Friday, October 12, 2012

ညမထွက်ရ အမိန့်ကို ဖြေလျှော့သော်လည်း လုံခြုံရေး အခြေအနေ ဒေသခံများ စိုးရိမ်

ဒေသတွင်း ပဋိက္ခ ဖြစ်ပွားမှုများကြောင့် ဇွန်လ အတွင်းမှ စ၍ ရခိုင်ပြည်နယ် ၇မြို့နယ် အတွင်း ည ၆ နာရီမှ နံနက် ၆နာရီ အထိ ထုတ်ပြန်ခဲ့သော ညမထွက်ရအမိန့်ပုဒ်မ ၁၄၄ ကို အောက်တိုဘာလ ဒုတိယ အပတ်မှ စတင်ကာ ည ၁ဝ နာရီမှ နံနက် ၄ နာရီ အထိ၆နာရီ ဖြေလျှော့ ခဲ့သော်လည်း လက်ရှိ လုံခြုံရေး အခြေအနေ ကို ဒေသခံ များမှာ စိုးရိမ် နေကြဆဲ ဖြစ်ကြောင်း ယင်းဒေသခံများ ထံမှ သိရှိ ရသည်။
"အဲဒီ အချိန်မှာ ဘယ်သူမှ အပြင်ထွက် ရဲတာမဟုတ်ဘူး"ဟု မောင်တောမြို့နယ်၌ညမထွက်ရ အမိန့်ပုဒ်မ ၁၄၄ ကို ည ၁ဝ နာရီမှ နံနက် ၄ နာရီထိ လျှော့ချ ခဲ့သော်လည်းလုံခြုံရေး အခြေအနေကို စိတ်မချ ရသဖြင့် ယင်းအချိန်အပြင် ထွက်သွားမည့်သူ မရှိကြောင်း မောင်တောမြို့ အမျိုးသား ဖောင်ဒေးရှင်းမှအဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

ဒေသတွင်း ပဋိပက္ခ ဖြစ်မှုများ ပြန်လည် တည်ငြိမ်လာပြီဟု ဆိုကာ ညမထွက်ရ အမိန့်ကိုေ မာင်တောမြို့နယ်နှင့် ဘူးသီးတောင် မြို့နယ်တို့တွင် အောက်တိုဘာလ ၈ရက်နေ့က ယခင်ည ၆ နာရီမှ ၁ဝ နာရီသို့ လျှော့ ချခဲ့ပြီး နံနက် ၆ နာရီမှ ၄ နာရီ အထိလျှော့ချ ခဲ့ကြောင်း ယင်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံး ထံမှ သိရှိရသည်။

အလားတူ စစ်တွေ မြို့နယ်တွင်လည်း ညမထွက်ရ အမိန့်ကို အောက်တိုဘာလ ၁ဝရက်နေ့တွင် ည ၆ နာရီမှ ၁ဝ နာရီသို့ လျှော့ချခဲ့ပြီး နံနက် ၆နာရီမှ၎ နာရီထိ လျှော့ချခဲ့သော်လည်း စစ်တွေမြို့၏ လက်ရှိ အခြေအနေ အရ ယင်းအချိန်တွင်အပြင်သို့ မည်သူမျှ မထွက်ရဲကြောင်း စစ်တွေမြို့ ဒေသခံ များက ဆိုသည်။

"ဒီလောက် ဆန္ဒပြပြီး ဆူပူနေတဲ့ ကြားထဲ ဘယ်သူက အပြင်ထွက်သွား ရဲမှာလဲ"ဟု လက်ရှိ စစ်တွေမြို့ တွင် ဖြစ်ပေါ်နေသော OIC နှင့် ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံး တို့ကို ဒေသခံ သံဃာတော်များ၊ အမျိုးသမီး များနှင့် မြို့မိမြို့ဖများ စုပေါင်း ဆန္ဒပြ နေသည့် အခြေအနေနှင့် ပတ်သက်၍ စစ်တွေ ဝံလက် ဒေသ ဖွံဖြိုးရေး ဖောင်ဒေးရှင်းမှ တာဝန် ရှိသူ တစ်ဦးက ပြောကြားသည်။

အလားတူ ယင်းညမထွက်ရ အမိန့်ကို ကျောက်ဖြူမြို့နှင့် သံတွဲမြို့နယ် တို့တွင်လည်းလျှော့ချ လိုက်ပြီ ဖြစ်ကြောင်း ယင်းဒေသခံများ ၏ ပြောကြားချက် အရ သိရှိရသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ဆူပူ အကြမ်းဖက်မှုများကြောင့် ညမထွက်ရ အမိန့် ပုဒ်မ(၁၄၄)ကို ဇွန်လမှ စ၍ ရခိုင်ပြည် နယ်၏ မြို့တော် စစ်တွေမြို့ အပါအဝင်၊ ကျောက်တော်၊ ဘူသီးတောင်၊ မောင်တော်၊ သံတွဲ၊ ကျောက်ဖြူ၊ ရမ်းဗြဲ စသည့် ခုနစ်မြို့နယ် အတွင်း ထုတ်ပြန် ခဲ့သည်။
 
From- The Voice Weekly

No comments:

Post a Comment