Thursday, October 11, 2012

ပြောင်ပြောင်တင်းတင်းလူ့အခွင့်အရေးချိုးဖောက်နေမှု

KIA တပ်မဟာ(၅) မှ ဗိုလ်မှူး ခေါင်လွန်းမှ ခေါင်းဆောင်ပြီး KIA တပ်သား (၂၀) ဦးခန့် သည် အောက်တိုဘာ (၉) ရက်နေ့လည်ပိုင်းတွင် မြစ်ဆုံ အရှေ့ဘက် မေခမြစ်ကမ်းဘေးရှိ သဲဝိုင် အနီးတစ်ဝိုက်ရှိ တောင်ယာ လုပ်ကိုင်နေသူများနှင့် ရွှေကျင်နေသူများမှ စုစုပေါင်း(၂၁) ဦး အား လူသစ်အဖြစ်ဖမ်းဆီးသွားပြီး ထိုဖမ်းဆီးသွားသူများတွင် အမျိုးသမီး (၅) ဦးပါဝင်ကြောင်းသိရသည်။
ထိုသို့ အတင်းအဓမ္မလူသစ်အဖြစ်ဖမ်းဆီးနေရခြင်းမှာ KIA တပ်မဟာများအား လိုင်ဇာဌာနချုပ်မှ တစ်လလျှင် တစ်မဟာတစ်ခုအတွက် လူသစ် (၂၅၀) ယောက်အား ရသည့်နည်းဖြင့် ရှာဖွေသင်တန်းပေးရန်ညွှန်ကြား ထားသောကြောင့်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် KIA တပ်များသည် လူသစ်ရရှိရေးအတွက် ရွာအလိုက်ခွဲတမ်းတောင်းခံခြင်း၊ တောင်ယာတဲများ၊ ရာဘာခြံများ ၊ ကျေးရွာများနှင့် မြို့အစွန်များတွင် ၀င်ရောက်ဖမ်းဆီးခြင်းများဆောင်ရွက်နေရခြင်း ဖြစ်ကြောင်းသိရသည်။
 
From- ကချင်နေ့စဉ်သတင်း

No comments:

Post a Comment