Monday, October 22, 2012

ဦးခင်ညွန့် လူမြင်ကွင်းသို့ ပြန်ထွက်လာခြင်း



ဦးခင်ညွန့်တယောက် လူမြင်ကွင်းကို တဖြည်းဖြည်း ပြန်ထွက်လာပါပြီ အခု ဆို နိုင်ငံရေး အကျဉ်းသား ဟောင်း အရှင်ဝိရသူနဲ့ တွေ့နေတယ်လို့ သိရှိ ရပါတယ်။



တချို့ ဝေဖန်ရေးသားထားတာတွေကလည်း စိတ်ဝင်စားစရာပါ။ ဦးခင်ညွန့်ရော အရှင်ဝီရသူရော ၂ ဦးလုံးဟာ လောကဓံကို အကျဉ်းသား ဘ၀တွေနဲ့ ရင်ဆိုင်ခဲ့ရဘူးတာတော့ တူပါတယ်။

မတူတာကတော့ အာဏာ အရှိဆုံး ဖြစ်ခဲ့မှုနဲ့ အာဏာမရှိဆုံး ဖြစ်ခဲ့ရ တာတွေပါ။ ဦးခင်ညွန့်ကတော့ မကြာသေးခင်ကလည်း သမ္မတဦးသိန်းစိန်ကို မဝေဖန်သင့်ဘူးလို့ ပြောခဲ့ပါသေးတယ်။ ဒီအပြင် ကြံ့ခိုင်ရေး ပါတီနဲ့
ပတ်သက်ပြီး အရင်ကနဲ့ အခု ရည်ရွယ်ခဲ့တာတွေ လုံးဝမတူတော့ဘူးလို့ မှတ်ချက် တိုတိုရှင်းရှင်း ကို ပြောသွားခဲ့ပါသေးတယ်။ 

ဆိုင်းငံ့ပြစ်ဒဏ် ထောင်ဒဏ် ၄၄ နှစ်ကို နေအိမ်အကျယ်ချုပ်ချမှတ်ခံထား ရာက သမ္မတ ဦးသိန်းစိန်ရဲ့ ယခုနှစ်ဆန်းပိုင်းက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာပြီး လူမှုရေးလုပ်ငန်းတွေသာ လုပ်ကိုင်နေပါ တယ်လို့ သူက ဆိုထားပါတယ်။

ပြန်လည်လွတ်မြောက်လာပြီး ဒီပဲယင်းကိစ္စမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ရဲ့ အသက်ကို ကယ်တင်ခဲ့တယ်ဆိုတဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီးအတော် ပွဲဆူခဲ့ပါတယ်။ သူကတော့ ဒီစကားကိုလည်း မပြောခဲ့ဘူးလို့ အစိုးရ သတင်း ရဲတပ်ဖွဲ့က ထွက်ပြီး သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ရသည်အထိဖြစ်ခဲ့ရတာပါ။

irrawaddy

No comments:

Post a Comment