Tuesday, October 30, 2012

ဘတ်စ်ကားစီးပြည်သူများ စိတ်ဆင်းရဲ ၊ ကိုယ်ဆင်းရဲ အဖြစ်များ ပြေလည်ရေး

ရန်ကုန်မြို့တော်ရှိ ဘတ်စ်ကားစီး ခရီးသွားပြည်သူလူထုကြီး နေ့စဉ်တွေ့ကြုံ ခံစားနေကြရသည့် စိတ်ဆင်းရဲ၊ကိုယ်ဆင်း ရဲဒုက္ခများနှင့် စပ်လျဉ်းပြီး သတင်းစာများ၊ ဂျာနယ်များတွင် ရေးသားသည့် ဆောင်း ပါးများ၊ အယ်ဒီတာထံပေးစာများကို မ ကြာခဏ ဖတ်ရှုလေ့လာခဲ့ရပါတယ်။ နိုင်ငံ တော်သမ္မတကြီး ဦးသိန်းစိန်၏ ၂၀၁၂
ခုနှစ်၊ မေလ (၁၁)ရက် မိန့်ခွန်းတစ်နေရာ တွင်လည်း ဘတ်စ်ကားကျပ်တည်းမှုနှင့် ခရီးသွားပြည်သူများ အချိန်ကုန်လူပင် ပန်းဖြစ်ရပုံများကိုပါ ဖော်ပြထားကြောင်း ဖတ်ရှုခဲ့ရပါတယ်။ ရန်ကုန်မြို့တော်တွင် ခရီးသည်တင်ဘတ်စ်ကားများကြောင့် ၂၀၁၂ ခုနှစ်၊ ပထမ (၆)လတာကာလ အတွင်း ယာဉ်တိုက်မှု (၁၃၆)မှုရှိပြီး၊ သေ ဆုံးသူ (၁၅၂)ဦး၊ ထိခိုက်ဒဏ်ရာရသူ (၉၆၅)ဦး ရှိကြောင်း သတင်းများအရ သိရပါတယ်။
အထက်ပါ သတင်းများနှင့် ဆောင်း ပါးများကို ဖတ်ရှုပြီး ကျွန်တော်ကိုယ်တိုင် လည်း ဘတ်စ်ကားစီးခရီးသည်တစ်ဦးအ နေဖြင့် ယနေ့ခရီးသွားပြည်သူလူထုကြီး နေ့စဉ်တွေ့ကြုံနေရကြသည့် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဘ၀မှ အထိုက်အလျောက် ပြေလည်ရေးအတွက် လက်တွေ့ကျပြီး အမြန်ပြုပြင်ဆောင်ရွက်သင့်သည့်အချက် အချို့ကို တင်ပြလိုပါတယ်။ ယခု ကျွန် တော်တင်ပြမည့် အကြံပြုချက်များမှာ ငွေကုန်ကြေးကျ၊ အမြောက်အမြား ကုန် ကျရန်မလိုဘဲ ပြုပြင်ပြောင်းလဲလိုစိတ် နှင့် စည်းကမ်းများကို လေးစားလိုက်နာ ကြရန်သာ လိုမည်ဟု ယူဆပါတယ်။ ပြု ပြင်ဆောင်ရွက်ရန် လိုအပ်မည့်အချက် အများအပြားရှိသည့်အနက် အောက် ဖော်ပြပါ အချက်အချို့ကို အမြန်ဆုံး ဦး စားပေးပြုပြင်ဆောင်ရွက်သွားသင့်ပါတယ်။
ပထမဦးစားပေးပြုပြင်ရန်အချက်
ဘတ်စ်ကားများကို သတ်မှတ်ထား သည့်မှတ်တိုင်နေရာတွင်သာ စနစ်တကျ ရပ်စေရန်။ ဘတ်စ်ကားများရပ်ရာတွင် ပလက်ဖောင်းနဲ့တစ်ပြေးညီရပ်ပြီးမှသာ ခရီးသည်များအဆင်းအတက်ပြုလုပ်ရန်။ သတ်မှတ်ယာဉ်ရပ်နားနေရာတွင် ပလက် ဖောင်းနဲ့တစ်ပြေးညီ ရပ်ပြီးမှသာ ယာဉ် တံခါးများကို ဖွင့်ပေးရန်။ ယနေ့ ဘတ်စ် ကားများ စည်းမဲ့ကမ်းမဲ့ရပ်နားပြီး ခရီး သည်အတင် အချပြုလုပ်နေမှုများကို အမြန်ဆုံး ပြုပြင်ဆောင်ရွက်သွားရန်။
