Monday, October 22, 2012

ဘင်္ဂလီများအချင်းချင်း အချင်းများကြရာမှ လူထုအုံကြွကာ မီးလောင်မှုထိဖြစ်ပွား


http://arakantimes.net/burmese/images/Min%20Bar.jpg

အောက်တိုဘာလ (၂၁)ရက်နေ့ ညနေ ၉နာရီခန့်တွင် မင်းပြားမြို့နယ် ပိုက်သည်ရွာရှိ ဘင်္ဂလီများအချင်းချင်း အချင်းများကြရာမှ လူထု အုံကြွမှုဖြစ်လာကာ မီးလောင်မှုများအထိ ဖြစ်ပွားခဲ့ရကြောင်း သိရှိရ သည်။

ယင်းပိုက်သည်ရွာတွင် ဘင်္ဂလီအချင်းချင်း အချင်းများနေချိန်တွင် ပိုက်သည်ရွာမှ ဖြတ်သန်းသွားသော ရခိုင်တစ်ဦးအား လေးကွနှင့်လှမ်းပစ်ရာ နှစ်ဘက်လုံး လူထုအုံကြွမှုဖြစ်လာပြီး ရဲနှင့် လုံထိန်များလာရောက် ထိန်းသိမ်းခဲ့ကြရသည်။ ထိုသို့အခြေအနေကို ထိန်းသိမ်းနေချိန်မှာပင် ဘင်္ဂလီဘက်မှ မိမိအိမ်ကို မိမိ မီးရှို့ထွက်ပြေးသဖြင့် အိမ်ခြေ (၁၈)ဆောင် လောင်ကျွမ်းသွားခဲ့ကြောင်း သိရှိရသည်။
"ဘင်္ဂလီတစ်ဦးက သူပိုင်တဲ့ နွားတဲပုတ်လောက်ရှိတဲ့ အိမ်ကို မီးရှို့ပြီးတော့ ထွက်ပြေးတယ် အဲဒီမှာ မီးကဆက်တိုက်လောင်ပြီးတော့ ၁၈ အိမ် ပါသွားတာ။ သူတို့အိမ်တွေ မီးထဲပါသွားပြီဆိုရင် သူတို့ဒုက္ခသည်အဖြစ်နဲ့ ရိက္ခာရမယ်။ အဲလိုမျိုးကြံစည်တာဖြစ်တယ်။ အခုဦးလေးတို့ နေတဲ့ရွာနားက သရက်အုပ်ရွာဆိုတဲ့ ဘင်္ဂလီရွာကိုလည်း ဦးလေးကိုယ်တိုင် ရောက်ဖူးပါတယ်။ ည(၇)နာရီခွဲဆိုရင် ရခိုင်တွေက ဘင်္ဂလီရွာကို ၀င်ဖို့ဆိုတာ ဝေးလာဝေးပါ။ အခုက သူတို့အချင်းချင်း ကိုယ့်အိမ်ကို မီးရှို့တာဖြစ်တယ်။ ဘင်္ဂလီတွေက ရခိုင်တွေဆီမှာ စပါးလည်းမရိတ်ရ၊ ကျောက်လည်းမခွဲရဆိုတော့ စီးပွားရေးက အဆင်မပြေတော့ ဒုက္ခသည်တွေအဖြစ်နဲ့ ရိက္ခာလိုချင်လို့ အခုလိုမျိုးဖန်တီးတာဖြစ်တယ်။"ဟု မင်းပြားလွှတ်တော်အမတ် ဦးဒိုးအောင်ကျော်က ပြောသည်။
ယခုကဲ့သို့ မလိုလားအပ်သော ပြဿနာများ မဖြစ်ပေါ်ရအောင် ဥပဒေစိုးမိုးရေးနဲ့ တာဝန်ရှိသူတွေဟာ အချိန်မှီ စနစ်တကျ တားဆီးဖြေရှင်းပေးသွားနိုင်ရန် အရေးကြီးကြောင်း ၄င်းက ဆက်ပြောသည်။
ည ၁၁နာရီခွဲမှ စတင်၍လောင်ကျွမ်းခဲ့သော ရှို့မီးမှာ နံနက် ၄နာရီခန့်မှ မီးငြိမ်းသတ်နိုင်ခဲ့သော်လည်း ပိုက်သည်ရွာမှ ပဓိပက္ခသည် သရက်အုပ်ကျေးရွာသို့ကူးစက်ကာ သရက်အုပ်ကျေးရွာမှ ဘင်္ဂလီများကလည်း မိမိအိမ် မိမိမီးရှို့ရန် ကြိုးစားနေကြသဖြင့် စစ်တပ်နှင့် ရဲများ သွားရောက်ပြီး အခြေအနေများ ထိန်းသိမ်းနေရကြောင်း သိရှိရသည်။

Arakantimes.net

No comments:

Post a Comment