Sunday, October 28, 2012

ကျောက်တော်မြို့အဓိကရုဏ်းအတွင်း ကျဆုံးသူ ရခိုင်(၂)ဦးအား သဂြိုလ်ပြီးစီး၊ ဒေသခံ တစ်သောင်းကျော် လိုက်လံပို့ဆောင်


http://arakantimes.net/burmese/images/KyaukTaw_Arthupha4.JPG

ကျောက်တော်မြို့တွင် အောက်တိုဘာလ (၂၅)ရက်နေ့က ဖြစ်ပွားခဲ့သော အဓိကရုဏ်းအတွင်း သေဆုံးသွားသော ရခိုင်အမျိုးသား(၂)ဦးအား မြို့ပေါ်မှဒေသခံလူအင်အား (၁၀၀၀၀)ကျော်ခန့်က အောက်တိုဘာလ (၂၆)ရက်နေ့ နေ့လည် (၂)နာရီတွင် လိုက်လံပို့ဆောင် သင်္ဂြိုလ်ခဲ့ကြောင်း သတင်းရရှိသည်။


အဆိုပါ သေဆုံးသူနှစ်ဦးမှာ ကျောက်တော် မြို့နယ်၊ ပြည်တော်သာကျေးရွာမှ အဘ ဦးမောင်ဦးဖြူ၏သား ဦးကျော်သိန်း (၃၇)နှစ်နှင့် အဘ ဦးမောင်ကျော်၏သား ဦးဇော်ဝင်း (၃၈)နှစ်တို့ဖြစ်ပြီး ကျောက်တော်မြို့၊ ညောင်ပင်ကြီးကျေးရွာ ဘင်္ဂလီ-ရခိုင် အဓိကရုဏ်းအတွင်း ကျဆုံးသွားခဲ့ကြသူများဖြစ်သည်။ သင်္ဂြိုလ်ရန် လိုက်ပါလာကြသော ဒေသခံပြည်သူများမှာ လက်ထဲတွင် တပ်မတော်သားများအား သတိပေးသည့် ပိုစတာများကို ကိုင်ဆောင်ထားခဲ့ကြကြောင်း သိရှိရသည်။

အသုဘပို့ဆောင်သူ ဒေသခံတစ်ဦးက " အသုဘ ပို့ဆောင်သူတွေရဲ့လက်ထဲမှာ တပ်မတော်သည် အမိ၊ တပ်မတော်သည် အဖ၊ တပ်မတော်သည် ပြည်သူအပေါ် ဘယ်တော့မှ သစ္စာမဖောက်၊ တပ်မတော်သည် အမျိုးသာရေးကို ဘယ်တော့မှ သစ္စာမဖောက်၊ ဘယ်သူခွဲခွဲ ဒို့မကွဲ အမြဲစည်းရုံးမည်၊ တပ်မတော်သည် အမျိုးသားရေး အတွက် .................? စတဲ့ စာတန်းတွေ ကိုင်ဆောင်ပြီးတော့ လိုက်ပါပို့ဆောင်ခဲ့ကြပါတယ် " ဟု ယခုကဲ့သို့ ပြောပြခဲ့သည်။

အောက်တိုဘာလ(၂၅)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကျောက်တော် အဓိကရုဏ်းအတွင်း သေဆုံးသူ(၈)ဦးနှင့် ဒဏ်ရာရသူ(၁၅)ဦး ရှိသွားပြီဖြစ်ကြောင့်လည်း သိရှိရသည်။

KyaukTaw Arthupha6KyaukTaw Arthupha7

KyaukTaw Arthupha3KyaukTaw Arthupha4


No comments:

Post a Comment