Tuesday, October 23, 2012

"မြောက်ဦးတွင် ရခိုင် ၃ ဦးသေ၊ ၄ ဦးဒဏ်ရာ ရဟု ရခိုင်တိုင်းရင်းသား တိုးတက်ရေး ပါတီဆို" (နောက်ဆုံးရသတင်းနှင့် မှတ်တမ်းဓါတ်ပုံများ)

ရခိုင်ပြည်နယ် မြောက်ဦးမြို့ နယ်ရှိ ရွာများ၌ ဖြစ်ပွားဆဲ ပဋိပက္ခ များကြောင့် ရခိုင်တိုင်းရင်းသား ၃ ဦး သေဆုံးပြီး ၄ ဦးဒဏ်ရာရရှိ ထားသည်ဟု ရခိုင် တိုင်းရင်းသားတိုး တက်ရေးပါတီမှ သိရသည်။

''မနေ့ကလည်း ဘင်္ဂါလီတွေ ဘယ်ကပစ်တာ သေဆုံးသူတွေရှိ တယ်။ အလောင်းကတော့ တစ်လောင်းပဲရတယ်''ဟု ရခိုင်တိုင်းရင်းသား တိုးတက်ရေး ပါတီမှ အတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ပြောသည်။
http://sphotos-c.ak.fbcdn.net/hphotos-ak-ash3/550609_211507562316541_2121506066_n.jpg
မြောက်ဦးမြို့နယ်တွင်း ဖြစ်ပွား နေဆဲဖြစ်သည့် ပဋိပက္ခများတွင် ပစ်ခတ်မှု များပါရှိခဲ့ရာ အစိုးရတပ်များ ဘက်၌ပါကျဆုံးသူများရှိခဲ့သည်ဟု ရန်ကုန် တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးဦးဇော်အေးမောင် က ပေါ်ပြူလာနယူးစ်သို့ ဖြေကြားသည်။
http://4.bp.blogspot.com/-t3ewHLhCjfA/UIYDYNYomFI/AAAAAAAAbFM/Y7ngCnnZ-IQ/s1600/404669_439261279467368_798112625_n.jpg
http://gdb.voanews.eu/99369FD4-B4C9-443F-BE84-20281B22D8A0_w268_r1.jpg

လက်ရှိတွင် ဒေသခံရခိုင်လူ မျိုးများအနေဖြင့် အဆိုပါ ပစ်ခတ် မှုများကြောင့် ဘင်္ဂါလီရွာများ၌ လက်နက်များရှိနေနိုင်သည်ဟု ယူဆနေကြပြီး စိုးရိမ် ထိတ်လန့် မှုများပြားနေကြကြောင်း ဒေသခံ များမှ ပြောကြားသည်။
ရခိုင်တိုင်းရင်းသားတိုးတက် ရေး ပါတီမှ ဦးခိုင်ပြည်စိုးကမူ ဘင်္ဂါလီများ၌ အမှန်တကယ်ပင် လက်နက်များရှိနေနိုင်သည်ဟု ယူဆမိကြောင်းနှင့် ဇွန်လဆန်းပိုင် တွင် စစ်တွေမြို့ လောကနန္ဒာဘု ရားနားရှိ ဗလီကျောင်းနား မှလည်း ကျည်ဆံများတွေ့ရှိရကြောင်း ပြောသည်။

