Wednesday, October 3, 2012

"ထောင်ဒဏ် ၁၂ နှစ်အထိ ချမှတ်နိုင်သော ဆိုက်ဘာရာဇဝတ် ဥပဒေ ပြဋ္ဌာန်းခြင်းကြောင့် ဖိလစ်ပိုင်အစိုးရအား လူ့အခွင့်အရေးအုပ်စုများ ရှုတ်ချ"

ဖိလစ်ပိုင် အစိုးရက ဖေ့စ်ဘွတ်နှင့် တွစ်တာကဲ့သို့သော လူမှုရေး ဝက်ဘ် ဆိုက်များတွင် အသရေ ပျက်စေသော မှတ်ချက်ရေးသားသူများ အား ထောင်ဒဏ် ၁၂ နှစ်အထိ ချမှတ်နိုင်သော ဆိုက်ဘာ ရာဇဝတ် ဥပဒေ တစ်ရပ်အား ပြဋ္ဌာန်းလိုက်ခြင်းကြောင့် လူ့အခွင့်အရေး အုပ်စုများ၏ အပြင်းအထန် ဝေဖန် တိုက်ခိုက်မှုကို ခံနေရသည်ဟု The Economic Times သတင်းစာအရ သိရသည်။ အွန်လိုင်း ရာဇဝတ်မှု ကျူး လွန်ခြင်း၊ ကာမရာဂ ထကြွစေသော အရာများ ဖြန့်ဝေခြင်း၊ ဆိုက်ဘာစနစ်များ ဖောက်ထွင်း ခံရခြင်း နှင့် ကိုယ်ရေးအချက်အလက်များ ခိုးယူခြင်းတို့အား ကိုင်တွယ်ရန် တရားဝင် ပြဋ္ဌာန်းထားသော ဥပဒေများ မရှိခြင်းအပေါ် ရဲအရာ ရှိများက ကန့်ကွက်ထောက်ပြမှု များကြောင့် ၄င်းတို့အား တိုက်ဖျက်ရန် ရည်ရွယ်၍ ဆိုက်ဘာရာဇဝတ် ဥပဒေအား ပြဋ္ဌာန်း ရခြင်း ဖြစ်သည်ဟု အစိုးရက ဆိုထားသည်။ သို့ရာတွင် အဆိုပါ ဥပဒေ တွင်ပါ ရှိသော အွန်လိုင်း အသရေ ဖျက်မှု ပြစ်ဒဏ်မှာ ပုံနှိပ်မီဒီယာ အပေါ်သတ်မှတ်သော အသရေ ဖျက် မှု ပြစ်ဒဏ်ထက် များစွာ ပြင်းထန်နေ သည်ကို တွေ့ရသည်။ 
 ဖေ့စ်ဘွတ် နှင့် တွစ်တာတို့ကဲ့သို့ သော လူမှုရေး ဝက်ဘ်ဆိုက်များတွင် အသရေ ဖျက်မှု မြောက်စေ သော မှတ်ချက်များ ရေးသားသူကိုပင် ထောင်ဒဏ် အများဆုံး ၁၂ နှစ်နှင့် ငွေဒဏ် ပီဆို ၁ သန်းအထိ ချမှတ်နိုင်သည်ဖြစ်ရာ အသရေဖျက်မှုအတွက် ပုံနှိပ် မီဒီယာအပေါ် အရေးယူသော အများ ဆုံး ထောင်ဒဏ် ၄နှစ်နှင့် ငွေဒဏ်ပီဆို ၆ဝဝဝ တို့နှင့် နှိုင်းယှဉ်ပါက လွန် စွာပြင်းထန် နေရာ လူ့အခွင့်အရေးအုပ်စု များက အပြင်း အထန် ဝေဖန် ရှုတ် ချလျက်ရှိသည်။ ထို့အတူ ယခု သတ်မှတ် ပြဋ္ဌာန်းလိုက်သော ဆိုက်ဘာ ရာဇဝတ်ဥပဒေအရ အာဏာပိုင် များသည် မီဒီယာတွင် အသုံး ပြုသူများ၏ ကိုယ်ရေးအချက်အ လက်များ စုဆောင်းခြင်းကို ဝရမ်းမလိုအပ်ဘဲ ပြုလုပ်နိုင် မည် ဖြစ်သည်။ ၄င်းဥပဒေအား ပြည်တွင်းမှ လူ့အခွင့်အရေး အဖွဲ့များ သာမက နယူးယောက်မြို့ အခြေစိုက် လူ့ အခွင့်အရေးစောင့်ကြည့် အဖွဲ့ (HRW) က ယင်းဥပဒေသည် ဖိလစ်ပိုင် နိုင်ငံသားများ အပေါ် ကြောက်မက် ဖွယ် သက်ရောက်မှု ရှိလာမည်ဖြစ်၍ အစိုးရအနေနှင့် ပြန်လည် သုံးသပ် ရန် တောင်းဆို ထားသည်။ ဖိလစ်ပိုင်နိုင်ငံတွင် လူဦးရေ ၉၅ သန်းခန့်ရှိပြီး ကမ္ဘာ ပေါ်တွင် ဖေ့စ်ဘွတ်နှင့် တွစ်တာ ကဲ့သို့သော လူမှုရေးဝက်ဘ်ဆိုက် အသုံးပြုမှု အများဆုံး စာရင်းဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။
PN-055
Ref: The Economic Times

No comments:

Post a Comment