Tuesday, October 9, 2012

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဆေးရုံးဝင်းအတွင်းက လဖက်ရည်ဆိုင် သတင်းအမှန်က ဒီလိုပါ

အောက်တိုဘာလ(၄)ရက်နေ့ the hot news weekly journal vol-3, No-110, 4-10Oct 2012 ပါ “ ဥပဒေကို ထီမထင်တဲ့ ဆေးရုံဝင်းအတွင်းက လက်ဖက်ရည်ဆိုင်’’ဆိုသော သတင်းသည် မှားယွင်းနေကြောင်း ဆိုင်ပိုင်ရှင် မိသားစုများ၏ပြောပြချက်အရ သိရှိရသည်။အဆိုပါသတင်းသည် မိသားစု၏ ဂုဏ်သိက္ခာ၊ စီးပွားရေးနှင့် လူမှုရေးတို့ကိုများစွာမှ ထိခိုက်နစ်နာစေကြောင်း၊
ဆိုင်ပိုင်ရှင်မိသားစုနှင့်ဆွေမျိုးသားချင်းများအနေဖြင့် ဂျာနယ်သတင်းဖော်ပြချက်ပါအတိုင်းနှစ်လုံးထီ၊ သုံးလုံးထီ လောင်းကစားခြင်းများ မပြုလုပ်ကြောင်း၊မုဆိုးမတစ်ဦးလည်းဖြစ် သားပျို၊ သမီးပျိုတို့ကို သမာအာဇီဝလုပ်ငန်းဖြစ်သော
လဖက်ရည်ဆိုင်လုပ်ငန်းဖြင့်သာ ရှာဖွေကျွေးမွေနေသော အမျိုးကောင်းသမီးတစ်ဦးဖြစ် ကြောင်းသိရသည်။“ အတိုင်ခံရတဲ့ လက်ဖက်ရည်ဆိုင်က ထုတ်ပြောလို့မကောင်းတဲ့အလုပ်တွေလုပ်နေတယ်လို့ ရပ်ကွက်က သိထားကြတယ်’’ ဟူသော ရေးသားဖော်ပြချက်သည်ဆိုင်ပိုင်ရှင် မိသားစု၏ ကိုယ်ကျင့်တရားနှင့် ဂုဏ်သိက္ခာကိုကျဆင်းစေကြောင်း၊ မိမိအနေဖြင့် ဥပဒေမလွတ်ကင်းသော လုပ်ငန်များကိုလုပ်ဆောင်မှု ရှိ/မရှိ သက်ဆိုင်ရာဌာနမှ အချိန်မရွေးလာရောက်
စစ်ဆေးကြည့်ရှုနိုင်ကြောင်း၊ ဆေးရုံဝင်းအတွင်း ခွင့်ပြုချက်ဖြင့်လဖက်ရည်ဆိုင်ဖွင့်လာသည်မှာ (၁၄)နှစ်ခန့်ရှိပြီးဖြစ်သော်လည်းတရားဥပဒေကိစ္စနှင့် ပတ်သက်၍ တကြိမ်တစ် ခါမှပြဿနာအရှုပ်အရှင်းများမရှိခဲ့ကြောင်း ဆိုင်ပိုင်ရှင် မိသားစုဝင်တစ်ဦးမှပြောကြားပါသည်။ဂျာနယ်ပါသတင်းရေးသားဖော်ပြချက်များနှင့်ပတ်သက်၍ဆိုင်ပိုင်ရှင်ပြောကြားရာမှာတော့ “ ကျွန်မတို့ ဥပဒေနှင့်မလွတ်ကင်းသောလုပ်ရပ်များ လုံးဝလုပ်ဆောင်ခြင်းမရှိပါ။ တကယ်လုပ်နေ တယ်ဆိုလျှင်ဘေးပတ်ဝန်းကျင်းက ရဲနဲ့အကြောင်းကြားမှာပေါ့။ မနာလိုသူ တစ်ဦးတစ်ယောက်ကတမင်လုပ်ကြံစွပ်စွဲပြောဆို ခြင်းသာဖြစ်ပါတယ်။မိသားစုဂုဏ်သိက္ခာလည်းကျဆင်းရတယ်။အရှက်တကွဲအကျိုးနည်းလည်း ဖြစ်ရတယ်။
ဆိုင်နာမည်ပျက်ရတယ်။ ကျွန်မတို့ မိသားစု ဘ၀ပျက် လူတောမတိုးဝန့်အောင်၊ဂုဏ်သိက္ခာညှိုးနွမ်းအောင် တစ်စုံတစ်ယောက်မှလုပ်ကြံဖန်တီးနေခြင်းသာဖြစ်ပါသည်ဟု ပြောကြားပါသည်။“ အခုဟာက လောင်းကစား လုပ်ကြောင်း ပေါ်ပေါက်လို့ တရားခံလည်းထောင်ကျသွားပြီးဆိုတော့ ခိုင်လုံနေပြီးပဲ ’’ဆိုသောရေးသားချက်နှင့်ပတ်သက်ပြီး စုံစမ်းရာ ထောင်ကျအပစ်ပေးခံရသူမှာဆိုင်ပိုင်ရှင်မိသား စု၊ ဆွေမျိုးသားချင်းများနှင့် မသက်ဆိုင်ကြောင်း၊
ရိုးရိုးသားသားလုပ်ကိုင်စားသောက်နေသော မိသားစုဖြစ်ကြောင်း၊လဖက်ရည်လာရောက်သောက်သုံးသူ တစုံတစ်ယောက်နှင့်သာ သက်ဆိုင်ကြောင်းပတ်ဝန်ကျင်၏ ပြောကြာအချက်အရသိရှိရသည်။
အဖေ့သား(ပဲခူး)
From -HotNewsJournal

No comments:

Post a Comment