Thursday, October 11, 2012

အမေစု ဖွံ့ဖြိုးရေးကိစ္စများဆွေးနွေးရန်သုံးခွမြို့သွားရောက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၂ခုနှစ် ၊အောက်တိုဘာ (၁၁)ရက်နေ့ နံနက်(၉)နာရီ(၁၅)မိနစ်တွင်အမျိုးသားဒီမို ကရေစီအဖွဲ့ ချုပ်သုံးခွမြို့နယ် ညီလာခံကျင်းပရေးကော်မရှ င်၊ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့်တွေ့ဆုံ၍ဒေသဆိုင်ရာဖွံ့ဖြိုးရေး ကိစ္စများဆွေးနွေးရန် အတွက် သုံးခွမြို့သို့ရောက် ရှိခဲ့သည်။ ဥက္ကဌအားအဖွဲ့ချုပ်အဖွဲ့ဝင်များ ၊ပြည်သူများ၊ အမေ့အိမ်ကျောင်းမှေ ကျာင်းသား၊ကျောင်းသူ များကကြိုဆိုနှုတ်ဆက်ကြ သည်။အမေ့အိမ်ေ ကျာင်းမှကျောင်းသား၊ကျောင်း သူများအားဥက္ကဌ ကနှုတ်ဆက်စကားပြောကြားပြီး အဖွဲ့ချုပ်မြို့နယ် ရုံးသို့ဆက်လက်ထွက်ခွာလာခဲ့သည်။မြို့နယ်ရုံးတွင်မြို့နယ်ကော်မရှင်အဖွဲ့ဝင်များနှင့်တွေ့ဆုံ၍မြို့ နယ်အခြေ အနေများကိုဆွေးနွေးခဲ့သည်။ထို့နောက်မြို့နယ်ရုံးသို့ရောက်ရှိလာသောပြည်သူများအားနှုတ် ဆက်စကာြးေ ပာကြား သည်။နံနက်(၁၁)နာရီခန့်တွင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးသို့ရောက်ရှိပြီးအထွေ ထွေ အုပ်ချုပ်ရေး ဌာန၊ကျန်းမာရေးဌာန၊မြို့နယ်ရဲဌာန၊တရားရေးဌာန၊ဥပဒေရုံး၊ပညာရေးဌာန၊စိုက်ပျိုးရေး ဌာန၊ဆည်မြောင်းဌာန ၊ဆောက်လုပ်ရေးဌာန များမှတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ဒေသဖွံ့ဖြိုးရေးကိစ္စများကိုဆွေး နွေးခဲ့သည်။

No comments:

Post a Comment