Saturday, October 20, 2012

ငွေကျပ် သိန်း ၅၄ဝ ခိုးယူသူများ နှစ်ရက်အတွင်း ဖမ်းဆီး


တာချီလိတ်မြို့မကာအိုခမ်းရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်းလမ်းတွင် နေထိုင်
သူ ဒေါ်ခင်နီသည် အောက်တိုဘာ ၁၄ ရက် နံနက် ၅ နာရီခွဲကအိပ်ရာမှနိုး စဉ်   နေအိမ်နောက်ဖေးတံခါးပွင့်နေသည်ကို တွေ့ရှိရသဖြင့် မသင်္ကြာ ဖစ် ကာ  နေအိမ် ရှေ့ခန်းရှိကြမ်းပြင်ပေါ်တွင် ချထားသော စက္ကူဖာအတွင်း ထည့်ထားသည့်  ငွေကျပ် ၁ဝဝဝဝ တန် လေးအုပ်၊ ငွေကျပ် ၅ဝဝဝ တန်
အုပ် ၈ဝ၊ ငွေကျပ် ၁ဝဝဝ တန် အုပ်၁ဝဝ စုစုပေါင်းသိန်း ၅၄ဝ ခိုးယူခံထားရကြောင်း တွေ့ရှိရသည့်အတွက် တာချီ လိတ် ရဲ စခန်း သို့ သွားရောက်တိုင်ကြားခဲ့သည်။

တာချီလိတ်ခရိုင် ရဲစခန်းမှ ဒုစရိုက်နှိမ်နင်းရေး ခေါင်းဆောင် ရဲအုပ် ဝင်းဇော်ထွန်း၊
ရဲအုပ်အောင်ဇင် ဦးစီးသော ရဲတပ်ဖွဲ့ဝင်များသည် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပုန်းထွန်ရပ်ကွက်နေ ကိုထက်(ခ)မွှေးနီ၊ အောင်ညီစိုး(ခ) အာနိုးနှင့် ဝမ်ကောင်းရပ်
ကွက်နေ ရှားအောင်တို့ သုံးဦးသည်

အလုပ် အကိုင်အတည်အကျ မရှိဘဲ ငွေများအလျှံပယ် သုံးစွဲနေကြောင်းနှင့် ဟောင်
လိတ်ကျေးရွာအုပ်စု ရောင်နီဦးတည်းခိုခန်းတွင် တည်းခိုနေကြောင်း သတင်း ရရှိသဖြင့်
 အောက်တိုဘာ ၁၆ ရက် ည ၁ဝ နာရီခန့်က ဝင်ရောက်ဖမ်းဆီးစစ်ဆေးခဲ့ရာ အဆိုပါ
 နေအိမ်မှငွေများ ခိုးယူခဲ့ကြောင်း ဝန်ခံခဲ့သဖြင့် ဝမ်ကောင်း ရပ်ကွက်အနော်ရထာလမ်းရှိ ရှားအောင်နေအိမ်မှ သက်သေခံ ငွေကျပ် ၁၃ဝဝဝဝဝဝ၊

 ကိုထက်(ခ)မွှေးနီနှင့် အောင်ညီစိုး (ခ)အာနိုးတို့ အခန်းငှားနေထိုင်ရာ ပုန်းထွန်ရပ်
ကွက်နေအိမ်မှ သက်သေခံငွေကျပ် ၂ဝ၈၉၆ဝဝဝ တို့အား ပြန်လည်သိမ်း ဆည်းရမိခဲ့ပြီး တာချီလိတ်ရဲစခန်းမှ အမှုအမှတ် (ပ) ၂၉၂/ ၂ဝ၁၂ ပြစ်မှုပုဒ်မ ၃၈ဝ အရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


မြဝတီ

No comments:

Post a Comment