(၄.၁၀.၂၀၁၂)နေ့ထုတ်
Hot News ဂျာနယ်မျက်နှာဖုံးပါ ရင်ခုန်ခဲ့ကြသူများဆောင်းပါးနှင့် ပတ်သက်၍
အဓိက သက်ဆိုင်သူ (ဒေါ်အောင်ဆန်းစုကြည်စကား အရ စစ်ဗိုလ် Captain လေးတစ်
ဦးအနေနဲ့ ဆောင်းပါးရှင်အောင် မြင်သူသိစေချင်လို့ပါ။ဒီအကြောင်း အရာဟာ
၁၉၉၀ပြည့်နှစ်ရွေး ကောက်ပွဲမတိုင်ခင် ကာလက ဆိုတော့ နှစ်ပေါင်း(၂၂)နှစ်ကျော်
ကြာခဲ့ပါပြီ။စာရေးဆရာကြီး မောင်သာရ စကားငှားပြောရရင် ငါတို့ဘက်ကကြည့်တော့
သူရဲ ကောင်း၊သူတို့ဘက်ကကြည့်တော့ သစ္စာဖောက်ဆိုတဲ့ စကားအတိုင်း
လောကဓံရှစ်ပါးထဲက ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်းဆိုတဲ့ တရားတွေပါပဲ။
အဲဒီတုန်းက ဖြစ်စဉ်ကိုချီးမွမ်း ခဲ့ကြသူတွေရှိသလိုကဲ့ရဲ့ခဲ့ကြသူ
တွေလည်းရှိခဲ့ကြမှာပါ။ဆောင်းပါးရှင် အောင်မြင်သူက ဗိုလ်မှူးတင်ဖေ အေးကို
နောင်တော်ကြီးလို့သုံး နှုန်းထားတာကြည့်ခြင်းအားဖြင့်
တပ်မတော်သားအရာရှိတစ်ဦး ဖြစ်နေမလားလို့တွေးထင်မိပါ သည်။
တပ်မတော်အရာရှိတွေ သာ ညီနောင်အသုံးနှုန်းကိုသုံးလေ့ ရှိလို့ပါ၊ကျွန်တော်ဟာ
၁၉၈၃ခုနှစ် မှ တပ်မတော်အရာရှိဖြစ်တာဆို တော့ ဆောင်းပါးရှင်ဟာ ကျွန်တော်ထက်
(Senior) ၀ါရင့် မယ်လို့ ထင်တဲ့အတွက် နောင်ကို နောင်တော်ကြီးလို့ပဲ
သုံးပါတော့ မယ်။ကောင်းပါပြီ နောင်တော် ကြီးခင်ဗျာ။အဲဒီဓနုဖြူဖြစ်စဉ်ဖြစ်
တဲ့အချိန်မှာ နောင်တော်ကြီး လည်း တပ်မတော်ထဲမှာရှိနေမယ် ထင်ပါတယ်။ဒါဆို
နောင်တော် ကြီးအနေနဲ့ အဲဒီအချိန်က ချီးမွမ်း သူလား၊ကဲ့ရဲ့သူလားဆိုတာအခု
ချိန်မှာ အမှန်အတိုင်းဖြေရဲပါသ လား။မိမိကိုယ်မိမိအသိဆုံးနေမှာ
ပါ။အဲဒီဓနုဖြူ ဖြစ်စဉ်ကိုပြည်တွင်း ပြည်ပ မီဒီယာတွေ၊ရုပ်သံတွေမှာ
လိုတာထက် ပိုမိုချဲ့ကားဖော်ပြ ထားတာတွေကို မြင်ရ၊ကြားရ၊
ဖတ်ရသိရပါတယ်။ကိုယ်တိုင်က လည်းစာရေးခြင်းအတတ်ပညာမ
ကျွမ်းကျင်တာရယ်။ပြီးခဲ့တာတွေ လည်းပြီးခဲ့ပြီမို့ နှုတ်ဆိတ်နေပေမဲ့
““ဒေါ်အောင်ဆန်းစုကြည်စကားနဲ့ ပြောရရင် မြန်မာနိုင်ငံက နည်း
နည်းအာဏာရှိတဲ့သူ၊သြဇာရှိတဲ့ သူဆိုရင် မျက်နှာလုပ်ချင်ကြတယ်
ရှက်ဖို့ကောင်းတယ်””ဆိုတဲ့ စကား အတိုင်း ဒေါ်အောင်ဆန်းစုကြည် လည်း
ပြည်သူလွှတ်တော် ကိုယ် စားလှယ်ဖြစ်လာတရားဥပဒေစိုး
မိုးရေးနှင့်တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌလည်းဖြစ်လာရော
နောင်တော်ကြီးက ကျွန်တော်ကို ဂဠုန်ဦးစောနှင့်နှိုင်းလာပါရော
လား။အဲဒါကိုအသည်းနာလှပါ တယ်ဗျာ။ဒီမှာနောင်တော်ကြီး
ခင်ဗျာ။အဲဒီကာလ၊အဲဒီအချိန်၊ အဲဒီအစိုးရ ထုတ်ပြန်ထားတဲ့ ဥပဒေက လမ်းမပေါ်မှာ
လူငါး ယောက်ထက်ပိုပြီးတန်းစီမလျှောက် ရဘူး။အခုဟာက လူငါးထောင်မက