ဒုတိယဦးစားပေးပြပြင်ရန်အချက်
ဘတ်စ်ကားအဆင်းအတက်တံခါး ကိစ္စဖြစ်ပါတယ်။ ယနေ့ ခရီးသွားပြည်သူ များ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ အဖြစ်ရ ဆုံးကိစ္စဖြစ်ပါတယ်။ လက်ရှိ တံခါးတစ် ပေါက်တွင်သာ အဆင်းအတက်ပြုလုပ် နေကြရ၍ ခရီးသည်များအပြည့်အကျပ် စီးနင်းလိုက်ပါချိန်တွင် ပြဿနာမျိုးစုံကြုံ တွေ့နေကြရပါတယ်။ ခရီးသည်များ အပြည့်အကျပ်တင်နိုင်ရန် တံခါးပေါက် ၏ အရှေ့ဘက်နဲ့ အနောက်ဘက်များသို့ တိုးဝှေ့နေရာယူခိုင်းခြင်း၊ စပါယ်ယာ အချို့က အော်ငေါက်တွန်းထိုးနေရာယူ ခိုင်းခြင်း၊ (မိမိကိုယ်တိုင်ကိုယ်တွေ့ခံရ ပေါင်းများပါပြီ)။ ဆင်းရမည့် မှတ်တိုင် မရောက်မီ တံခါးဝသို့ ကြိုတင်လာ ရောက်ခိုင်းခြင်း။ အစရှိသော ဒုက္ခအ၀၀ ကို ခရီးသည်များနေ့စဉ် တွေ့ကြုံနေကြ ပါတယ်။ ထိုဒုက္ခများမှ လွတ်မြောက်ရန် ကားနောက်ပိုင်းတွင် နောက်ထပ်တံခါး (၁)ပေါက်ထားပေးခြင်းအားဖြင့် ခရီး သည်များ အပြည့်အကျပ်စီးနင်းလိုက်ပါ  ကြစေကာမူ အချိန်တိုအတွင်း သက် သောင့်သက်သာ အဆင်းအတက်ပြုလုပ် နိုင်မည်ဖြစ်ပါတယ်။ ဘတ်စ်ကားများ တွင် ယာဉ်အကူ(၂)ယောက်ထားပြီးဖြစ် ၍ ယာဉ်စီးခကောက်ခံရေးတွင်လည်း အခက်အခဲမရှိနိုင်ဟု ယူဆပါတယ်။
တတိယဦးစားပေးပြုပြင်ရန်အချက်
ဘတ်စ်ကားရပ်နားရန် သတ်မှတ် ထားသည့်နေရာတွင် အခြားမည်သည့် ယာဉ်မျှ ရပ်နားခွင့်မပြုရန်။
စတုတ္ထဦးစားပေးပြုပြင်ရန်အချက်
ဘတ်စ်ကားရပ်ရန် သတ်မှတ်ထား သည့် နေရာတွင် လမ်းအပေါက်အပြဲ များ၊ ချိုင့်ခွက်များမရှိစေရန်အတွက် ဦးစားပေးပြုပြင်သွားရန်။
အထက်တွင်ကျွန်တော်တင်ပြထား သော အကြံပြုချက်များကို လက်တွေ့ပြု ပြင်ဆောင်ရွက်သွားနိုင်ပါက ယနေ့ ရန်ကုန်မြို့တော် ဘတ်စ်ကားလောက အတွင်း စည်းမဲ့ကမ်းမဲ့ပရမ်းပတာဖြစ်နေ မှု အခြေအနေများ၊ ယာဉ်တိုက်မှုများ၊ လူသေဆုံးမှုများ၊ ထိခိုက်အနာတရဖြစ်မှု များ၊ ဘတ်စ်ကားစီးခရီးသည်များ နေ့ စဉ်ကြုံတွေ့နေသည့် စိတ်ဆင်းရဲကိုယ် ဆင်းရဲအဖြစ်ဆိုးများမှ အထိုက်အလျောက် ကျော်လွှားသွားနိုင်မယ်လို့ ယူဆပါတယ်။