''ကျည်ဆန်တွေ့တယ် ဆိုမှ တော့ သေနတ်ရှိလို့ပေါ့ဗျာ။ ရခိုင်တွေမှာ က လောက်လေးခွလောက်ပဲ ရှိတာ။ ခုအနေအထားက စိုးရိမ်ရတယ်''ဟု ကိုခိုင်ပြည်စိုးမှ လက်ရှိ မြောက်ဦးမြို့နား ပဋိပက္ခများနှင့် ပတ်သက်၍ သုံးသပ်သည်။
ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်ကလည်း ယင်းဖြစ် စဉ်နှင့် ပတ်သက်၍ ''ခုဟာက နှစ်ဖက်အပြန်အလှန် တင်းမာတဲ့ အခြေ အနေဖြစ်နေကြပြီ။ တပ်ကအရာရှိလည်း ကျသွားတယ်။ အဲ့ဒါ ဘင်္ဂါလီတွေ ဘက်က ပစ်လိုက်တယ်လို့ သိရတယ်။ သူတို့ဘက်မှ လက်နက်တွေ ရှိနေ တယ်။ ဒီလိုလက်နက် တွေရှိတယ်ဆိုတာကို အစိုးရက တရားဝင် ထုတ်ပြန် ထားခြင်းမရှိပါဘူး။ ခုဖြစ်နေတဲ့ ကိစ္စတွေကိုလည်း ရခိုင်တွေကိုပဲ ဖြေရှင်း ခိုင်းစေချင် ပါတယ်။ ဒါကိုရခိုင်တွေ ရှင်းနိုင်ပါတယ်'' ဟုပေါ်ပြူလာနယူးစ်မှ တယ်လီဖုန်းဖြင့် မေးမြန်းမှုအား ဖြေကြားပေးခဲ့သည်။

ယခုအခါ မြောက်ဦးမြို့နယ် အတွင်းရှိ ရွာအချို့ မီးရှို့ဖျက်ဆီးခံ နေရပြီး လုံခြုံရေးအရ စိုးရိမ်ရဖွယ် အနေအထားရှိနေပြီဟုလည်း ဒေသခံရခိုင် တိုင်းရင်းသားများထံ မှ သိရသည်။
မြောက်ဦးရှိ ယိုင်သည်ရွာနှင့် အထုပ်သယ်မရွာများရှိ အိမ်ခြေတစ်ချို့ မီးလောင်နေဆဲဖြစ်ပြီး မငြိမ် မသက်ဖြစ်ပွားနေသည့် နေရာများ ၌ လုံခြုံရေး ထိန်းချုပ်ရန် တပ်အင် အားနည်းပါးနေသည်ဟု OICရုံး ဖွင့်လှစ်ခြင်းအတွက် ကန့်ကွက် ဆန္ဒပြခဲ့သူ ဒေါ်ညိုအေးက မနက်ပိုင်း မြောက်ဦးတွင်း ဖြစ်ပျက် သည့် ပဋိပက္ခ ကိစ္စများအား ပြော ကြားသည်။

''မငြိမ်မသက်ဖြစ်နေတယ့် မြောက်ဦးရော မင်းပြားမှာပါ ရဲအင်အား တပ်အင်အားရှိသလောက်နဲ့ ထိန်းရတယ့် ပုံစံပါ''ဟု ၄င်းက ပြောသည်။
ရွာများမီးလောင်ခံနေရမှုနှင့် လုံခြုံရေးလုံလောက်မှု မရှိခြင်းတို့ မှာ ဒေသခံ ရခိုင်ပြည်သူတို့အား ထိတ်လန့်မှုများဖြစ်ပွားနေစေပြီး မြောက်ဦးမြို့နယ်မှာ ဆက်လက်၍ စိုးရိမ်ရဖွယ်အခြေအနေများနှင့် ရင်ဆိုင်နေရသည်ဟု ရခိုင်တိုင်းရင်း သားတိုးတက်ရေး ပါတီမှ သုံးသပ်သည်။

အဆိုပါ မငြိမ်မသက်ဖြစ်မှု များမှာ အောက်တိုဘာ ၂ဝ ရက်နေ့ ၌ မင်းပြား မြို့နယ်တွင် စတင်ဖြစ် ပွားခဲ့ခြင်းဖြစ်ပြီး ၂၁ ရက်နေ့တွင် မြောက်ဦးမြို့နယ် သို့ စတင်ကူးစက် သွားသည်ဟု သိရှိရသည်။

သုတလင်း
Popular Myanmar News Journal

No comments:

Post a Comment