Friday, October 26, 2012

ယနေ့ညနေပိုင်းအထိ သေဆုံးသူ စုစုပေါင်း ၁၁၂ ဦး(ကျားး ၅၁ ဦး၊ မ ၆၁ ဦး)ရှိ




ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပဋိပက္ခကြောင့် အောက်တိုဘာ ၂၆ ရက် ယနေ့ညနေပိုင်းအထိ သေဆုံးသူ စုစုပေါင်း ၁၁၂ ဦး(ကျားး ၅၁ ဦး၊ မ ၆၁ ဦး)ရှိပြီး၊ ဒဏ်ရာရရှိသူ ကလေး ၁၀ ဦး အပါအ၀င် ၇၂ ဦး (ကျား ၆၈၊
မ ၄ ဦး) ရှိခဲ့ကာ မီးလောင်မှုကြောင့် အိမ်ခြေ ၂၃၁၉ အိမ် ပျက်စီးခဲ့ကြောင်းရခိုင်ပြည်နယ်အစိုးရ ပြန်ကြားရေးမှူး ဦးဝင်းမြိုင် က ပြော ကြားသည်။
 
 
ရန်ကုန်သတင်း-----
ဆူးလေနှင့် အောင်ဆန်းကွင်း နဘေး တခြမ်းပဲ့ ဗလီတို့တွင် ဆန္ဒပြမည့် သတင်းများ ထွက်ပေါ်၍ လုံခြုံရေးများ ချထား
 

Yangon Press International

ယနေ့မွန်းလွဲ ၁ နာရီ၌ ရန်ကုန်မြို့ ဆူးလေနှင့် အောင်ဆန်းကွင်း နဘေး တခြမ်းပဲ့ ဗလ
ီတို့တွင် ဆန္ဒပြမည်ဆိုသည့် သတင်းများ ထွက်ပေါ်နေသဖြင့် ရဲလုံခြုံရေးများ ချထားသော်လည်း မွန်းလွဲ ၃ နာရီကျော်သည့် အထိ မည်သည့် ဆန္ဒပြမှုမျှ ဖြစ်ပွားခဲ့ခြင်း မရှိသည်ကို တွေ့ရသည်။


မွန်းလွဲ ၁ နာရီဝန်းကျင်ကတည်းက ရန်ကုန်မြို့ ဆူးလေစေတီတ၀ိုက်တွင် ရဲလုံခြုံရေးများ ချထားသည်ကိုတွေ့ရသော်လည်း သံဃာတော်များ ဆန္ဒထုတ်ဖေါ်မှု ဖြစ်ပွားခြင်း မရှိခဲ့ပေ။


အလားတူ အထက်ပန်းဆိုးတန်းလမ်း အောင်ဆန်းကွင်း နဘေးရှိ တခြမ်းပဲ့ ဗလီရှေ့တွင်လည်း ဆန္ဒပြမည်ဆိုသည့် သတင်းထွက်ပေါ်ခဲ့သဖြင့် ရဲလုံခြုံရေးများ ချထားသည်ကိုတွေ့ရသည်။


ယခုရက်ပိုင်းတွင် ရခိုင်ပြည်နယ် မြို့နယ်အချို့တွင် အုပ်စုလိုက် ခိုက်ရန်ဖြစ်ပွားမှုများ၊ မီးရှို့မှုများ ဖြစ်ပွားခဲ့သည့်နောက် ယမန်နေ့က ရန်ကုန်မြို့တွင် ဆန္ဒထုတ်ဖေါ်မှု ဖြစ်ပွားခဲ့သည်။ ။


ကျောက်ဖြူ၊ မင်းပြား၊ မြေပုံနှင့် မြောက်ဦးမြို့များတွင် ဖြစ်ပွားသည့် အကြမ်းဖက်မှုများ၊ မီးရှို့မှုများကြောင့် ယခုလ ၂၄ ရက်နေ့ထိ သေဆုံးသူ (၁၂ ) ဦး ဒဏ်ရာရသူ (၅၀) ဦးနှင့် လူနေအိမ် ၁၉၀၀ ကျော် မီးလောင်ကျွမ်းကာ အများအပြား အိုးအိမ်မဲ့ဖြစ်ခဲ့ရသည်ဟု နိုင်ငံတော် သမ္မတရုံး ကြေညာချက်တွင် ဖေါ်ပြထားသည်။
 



 

No comments:

Post a Comment