Tuesday, October 23, 2012

မြောက်ဦး ပဋိပက္ခအတွင်း ဒဏ်ရာရသူများကို စစ်တွေဆေးရုံသို့ ယူဆောင်


http://arakantimes.net/burmese/images/MraukOoLunar.jpg

မနေ့က မြောက်ဦိးပဋိပက္ခတွင် မြောက်ဦးမှ ရခိုင် (၄)ဦး ဒဏ်ရာရပြီး အရေးပေါ် အခြေအနေကြောင့် စစ်တွေ ဆေးရုံသို့ ရောက်ေ န ကြော င်း၊ နောက် ထပ်လည်း မြောက်ဦးတွင် ဒဏ်ရာရရှိသူ (၇)ဦး ရှိနေသေးေ ကြာင်း သတင်းရရှိသည်။

စစ်တွေဆေးရုံတွင် ရောက်ရှိနေသော ဒဏ်ရာရလူနာ (၃)ဦးမှာ ဦးစိန်သာအောင် အသက် (၆၀) လွမ်းတောင်ကျေးရွာ၊ အဖ ဦိးမောင်စိုးနု၏ သား မောင်မောင်နိုင် အသက် (၃၀) မောင်သာကုန်းရွာ၊ မောင်ထွေးစိန် ကျောင်းတောင်ရွာ ဖြစ်ကြောင်းသိရှိရသည်။ လွမ်းတောင်ရပ်ကွက်မှ ဦးစိန်သာအောင်၏ အခြေအနေမှာ စိုးရိမ်နေရပုံကို စစ်တွေဆေးရုံတွင် ရောက်နေသော သူ့၏သားဖြစ်သူ စိုးမောင်မှ "ဟုတ်ပါတယ် အဖေရဲ့ပခုံးမှာ လှံထိုးမိတဲ့ဒဏ်ရာနဲ့ အခုချိန်ထိ သတိမရသေးပါဘူး။ အဲဒီ ဒဏ်ရာကြောင့် အောက်ပိုင်း လည်း မလှုပ်နိုင် ဖြစ်နေပါတယ်။" ဟု ပြောပြသွားသည်။
ထိုလူနာများ၏ အခြေအနေနှင့် လူနာများကို အကူအညီပေးရန်အတွက် ဝံလက်ဖောင်ဒေးရှင်းကို အကူအညီ တောင်းထားခြင်းကို စစ်တွေမြို့မှ ကျောင်းဆရာတစ်ယောက်ဖြစ်သူ ဦးသိန်းထွန်းအေးက "စစ်တွေဆေးရုံမှာ ဒဏ်ရာရသူ (၃) ဦးရောက်နေပါတယ်။ တစ်ယောက်ကတော့ အရေးပေါ်အခြေအနေ ဖြစ်နေပါတယ်။ နောက်ထပ်လည်း မြောက်ဦးမှာ ဒဏ်ရာရသူ (၇)ဦး ရှိသေးပါတယ်။ အခု ဝံလက်ဖောင်ဒေးရှင်းကို အကူအညီတောင်းပြီးတော့ လူနာတွေကို အကူအညီပေးရန်ကြိုးစားနေပါတယ်။" ဟု ပြောပြသွားသည်။

Arakantimes.net

No comments:

Post a Comment