာတ ဆိုရင်လည်း မထွက်တာ မရှိသလောက်ပဲ။ ရေမြေ ရာသီဥတုလည်း မဆိုးဘူး အဖက်ဖက်က ပြည့်စုံ နေပေမယ့် ဘာကြောင့်ဆင်းရဲနေသလဲ ဆိုတော့ brain လိုနေလို့။ ဒါကြောင့် နည်းပညာတွေ သင်ကြားကြပါ။
သင်ကြားတတ်မြောက်ပြီးရင်လည်း ကိုယ့်နိုင်ငံကို ပြန်လာပါ။ အခုလည်း ခရီးတွေ ဆက်နေတော့ ပင်ပန်းပါတယ်။ တစ်နေ့ကပဲ အမေရိကန်ကို သွားရတယ်။ ဟိုမှာလည်း ကိုယ့်နိုင်ငံ အတွက် စီးပွားရေး အခွင့်အလမ်းတွေအတွက် ဟီလာရီကလင်တန်ကို မျက်နှာချိုသွေးရတယ်။
သူတို့ကလည်း စီးပွားရေးနဲ့ လိုအပ်တဲ့ အကူညီတွေ ပေးနေပါပြီ။ အမေရိကန်ကို ချစ်လွန်းလို့ အားကိုးလွန်းလို့ မဟုတ်ဘူး။ ကိုယ့်နိုင်ငံက နောက်ကျကျန်နေလို့ ၁၀ လှမ်းနဲ့ မမီလို့ အပြေးလိုက်နေရပြီ။ နိုင်ငံခြားက မိတ်ဆွေတွေက မေးတယ် ခင်ဗျားတို့ နိုင်ငံမှာ အလုပ်လက်မဲ့တွေ ဘယ်လို ထမင်းစားလဲ ကျွန်တော် တို့နိုင်ငံမှာတော့ အလုပ်မရှိရင် ထမင်းစားဖို့ မရဘူး တဲ့ ကျွန်တော်တို့နိုင်ငံမှာ အလုပ်လက်မဲ့တွေတော့ ရှိတယ် ဒါပေမဲ့ ထမင်းမငတ်ဘူး လို့ပြောတော့ အံ့သြသွားတယ်။ ဟုတ်တယ်လေ စားစရာ မရှိရင် ဘယ်ဘုန်းကြီးကျောင်းတက်စားစား ရတယ်။
အလှုရှင်တွေကလည်း နေ့တိုင်းရှိတယ်။ ဒါကြောင့် နည်းပညာလိုနေတဲ့ အတွက် စာကိုကြိးစားသင် ယူကြပါ။ နောင်ကျရင် နိုင်ငံတော်အနာဂတ်က မင်းတို့လူငယ်တွေ လက်ထဲ လွှဲခဲ့ရမှာပဲ။ တို့က အသက်ကြီးပြီ။”
သမတ္တကြီးကခုလိုတွေ.ပြီးမိန်.ခွန်းချွှေနေတာကောင်းပါတယ်။ မန္တလေးနည်းပညာတက္ကသိုလ် (ပုသိမ်ကြီး) ယခင် စက်မှုတက္ကသိုလ်မှာတော့ ဆရာမတွေအိမ်ယာမှာ ပြီးခဲ့တဲ့ ကြာသာပတေးနေ.ကမနက်ခင်းဆယ်နာရီလောက် ဓါးနဲ.ထောက်ပြီးအလုခံရလို. အားလုံးကျီးလန်.စာစားဖြစ်နေရတယ်။ ဖြစ်နိုင်ရင် ဆရာ၊ ဆရာမ မိသားစုအိမ်ယာတွေကို စနစ်တကျ လုပ်ပေးစောင့်ရှောင့်ထားသင့်တယ်။ သူခိုးပြေးမှ လုံခြုံရေးတွေလာချသတဲ့ ကြိုးလုပ်ပေးထားသင့်တာ ကျောင်းဝန်းအကျယ်ကြီးကို မစောင့်ရှောက်ပဲ ပစ်စလတ်ခတ်ထားတာကတော့ မကောင်းပါဘူး။ အဲဒီကျောင်းမှာ COEကလဲဖွင့်ဦးမယ် မိဘတွေအနေနဲ. ဘယ်လို စိတ်ချရမလဲ။
ReplyDelete