Wednesday, October 10, 2012

ရွှေဘိုမြို့နယ် အုန်းပေါက်ကျေးရွာအနီးတွင် အမျိုးသမီးအလောင်း တွေ့ရှိ


ရွှေဘိုမြို့နယ် အုန်းပေါက် ကျေးရွာအနီးတွင် အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၈ နာရီဝန်းကျင်အချိန်ခန့်တွင် အမျိုးသမီးအလောင်းတစ်လောင်းကို တွေ့ရှိခဲ့ရကြောင်း သတင်းရရှိသည်။
အုန်းပေါက်ကျေးရွာ အရှေ့ဘက်
လယ်ကွင်းများရှိရာ ရွှေဘို၊ ကျောက်မြောင်းကားလမ်းမ၏ ဘေးဘက်ရှိ စေတီတစ်ခုအနီးရှိ ချုံတစ်ခုတွင် အလောင်းအားတွေ့ရှိခဲ့ရခြင်းဖြစ်ကာ ရွှေဘိုဆေးရုံသို့ပို့ဆောင်စစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။
''နံနက်ပိုင်း ခရီးသွားတစ်ယောက်က အပေါ့သွားရင်းနဲ့ ချုံထဲမှာအလောင်းကိုတွေ့လို့ကျေးရွာအုပ်ချုပ်ရေးမှူးကို အကြောင်းကြားတာ အဲဒီကမှ သက်ဆိုင်ရာသို့ အဆင့်ဆင့်သတင်းပို့ ဆောင်ရွက်ရတာပါ။ အလောင်းက ပြင်ပဒဏ်ရာ တစ်စုံတစ်ရာမတွေ့ရဘူး၊၊ အမျိုးသမီးဆို တာပဲသိရတယ်။ အနီးတစ်ဝိုက်ရွာတွေမှာလည်း လူပျောက်တာမျိုးပြောသံမကြားပါဘူး''ဟု ကျောက်မြောင်းရဲစခန်းမှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အလောင်းအားရွှေဘိုပြည်သူ့ ဆးရုံသို့ အောက်တိုဘာလ ၇ ရက် နံနက်၁၁နာရီဝန်းကျင်တွင် ပို့ဆောင်ခဲ့ပြီး ပြင်ပဒဏ်ရာတစ်စုံတစ်ရာမတွေ့ရှိရဘဲ လွန်ခဲ့သည့်ရက် အနည်းငယ်က သေဆုံးနေခြင်းဖြစ်နိုင်ကြောင်းနှင့် စစ်ဆေးဆောင်ရွက်ဆဲဖြစ်ကြောင်း သတင်းရရှိပါသည်။
From -EMG

No comments:

Post a Comment