Friday, October 19, 2012

ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှု တွင် မြန်မာ စစ်တပ် လေ့လာသူ အဖြစ် ပါဝင်ရန် အမေရိကန် ကမ်းလှမ်း


Cobra Gold 2012

အာရှဒေသတွင်းရှိ  အမေရိကန် နှင့် မဟာမိတ်နိုင်ငံ များ နှစ်စဉ်ပြုလုပ်နေ
ကျ စစ်ရေးလေ့ကျင့်မှုကို ယခုနှစ်တွင် မြန်မာ နိုင်ငံ က လေ့လာသူ အဖြစ် ပါ ၀င်ရန် အမေရိကန် က ကမ်းလှမ်းထား သည် ဟု ရိုက်တာ သတင်း ဌာန က သီးသန့် ရရှိ သည့် သတင်း တွင် ဖော်ပြထားသည်။

Cobra Gold စစ်ရေးလေ့ကျင့်မှုမှာ အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်း၊ အင်ဒိုနီးရှားနှင့်
စင်ကာပူ နိုင်ငံမှ  ကြည်း၊ ရေ၊ လေ စစ်သား များ နှင့် ခောတ်မှီစစ်လက်နက် ပစ္စည်းများ သုံးကာ
စစ်ရေးလေ့ကျင့် ကြခြင်းဖြစ်သည်။
အဆိုပါစစ်ရေး လေ့ကျင့်မှု သည် အာရှ ဒေသအတွင်း တည်ငြိမ်မှု အတွက် ဖြစ်သည်။ထိုင်း နိုင်ငံ
သည် ရွှေမြွေဟောက် စစ်ရေး လေ့ကျင့်မှု များ ကိုလက်ခံ လာရာ နှစ် ပေါင်း ၃၀ ရှိသွားပြီ ဖြသ်သည်။
တောင်ကိုရီးယား နိုင်ငံသည် ၂၀၁၀ခုနှစ် ကမှ ရွှေမြွေဟောက် စစ်ဆင်ရေး တွင် ပူးပေါင်း ခဲ့ခြင်း
ဖြစ်သည်။
တရုတ် နိုင်ငံ က ဂျပန် ၊ တောင်ကိုရီယား တို့  နှင့် ပိုင်ဆိုင် မှု အငြင်း ပွား နေသည့် ကျွန်းများ တွင်
ရေတပ် စစ်ရေး လေ့ကျင့် မှု ပြု လုပ် နေစဉ် အမေရိကန် က ငွေကြေး စိုက် ထုတ် ပြီး ဦးဆောင်ပြု
လုပ်သည့် Cobra Gold စစ်ရေး လေ့ကျင့် မှု တွင် မြန်မာ နိုင်ငံ ပါဝင် ရန် ဖိတ် ခေါ် ကြောင်း သတင်း
ထွက် ပေါ် ခဲ့ ခြင်း ဖြစ်သည်။
Cobra Gold စစ်ရေး လေ့ကျင့် မှု ကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါလဆန်း တွင် ကျင်းပ နိုင်ဖွယ် ရှိ သည်။
မြန်မာ နိုင်ငံ သည် ဗြိတိသျှ နှင့် လည်း စစ်ရေး ဆက်ဆံ မှု တိုးမြှင့် လုပ်ဆောင် လျှက်ရှိသည်။

FNG

No comments:

Post a Comment