ဘတ်စ်ကားလောက ပြုပြင်ပြောင်း လဲရေးဆောင်ရွက်ရာတွင် အဓိကအား ဖြင့် ယာဉ်မောင်းများ၊ စပယ်ယာများ၊ ယာဉ်စည်းကမ်းထိန်းသိမ်းသူများ အခြား လမ်းအသုံးပြုသူများပါ အသိနဲ့ယှဉ်ပြီး စည်းကမ်းထိန်းသိမ်းလိုက်နာရန် လိုမည် ဟု ယူဆပါတယ်။ သတ်မှတ်ထားသည့် စည်းကမ်းများဖြစ်သည့် ဘတ်စ်ကားမှတ် တိုင်တွင်သာ စနစ်တကျတန်းစီရပ်နားပြီး ခရီးသည်များအဆင်းအတက်ပြုလုပ်ခြင်း၊ ခရီးသည်များအပေါ် ယဉ်ကျေးသိမ်မွေ့ စွာ ဆက်ဆံခြင်း၊ ယာဉ်စည်းကမ်းအ တိုင်းမောင်းနှင်ခြင်းအစရှိသော လိုအပ် သည့် စည်းကမ်းများကို ညှိနှိုင်းရေးဆွဲ သတ်မှတ်ပေးသင့်ပါတယ်။ စည်းကမ်း ထိန်းသိမ်းလိုက်နာရေးအတွက် ယာဉ် စည်းကမ်းထိန်းသိမ်းရေးရဲများ၊ ကြီးကြပ် ရေးဝန်ထမ်းများ၊ ခရီးသည်များ ကိုယ် တိုင်ကပါ ၀ိုင်းဝန်းကြပ်မတ်ပေးရန်လို မည်ဖြစ်ပါတယ်။ လက်ရှိအခြေအနေ များတွင် ဘတ်စ်ကားစီးခရီးသည်များ ကိုယ်တိုင်က ယာဉ်မောင်းများ၊ စပယ် ယာများ စည်းကမ်းချိုးဖောက်လုပ်ဆောင် နေမှုများ၊ ရိုင်းရိုင်းပြပြပြောဆိုဆက်ဆံနေ မှုများကို ဥပက္ခာပြုပြီး မိမိတို့နှင့် မဆိုင် သလို ခေါင်းငုံ့ပြီး ငြိမ်ခံနေကြပါတယ်။ ယခုအချိန်အခါတွင် ထိုကဲ့သို့ ကိုယ်နှင့် မဆိုင်သလို ဥပက္ခာပြုမှုများ မရှိသင့် တော့ပါ။ စည်းကမ်းဖောက်ဖျက်မှုများနှင့် ပတ်သက်လို့ ပထမအကြိမ် သတိပေး ခြင်း၊ ဒုတိယအကြိမ်ထိထိရောက်ရောက် ဒဏ်ငွေရိုက်ခြင်း၊ တတိယအကြိမ် အ လုပ်လုပ်ခွင့် လက်မှတ်ပြန်သိမ်းပြီးဘတ်စ် ကားလောကမှ အပြီးအပိုင်ထုတ်ပယ် သွားသင့်ပါတယ်။
ယခု ကျွန်တော်တင်ပြသည့်အချက် များကို ဆောင်ရွက်သွားရန်အခက်အခဲ မရှိနိုင်ဟု ယူဆပါတယ်။ ထူးထူးခြားခြား ငွေကုန်ကြေးကျများလည်း ရှိမည်မဟုတ် ပါ။ ပြုပြင်ပြောင်းလဲရေးအတွက် အဓိက လိုအပ်ချက်မှာ ပြုပြင်ပြောင်းလဲလိုစိတ်နဲ့ စည်းကမ်းလိုက်နာလိုစိတ်များသာအရေး ကြီးပါတယ်။
ထို့ကြောင့် ယနေ့ရန်ကုန်မြို့တော် ဘတ်စ်ကားလောက ပြုပြင်ပြောင်းလဲ ရေးအတွက် ဆောင်ရွက်စရာ အများ အပြားရှိသည့်အနက် အထက်တွင် ကျွန် တော်တင်ပြထားသည့် အချက်အချို့ကို အမြန်ဆုံးပြုပြင် ဆောင်ရွက်သွားနိုင်မည် ဆိုပါက ခရီးသွားပြည်သူများနေ့စဉ်နဲ့ အမျှ တွေ့ကြုံခံစားနေရသည့်စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဘ၀မှ ပြေလည်သွားနိုင် မည်ဟု ယူဆပါတယ်။

စောချစ်စိန် (အင်းစိန်)
From-HotNewsJournal

No comments:

Post a Comment