Tuesday, October 23, 2012

ကျောက်ဖြူမြို့ရှိ အနောက်ပိုင်းဗလီတွင် မီးလောင်မှုဖြစ် မီးရှို့သူ ဘင်္ဂလီအား ညတွင်းချင်း ဖမ်းဆီးရရှိနိုင်ခဲ့


http://1.bp.blogspot.com/-cMQJTV4kalY/UIZl_IjhS_I/AAAAAAAAbKE/Ut9_l0P4SCo/s1600/253120_470162499673940_1506332531_n.jpg

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ အနောက်ပိုင်း ဗလီတွင် အောက်တိုဘာလ ၂၂ ရက်နေ့ ည ၈ နာရီခန့်တွင် မီးလောင်မှုတစ်ခု  ဖြစ်ပွားခဲ့ ကြောင်း သိရသည်။



ဖြစ်စဉ်မှာ အဆိုပါနေ့ ၈ နာရီခန့်တွင် ဆားပြင်ကွင်းရပ်ကွက်နှင့် ကုလားပိုက်ဆိပ် ရပ်ကွက်
တို့ နှင့် ထိစပ်နေသည့် ရခိုင်တိုင်းရင်းသား နေအိမ်များမှ အမျိုးသမီးများနှင့် ကလေးငယ်
များ အပါဝင် အိမ်ထောင်စု ၅၀ ခန့်က မိမိနေအိမ်များ စွန့်ခွာလာကြောင်း သတင်းတစ်ခု
ထွက်ပေါ်လာခဲ့ရာ လုံခြုံရေးတပ်ဖွဲ့မှ သွားရောက်စစ်ဆေးနေချိန်အတွင်း အနောက်ပိုင်း
ရပ်ကွက် နဂါးကျောင်းပရိယတ္တိစာသင်တိုက်ဘုန်းတော်ကြီးကျောင်းရှေ့ ဦးဥတ္တမလမ်းနှင့် မီးစက်လမ်း ထောင့်ရှိ ဗလီတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွား ခဲ့ကြောင်းသိရှိရသည်။

ဗလီနှင့် ထိစပ်နေသည့် အိမ်နီးချင်းများမှ မီးသတ်ဌာနသို့ ဖုန်းဆက်သွယ် သတင်းပေးပို့ခြင်းကြောင်း မီးသတ်တပ်ဖွဲ့ဝင်များမှ အချိန်မှီရောက်ရှိ လာ သည့်အတွက် ၉-နာရီ ၅၀-မိနစ်အချိန်တွင် မီး ငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးသည် ရှို့မီဖြစ်ကြောင်းနှင့် သက်ဆိုင်ရာရဲစခန်းမှ မီးရှို့သူ ဘင်္ဂလီ အား ည တွင်းချင်း ဖမ်းဆီးနိုင်ခဲ့ကြောင်း ကျောက်ဖြူမြို့မှ ရဲတပ်ဖွဲ့ဝင်တစ် ဦး ကပြောကြားခဲ့ပါသည်။။။။။။။။။။

No comments:

Post a Comment