Friday, October 12, 2012

ဒီမိုကရေစီစနစ်အားနည်းနေသေးသောကြောင့် ကျေးရွာကြီးကြပ်ရေးမှူးရွေးချယ်ပွဲတွင် အခက်အခဲဖြစ်နေ

လှိုင်သာယာမြို့နယ် ညောင်ကျေးရွာအုပ်စု ညောင်ရွာ တွင် ကျေးရွာ အုပ်ချုပ်ရေးမှူး ခန့်ရန်အတွက် ကျေးရွာကြီးကြပ်ရေးအဖွဲ့ရွေးချယ်ရာတွင် ဒီမိုကရေစီကျကျရွေးချယ်တင်မြောက်ပြီးဖြစ်သော်လည်း အထက်က ဖိအားပေး မှုကြောင့်တက်ရောက်လာသည့် ဒေသခံ ၁ထောင်ကျော်က ကန့်ကွက် ခဲ့ကြောင်း သိရှိရသည်။ ၁၇.၉.၂၀၁၂ ရက်နေ့က ပြီးဆုံး
သွားပြီ ဖြစ်သော အုပ်ချုပ်ရေးမှူးခန့်ရန်အတွက် ကြီးကြပ်ရေးမှူး အဖွဲ့ ရွေးချယ် ရာ   တွင် ပြည်သူလူထုက တခဲနက် ထောက်ခံ အတည်ြ ပုပြီး ဖြစ်သော ညောင်ရွာ တွင် ထပ်မံ၍ ၅.၁၀.၂၀၁၂ နေ့က ရွေးကောက်တင်မြောက်မည့် အကြောင်းကြားလာသည့်အတွက် ၁၁.၁၀.၂၀၁၂ နေ့တွင် ၁၁နာရီ ၁၅ မိနစ်တွင် အစည်းအဝေးကျင်းပခဲ့ပါသည်။၎င်း အစည်းအဝေးပွဲ၌ ယခင်တင်မြောက်ပြီးဖြစ်သော ဦးတင်လှိုင် ၊ ဦးစိုးမြင့်လေး ၊ ဦးညွှန့်ရင် ၊ ဦးမြသိန်း ၊ ဦးအေးမြင့်တို့အား မြို့နယ် ဒုဦးစီးမှုးနှင့်တကွ အဖွဲ့ဝင်များက အကြောင်းအမျိုးမျိုးပြကာ ပြန်လည်ရွေးကောက်တင်မြှောက်ရမည်ဟု အတည်ပြု လာသောကြောင့် ယခင် ဒီမိုကရေစီကျကျ ရွေးကောက်တင်မြှောက်ပြီး ဖြစ်ကြောင်း ထပ်မံ၍ မရွေးချယ်လိုကြောင်း တက်ရောက်လာတဲ့ပြည်သူလူထု တစ်ထောင်ကျော်ကနေ ကန့်ကွက်ခဲ့ကြပါသည်။ အဆိုပါ ကိစ္စ နှင့် ပတ်သက်၍ ဒုဦးစီးမှူးအဖွဲ့ အားမေးမြန်းကြည့်ရာ “ဒီရွေးကောက်တင်ခံရတဲ့ အဖွဲ့တွေထဲ မှာ ထောင်ကျပြီးသားပုဂ္ဂိုလ်တွေ ပါနေသောကြောင့်  ဒီညောင်ရွာတွင် အုပ်ချုပ်မယ့်သူ ထောင်မကျ ဘူးတဲ့သူမရှိဘူးလား ၊ ဘာလို့လဲဆိုတော့ သူတို့က ထောင်  ၁ နှစ်ကျဘူးရင် သူတို့အုပ်ချုပ်လိုက်တဲ့လူတွေ က ထောင် ၂ နှစ်ကျမှာပေါ့။ ဒါကြောင့် ကျမတို့အနေနဲ့ ပြန်လည်ရွေးချယ်တင်မြှောက်ရတာပါ။´´ ဟုဒုဦးစီးမှူး ဒေါ်ငြိမ်းငြိမ်းဦး က ဆိုထားသည်။ရွေးကောက်ခံထားရသည့် ကြီးကြပ်ရေးမှုးအဖွဲ့မှ ဦးတင်လှိုင် အား မေးမြန်းကြည့်ရာ “ကျွန်တော်တို့ကို ထောင်ကျလို့ဆိုပြီး ပြန်ရွေးတယ်ဆိုရင် ယနေ့လွှတ်တော်မှာ တက်နေ တဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ လွှတ်တော်အမတ်တွေဟာ လည်းပဲ ထောင်ကျဖူး သူတွေ ချည်းဖြစ်နေတဲ့အတွက်ကြောင့် အုပ်ချုပ်မှုပိုင်းမှာ သူတို့ကို ဘာကြောင့် လွှတ်တော် အတက်ခံရတာလဲ”ဟု ဒုဦးစီးမှုးအား ဒေါ်ငြိမ်းငြိမ်းဦးအား မေးမြန်းရာ ဒေါ်ငြိမ်းငြိမ်းဦး မှ “ဒေါ်စု နဲ့ လွှတ်တော်အမတ်တွေကတော့ လက်လှမ်းမမိပါဘူး”ဟု ပြန်လည်ဖြေကြားခဲ့သည်ဟု သိရှိရပါသည်။သို့ဖြစ်ပါ၍ ကျေးရွာအုပ်ချုပ်ရေးမှုး ခန့်အပ်ဖို့အတွက် ကြီးကြပ်ရေးမှုးရွေးချယ်ပွဲတွင် တက်ရောက်လာကြသော ဒေသခံ ၁ထောင်ကျော်မှနေပြီး ယခင် ရွေးကောက်တင်မြှောက်ထားပြီးဖြစ်သော အဖွဲ့ကိုသာလျှင် ထောက်ခံကြောင်း အတည်ပြု ပြောကြားကာ တက်ရောက်လာသော ဒေသခံပြည်သူများ အစည်းအဝေးမှ ထပြန်ခဲ့ကြကြောင်း သိရှိရသည်။

From- The Hot News

No comments:

Post a Comment