Thursday, October 4, 2012

CDMA 800 MHz ဖုန်း အင်တာနက်လျှောက်ထားခွင့် ရပ်ဆိုင်း

CDMA 800 MHz ဖုန်း အင်တာနက် လျှောက်ထားခွင့်ကို အောက်တိုဘာလ(၂)ရက်နေ့မှ အကန့်အသတ်ဖြင့် ရပ်နားလိုက်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သိရှိရသည်။
 
အင်တာနက် လျှောက်ထားမှု ခေတ္တရပ်နားထားရခြင်းမှာ အင်တာနက်လိုင်းဆွဲအားနှင့်အသုံးပြုသည့် အလုံးရေမျှတမှုရှိစေရန်အတွက်ဖြစ်သည်။

 
ဒီလို အင်တာနက်လျှောက်ထားမှုရပ်နားခြင်းဟာ အချိန် ဘယ်လောက် ကြာမြင့်မယ် ဆိုတာ ကိုတော့ အတိအကျမသိရှိရသေးဘူး။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
 
လက်ရှိ တွင် GSM ဖုန်းများ အင်တာနက် လျှောက်ထားမှုကို လက်ခံလျက်ရှိပြီး မြန်မာ့ ဆက်သွယ် ရေးနှင့် ချိတ်ဆက်လုပ်ကိုင်နေသည့် ပုဂ္ဂလိကမိုဘိုင်းဖုန်းဝန်ဆောင်မှုကုမ္ပဏီတွေက တဆင့်လက်ခံ   ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရှိရသည်။
 
အခုလို CDMA 800 MHz ဖုန်း အင်တာနက်လျှောက်ထားခြင်း ရပ်နားမှုကို ခေတ္တသာ ရပ်နားခြင်း ဖြစ်ပြီး   နောက်ပိုင်းတွင် ပြန်လည်လျှောက်ထားမှုပြုလုပ်နိုင်လိမ့်မည်ဟု မြန်မာ့ဆက်သွယ်ရေးနှင့် ချိတ်ဆက်ထားသည့် ပုဂ္ဂလိကကုမ္ပဏီက သိရသည်။
 
 GSM ဖုန်း အင်တာနက်လိုင်းလျှောက်ထားမှုအား မြန်မာ့ဆက်သွယ်ရေးမှ သတ်မှတ်ထားသည့် အတိုင်း အင်တာနက်အတွက် ကျပ်တစ်သောင်းနှင့် ၀န်ဆောင်ခ တစ်ထောင်ကျပ် သတ်မှတ်၍ ဆောင်ရွက်ပေး လျက်ရှိသည်ဟု E-Lite Tech Services မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
From-မြစ်မခ

No comments:

Post a Comment