Tuesday, October 9, 2012

တရုတ်ဆက်သွယ်ရေး လုပ်ငန်းကြီးများဖြစ်သည့် Huawei နှင့် ZTE သည် အမေရိကန်အတွက် လုံခြုံရေးခြိမ်းခြောက်မှု ဖြစ်ကြောင်း ကွန်ဂရက်အထူးအဖွဲ့ သတိပေး


တရုတ်ဆက်သွယ်ရေး လုပ်ငန်းကြီးများဖြစ်သည့် Huawei နှင့် ZTE သည် အမေရိကန်လုံခြုံရေးအတွက် ခြိမ်းခြောက်မှုဖြစ်နေပြီး ယင်းလုပ်ငန်းကြီးများ အမေရိကန်တို့နှင့် စီးပွားရေးလုပ်ကိုင်ခြင်းကို တားမြစ်သင့်ကြောင်း အမေရိကန် အောက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီက တစ်နှစ်ကြာ စုံစမ်းလေ့လာပြီးနောက် ထုတ်ဝေခဲ့သည့် အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

Huawei နှင့် ZTE သည် တရုတ် အစိုးရ၏လွှမ်းမိုးမှု လွတ်ကင်းသည်ဟု မယုံကြည်နိုင်ကြောင်း၊ အမေရိကန် လုံခြုံရေးကို ခြိမ်းခြောက်ရန်အတွက် ယင်းကုမ္ပဏီများကို အသုံးချနိုင်ကြောင်း ကော်မတီ၏ အစီရင်ခံစာတွင် ရေးသားခဲ့သည်။

စီးပွားရေးနှင့် စစ်ရေးခြိမ်းခြောက်မှုများ အတွက် အလျင်အမြန် တိုးတက်နေသော ယင်းလုပ်ငန်းများ ကို တရုတ်က အသုံးချလာနိုင်ကြောင်း စိုးရိမ်မှုများအတွက် အောက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီက စုံစမ်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။
From -EMG

No comments:

Post a Comment