Monday, October 15, 2012

လာမည့်မနက်ဖြန် ၁၆ ရက်နေ့တွင် ကော့သောင်းမြို့ခံများက ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံအား ကန့်ကွက်ဆန္ဒပြမည့်ပွဲ ကျင်းပမည်



ခွင့်ပြုချက်ရရှိထားသော လူအင်အား ၅၀ ဖြင့် အောက်တိုဘာ ၁၆ ရက် တွင် ကော့သောင်းမြို့ ၌ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ အား ကန့်ကွက်ဆန္ဒပြမည့်ပွဲ ကျင်းပမည်ဟု ကော့သောင်း မြို့ခံ များမှ သတင်းရရှိသည်။ကော့သောင်းမြို့ရှိ ရပ်ကွက် ၁၀ ရပ်ကွက်သို့ ဖြတ်သန်း သွားလာ၍ ဆန္ဒဖော် ထုတ်ခွင့် ရရှိခဲ့ပြီး လုံခြုံရေးအင်အား ၅၀ က လိုက်ပါေ စာင့်ရှောက်ေ ပးမည် ဟု ကော့သောင်းမြို့ရဲစခန်းက အတည်ပြု ပြောကြား သည်။



ဆန္ဒပြပွဲကို နံနက် ၉ နာရီမှ ၁၁ နာရီအထိ ခွင့်ပြုထားပြီး ၁၂ နာရီမတိုင်ခင် လူစုခွဲရန် ကြိုတင်မှာကြား ခွင့်ပြုထားခြင်းဖြစ်ကြောင်း၊ ဆန္ဒပြပွဲ စတင်နေရာ မှ ရွှေပြည်သာရပ်ကွက် ဂန္တ၀င်လမ်းမှ ကော့သောင်းတစ်မြို့လုံးကို စီတန်း လှည့်လည် ဆန္ဒပြမည်ဖြစ်ကြောင်း ယခင်က လူအင်အား ငါးသောင်းဖြင့် ဆန္ဒပြရန် တောင်းဆိုမှုကို လုံခြုံရေးအင်အား မလုံလောက်သောကြောင့် ခွင့်မပြုခဲ့ဘဲ လူအင်အား ၅၀ သို့ လျှော့ချလိုက်ရခြင်းဖြစ်ကြောင်း၊ လူအင်အား ၅၀ ခွင့်ပြုလိုက်သော်လည်း အမှန်တကယ် ကွန့်ကွက်သည်မှာ တစ်မြို့လုံး နီးပါးရှိကြောင်း ဆန္ဒပြပွဲတွင် ပါဝင်မည့် ကော့သောင်း မြို့ခံတစ်ဦးကပြောသည်။
  

No comments:

Post a Comment