ဘူး။ဒါကြောင့် တာဝန်အရ တား တယ်။အထက်ကပေးအပ်တဲ့အမိန့် ကို
ကျေပွန်စွာထမ်းဆောင်တယ်။ ဒါမှားသလား။နောင်တော်ကြီးဆိုရင်ရော ဘယ်လိုဆုံးဖြတ်မလဲ ဂဠုန်ဦးစော ဆိုတာ နိုင်ငံလွတ်လပ်ရေးအတွက် ဆွေးနွေးတိုင်ပင်နေကြတဲ့ ခေါင်း ဆောင်ကြီးတွေကို ရပ်စက်ယုတ် မာစွာ လုပ်ကြံသတ်ဖြတ်ခဲ့သူ။ အဲဒီသူနဲ့ တည်ဆဲဥပဒေတစ်ရပ် ကို ချိုးဖောက်နေတဲ့လူတစ်အုပ် ကိုတားမြစ်ခဲ့သူ။တူနိုင်ရိုးလားဗျာ။ နောင်တော်ကြီးကို ဗိုလ်မှူးတင် ဖေအေးက ““ဂဠုန်ဦးစောလိုမဖြစ် စေချင်လို့ပါ””လို့ပြောခဲ့တယ်နော် သက်သေရှိပါသလား။ အဲဒီလို မပြောခဲ့ဘူးဆိုတာ ဗိုလ်မှူးမောင် ထွန်း(ငြိမ်း)၊ဦးအုံးမောင်စည်း(ခ ရိုင်တွေအုပ်ငြိမ်း)တို့ ကျွန်တော့် ဘက်မှာ သက်သေအခိုင်အမာရှိ ပါတယ်။နောင်တော်ကြီးသိအောင် ထပ်ပြောရအုံးမယ်။အဲဒီဖြစ်စဉ် အတွက် ကျွန်တော်ဟာ နောင်တ ရခဲ့ခြင်းမရှိသလို၊နောင်ကိုလည်း နောင်တဆိုတာရှိလာမှာမဟုတ်ပါ ဘူး။ဒီလိုပြောခြင်းအားဖြင့် ကျွန်တော်ဟာ ဒေါ်အောင်ဆန်း စုကြည်အပေါ်မလိုမုန်းထားလို့ မ ဟုတ်ပါဘူး။ချစ်ခြင်း၊မုန်းခြင်း မဲ့စွာ တစ်နည်းအားဖြင့် အဂတိတရား ကင်းစွာဖြင့် ကိုယ်တာဝန်ကို ထမ်း ဆောင်ခဲ့တာပါ။အဲဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့သူ့ပါတီ မဟုတ်ဘဲအခြားသူတစ်ဦး၊အခြား ပါတီတစ်ခုဆိုလည်း ဒီအတိုင်းပဲ ဆောင်ရွက်မှာဖြစ်တယ်ဆိုတာ နောင်တော်ကြီးသိစေလိုပါတယ်။ ကိုယ်လုပ်ရပ်အပေါ်ကိုယ့်ဘာသာ လိပ်ပြာသန့်ပါတယ်။(၁၉၉၀ ပြည့် နှစ်ဓနုဖြူဖြစ်စဉ်နဲ့ပတ်သက်တဲ့ ဖြစ်ရပ်မှန်အကြောင်းအရာအသေး စိတ်ကို နောင်အလျဉ်းသင့်လျှင် ရေးသားပါဦးမယ်။နောင်တော်ကြီး စိတ်ဝင်စားရင်စောင့်ဖတ်ကြည့်ပါ)။ နောက်ဆုံးပြောလိုတာက သစ္စာ လေးချက်ထဲက ဒုတိယအချက် ဖြစ်တဲ့ ““ကျဆုံးလေပြီးသော တပ် မတော်သားအပေါင်းတို့၏ သစ္စာ ကို စောင့်သိရိုသေပါမည်””လို့ ကျွန်တော်တို့သစ္စာဆိုခဲ့ကြတယ် နော်။ကွယ်လွန်သွားပြီဖြစ်တဲ့ ဗိုလ် မှူးတင်ဖေအေး မပြောတဲ့စကား ကို နောင်တော်ကြီးအနေနှင့် ၂၀၁၅ ကိုမျှော်ပြီး သစ္စာမဲ့လေပြီ လားဗျာ။ဗိုလ်မှူးတင်ဖေအေးပြော ခဲ့တယ်ဆိုရင်တော့ ဘယ်အချိန်၊ ဘယ်နေရာ၊ဘယ်အကြောင်းနှင့် ဘယ်သူတွေရှေ့မှာပြောတယ်ဆို တဲ့အကြောင်းတော့ သက်သေ အခိုင်အမာပြဖို့တော့ လိုပါလိမ့် မယ်။နိုင်ငံတော် သစ္စာဖောက်တစ် ဦးနှင့်ခိုင်းနှိုင်းပြောဆိုခြင်းသည် ဥပဒေအကြောင်းအရ မည်သို့ရှိ သည်ကို ကျွန်တော်မသိပါ ပညာ ရှင်များနှင့် ညှိနှိုင်းတိုင်ပင်ရပါဦး မည်။ လိုအပ်ပါက နောင်တော် ကြီးကို တရားစွဲဆိုပါမည်။
စစ်ဗိုလ် Captain လေး
From-HotNewsJournal
No comments:
Post a Comment