Monday, October 8, 2012

နာတာရှည်ရောဂါ အန္တရာယ် ဘန်ကောက်ဆေးရုံ ဒေါက်တာ သတိပေး


ရန်ကုန် (မဇ္ဈိမ) ။         ။ ဆီးချိုနှင့် သွေးတိုးရောဂါ ဖြစ်ပွားမှုသည် ဆင်းရဲသော နိုင်ငံများနှင့် အလယ်အလတ် ချမ်းသာသော နိုင်ငံများတွင် အဖြစ်အများဆုံး ရောဂါဖြစ်သည့်အတွက် အထူး ဂရုစိုက်ရမည့် ရောဂါ ဖြစ်ကြောင်း ဘန်ကောက် ဆေးရုံကြီး၏ ဒါရိုက်တာ ဒေါက်တာ အဒ် လောပရာယွန် Dr. Ead Lorprayoon က ပြောဆိုလိုက် သည်။


အောက်တိုဘာ ၆ ရက်နေ့က ရန်ကုန်မြို့၊ ဆီဒိုနားဟိုတယ်တွင် ပြုလုပ်သော ဘန်ကောက် ဆေးရုံ မြန်မာပြည် ရုံးခွဲ ၁ဝ နှစ်ပြည့် အခမ်းအနားတွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။

“ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) စစ်တမ်းအရဆိုရင် ဆင်းရဲတဲ့ နိုင်ငံတွေနဲ့ အလယ်အလတ်အဆင့်ရှိ နိုင်ငံတွေ မှာ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ ဆီးချို ရောဂါတွေနဲ့ သေဆုံးသူအရေအတွက်က ၈ဝ ရာခိုင်နှုန်းလောက် ရှိပြီး
နှလုံးသွေးကြောပိတ် ရောဂါကြောင့် သေဆုံးသူ ၉ဝ ရာခိုင်နှုန်း ရှိပါတယ်” ဟု ဒေါက်တာ အက်လောပရာယွန်က ဆိုသည်။

ထို့အပြင် ကင်ဆာရောဂါကြောင့် သေဆုံးသူများသည် စုစုပေါင်း သေဆုံးသူ အရေအတွက်၏ သုံးပုံ နှစ်ပုံ ရှိသည်ဟုလည်း ၎င်းက ပြောသည်။

“ကိုယ်လက်လှုပ်ရှားမှု နည်းတဲ့ မိန်းကလေးတွေမှာတော့ နှလုံး သွေးကြောဆိုင်ရာ ရောဂါတွေ အဖြစ်များသလို ရင်သားကင်ဆာ ဖြစ်နိုင်ခြေလည်း ပိုများပါတယ်” ဟု ဆိုသည်။

ကိုယ်လက် လှုပ်ရှားမှုနည်းသော အလုပ်လုပ်ကိုင်သူများသည် အလုပ်သွား အလုပ်ပြန်ချိန်များတွင် လမ်းလျှောက် သည့် အလေ့အကျင့်ကို တတ်နိုင်သလောက် ပြုလုပ်ခြင်းဖြင့် ရောဂါဖြစ်ပွားမှုများကို လျှော့ချနိုင်လိမ့်မည်ဟုလည်း ၎င်းကဆိုသည်။

လေ့လာမှုအရ ကားမောင်သူများသည် ငွေလိုက်ကောက်ခံသူများထက် နှလုံးနဲ့ဆိုင်တဲ့ ရောဂါများ သုံးပုံ နှစ်ပုံ
လောက်ပိုမို သေဆုံးမှုများသည်ကို တွေ့ရှိကြောင်းလည်း

“နေ့စဉ် စားဝတ်နေရေးအတွက် လုပ်ငန်းကိုယ်စီလုပ်နေရသူများထဲကနေ ကိုယ်လက် လှုပ်ရှားမှုနဲ့ ပတ်သတ်ပြီး လူအုပ်စုနှစ်ဦးကို ကျနော်တို့ လေ့လာထားတဲ့ ကားမောင်းသူ နဲ့ ငွေလိုက်ကောက်သူ စပယ်ယာတွေကို လေ့လာခဲ့ရာ ကားမောင်းသူတွေက ကိုယ်လက်လှုပ်ရှားမှု မရှိတာကြောင့် သေဆုံးနှုန်း ပိုများတာကို တွေ့ရပါတယ်” ဟုလည်း ဆိုသည်။

နေ့စဉ် လေ့ကျင့်ခန်းများကို ပုံမှန်လုပ်ဆောင်ခြင်းသည် ကျန်းမာရေးအတွက် ရင်းနှီုးမြုပ်နှံမှု ဖြစ်သလို ရောင်စုံ သစ်သီးနှင့် ဟင်းသီးဟင်းရွက်များကို နေ့စဉ် စားသုံးခြင်းသည်လည်း ကျန်းမာရေးကို အထောက်အကူ ဖြစ်စေမှာ
ဖြစ်ပြီး အချိုပါသော သွားရေစာများနှင့် ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ခြင်း တို့သည်လည်း ကျန်းမာရေးကို
စောင့်ရှောက်ရာ ရောက်သည် ဟု ၎င်းကပြောသည်။

“မြန်မာလူမျိုးတွေကို ကြည့်ရင် အတော်များများမှာ ကျနော်တို့နိုင်ငံက လူတွေထက် အတော်ကို ဝနေတာကို
တွေ့ရပါတယ်။ မြန်မာလူမျိုးများတွေက ဝလိုလှလို့ ဆိုတဲ့စကားမျိုးကို လက်စွဲအနေနဲ့ သုံးနှုန်းကြတာကိုလည်း
တွေ့ရပါတယ်။ ကျနော်ကတော့ ဝတယ်လို့ပြောရင် စိတ်တောင်ဆိုးပါတယ်” ဟု ဘန်ကောက်ဆေးရုံ ဒါရိုက်တာ
ဒေါက်တာ အက်လောပရာယွန် က ပြောဆိုသွားသည်။

No comments:

Post a Comment