Thursday, October 11, 2012
ဈေးကွက်ဝင်ဖြစ်လာတဲ့ သတင်းထောက် လောက
 သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ထဲက မြန်မာပြည်တွင်း သတင်း မီဒီယာလောက သားများ အတွက် လမ်းစ တွေ ပွင့်လာ ချိန် နိုင်ငံ ပိုင် သတင်းစာကြီး တစောင်ဖြစ်တဲ့ ကြေးမုံ သတင်းစာ ကလည်း  အသွင်ြေ ပာင်း၊ အမြင် ပြောင်းပြီး ပြည်သူ ဗဟိုပြု သတင်းများကို ဖော်ပြဖို့ မူဝါဒ ချပြီးနောက်ပိုင်း အလွတ်သတင်းထောက်တွေ ခေါ်ယူတဲ့ ကြော်ငြာတွေ ထည့်လာပါတယ်။  နောက် ပြည်တွင်းမှာ ရှိနေတဲ့ ပုဂ္ဂလိကပိုင် သတင်းမီဒီယာ ဂျာနယ်တိုက်တွေကလည်း မကြာသေးခင်က   ပြန်ကြားရေး ၀န်ကြီး ဦးအောင်ကြည်က လာမယ့်နှစ်မှာ နေ့စဉ်ထုတ် သတင်းစာတွေကို ထုတ်ဝေခွင့်   ပြုပေးသွားမယ်ဆိုတာတွေ ကြောင့် နေ့ စဉ်ထုတ် သတင်းစာတွေအတွက် နံမည်ကြီး သတင်းဂျာနယ် တိုက်တွေလည်း သတင်းထောက် ခေါ်ယူမှု တွေ မြင့်မား လာပါတယ်။ 
သတင်းထောက် ခေါ်ယူမှုနဲ့ပတ်သက်ပြီး မြန်မာ့ သတင်း မီဒီယာလောကမှာ ရုပ်/သံ သတင်းထောက်တွေ လည်း ပါဝင် ပါတယ်။ အခုအချိန်မှာ သတင်းထောက်ခေါ်ယူမှုအမြင့်ဆုံးကာလတခုလို့ ဆိုနိုင်ပြီး သတင်းထောက် လစာ၊ ခံစားခွင့် စတာတွေလည်း အပြိုင်အဆိုင်ဖြစ်လာနေပါပြီ။ 
 နောက်ပြီး သတင်းဌာန၊    အေဂျင်စီတွေများလာတာနဲ့အမျှ တရားမျှတ စွာ ရိုးသားစွာ ပြိုင်ဆိုင်ရင်း စတုတ္တ မဏ္ဍိုင် သ တင်း မီဒီယာလောကအတွက်အကောင်းဆုံး ခြေလှမ်းများ အားကောင်း မယ့် လက္ခဏာ များ ဖြစ်ထွန်းစေလိုပါတယ် လို့လည်း ရန်ကုန်က သတင်းမီဒီယာသမားကြီးတွေက မှတ်ချက်ပေးနေကြပါတယ်။ 
အခုတော့ တချိန်က သတင်းမီဒီယာလောကမှာ ခပ်မှိန်မှိန်ဖြစ်နေတဲ့ သတင်းထောက်များဘ၀ဟာ အခုတော့ အနည်း ငယ် လင်းလက်လာမယ့် အနေအထားလည်းဖြစ်ပြီး အထူးသဖြင့် လူငယ် သတင်း   ထောက်တွေ ပိုများတယ်လို့ သိရပါ တယ်။ အရင်ကနဲ့ မတူ မြန်မာပြည်မှာလည်း သတင်းသမား   ကောင်းတွေ မွေး ထုတ်ေ ပးနေ တဲ့ သင်တန်းကျောင်းတွေ ဖွင့်လှစ် ထားမှု၊ အစိုးရရဲ့ မူဝါဒ ပြောင်းလဲလာမှု   တွေကြောင့် တချိန်က ပိတ်လှောင်ခံထားရတဲ့ မြန်မာ့အမှောင်ခေတ်ကိုတော့ သတင်းသမားများက   ပြန်လည် အလင်းဆောင်ေ ပးနိုင်ကြ မယ် လို့ မျှော်လင့်ပါတယ်။ 
  နောက်ကွယ်လွန် သွားပြီဖြစ်တဲ့ ၀ါရင့်သတင်းစာသမားကြီးတဦးဖြစ်တဲ့ လူထု ဦးစိန်ဝင်းကလည်း သတင်းသမားများ အနေနဲ့ ကိုယ့်ကျင့်ဝတ်ကိုလည်း လေးစားလိုက်နာတန်ဘိုးထားပြီး လူ့အဖွဲ့အစည်း အပေါ် ကိုယ့်ပုခုံးပေါ်က တာဝန်ကို လည်း ကျေပွန်ဖို့ လိုတယ်ဆိုတာ ပြောထားခဲ့ဖူးပါတယ်။
From- ဧရာဝတီ
No comments:
Post a Comment