Tuesday, October 23, 2012

KNU ညီလာခံကျင်းပပြီး ခေါင်းဆောင်သစ်ရွေးမည်

 

ကရင်အမျိုးသားအစည်းအရုံး KNU ၏ ဗဟိုကော်မတီဝင်များက လာမည့် ကြာသပတေးနေ့တွင် အထူးအရေးပေါ်အစည်းအဝေးကျင်းပပြီး မကြာေ သး မီကထုတ်ပယ်လိုက်သည့် ထိပ်တန်းခေါင်းဆောင်တို့ကို မူလတာ ၀န်များ ပြန်လည် ခန့်အပ်ရေး အပါအ၀င် အဖွဲ့အတွင်းဖြစ်ပေါ်နေသည့် အခြေအနေများကို ဆွေးနွေးညှိနှိုင်းကြမည်ဟု သိရသည်။


ယမန်နေ့ကစတင်ပြီး KNU ဘားအံခရိုင်၊  လေးဝါးတပ်စခန်းတွင် ၂ ရက်ကြာပြုလုပ်ခဲ့သည့်  ပြည်လည်ရင်ကြားစေ့ရေး ဆွေးနွေးပွဲတွင်  ပြဿနာများကို ညှိနှိုင်းခဲ့ကြပြီး သဘောတူညီချက်တချို့ ရရှိခဲ့သည်ဟု ဆိုသည်။

အဖွဲ့၏ကြီး ၅ ကြီးနှင့် ထုတ်ပယ်ခံများကိုထောက်ခံသည့် ဗဟိုအဆင့်ခေါင်းဆောင်အချို့တို့ကြား ထိုသို့ သဘောတူညီချက်ရရှိခဲ့ကြခြင်း ဖြစ်သည်။


ကြီး ၅ ကြီးတွင် KNU ဒုဥက္ကဌ ပဒိုဒေးဗစ်သကဘော၊ အထွေထွေအတွင်းရေးမှူးနော်စီဖိုးရာစိန်၊ တွဲဘက်အတွင်းရေးမှူးများဖြစ်သည့် ပဒိုလှငွေ၊ ပဒိုဒေါ့လေးမူတို့ ပါရှိပြီး၊
တဘက်မှဒူးပလာယာခရိုင် ဥက္ကဌ ပဒိုရွှေမောင်း၊ ဘိတ်/ထားဝယ် ဥက္ကဌ ပဒိုကွယ်ထူးဝင်းနှင့် ပဒိုရောဂျာခင်၊ ပဒိုလေးလော်ဆော၊ ပဒိုထူးထူးလေးတို့ တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲကို ကြားနေသဘာပတိအဖြစ် KNU ဗဟိုတရားသူကြီးချုပ် ပဒိုမန်းရင်စိန်က ဆောင်ရွက်ပြီး သဘာပတိအဖွဲ့ဝင်များ အဖြစ် တပ်မဟာ ၅ မှူးဗိုလ်မှူးချုပ်ဘောကျော်ဟဲ၊  အမှတ် ၇ တပ်မဟာမှူး ဗိုလ်မှူးချုပ်စောဂျော်နီနှင့် ဘာသာရေးဆရာတဦးက ဆောင်ရွက်ခဲ့ကြသည်။

သဘောတူညီချက်များအရ  ဗဟိုအမြဲတမ်းကော်မတီ အထူးအစည်းအဝေးအပြီး  ၁၄ ကြိမ်မြောက် ညီလာခံ သက်တမ်း၏ နောက်ဆုံးဗဟိုကော်မတီအစည်းအဝေးကို ကျင်းပခြင်း၊ ထို့နောက် ၁၅ ကြိမ်မြောက် KNU ညီလာခံကို ဆက်လက် ကျင်းပခြင်း စသည်တို့ ပေါ်ပေါက်လာမည် ဖြစ်သည်။ လာမည့်နှစ်များတွင် တာဝန်ယူမည့် KNU  ခေါင်းဆောင်သစ်တို့ကို ညီလာခံတွင် ရွေးချယ်သွားမည်ဖြစ်သည်။



လက်ရှိ KNU ဥက္ကဋ္ဌမှာ ဗိုလ်ချူပ်ကြီး တာမလာဘော ဖြစ်သည်။


KNU တွင် ဗဟိုကော်မတီဝင် ၃၀ နှင့် အရံဗဟိုကော်မတီဝင် ၁၅ ဦး ရှိပြီး ၎င်းတို့အားလုံး ကြာသပတေးနေ့ အထူးအရေးပေါ်အစည်းအဝေးအပါအ၀င်၊  ဗဟိုကော်မတီအစည်းအဝေးနှင့် ၁၅ ကြိမ်မြောက်ညီလာခံကို တက်ရောက်ကြမည်ဖြစ်သည်။

ဗဟို၏ခွင့်ပြုချက်မပါဘဲ ကရင်ပြည်နယ်ဘားအံမြို့တွင် KNU ဆက်ဆံရေးရုံး သွားရောက်ဖွင့်လှစ်ခံရာတွင် ဦးဆောင်သူများဖြစ်သည့် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊
ဗဟိုတရားရေးဌာနတာဝန်ခံပဒိုဒေးဗစ်ထော၊ ဗဟိုလူမှုဝန်ထမ်းနှင့်ကယ်ဆယ်ရေးဌာန တာဝန်ခံ ပဒိုရောဂျာခင်တို့ကို
အဖွဲ့၏ စည်းမျဉ်းစည်းကမ်းများ အကြိမ်ကြိမ် ဖောက်ဖျက်မှုဖြင့် KNU ဗဟိုက ယခုလ ၂ ရက်နေ့ ရက်စွဲဖြင့် တာဝန်များမှ ရပ်စဲလိုက်သည့်အပြင် အဖွဲ့ဝင်အဖြစ်မှလည်း ထုတ်ပယ်ကြောင်း ကြေညာခဲ့သည်။

အဆိုပါ ထုတ်ပယ်မှုကို အဖွဲ့အတွင်း ထောက်ခံသူများနှင့် မထောက်ခံသူများ ပေါ်ပေါက်လာပြီး  သဘောထားတင်းမာမှုများ ဖြစ်ပေါ်လျက်ရှိသည့်အတွက် ယခုလ ၈ ရက်နေ့မှ စတင် ကျင်းပမည့်  ဗဟိုကော်မတီအစည်းအဝေး နှင့် ၁၅ ကြိမ်မြောက် ညီလာခံတို့ကို ရက်ရွှေ့လိုက်ရခြင်း ဖြစ်သည်။

ထုတ်ပယ်ခံရသူများအနက် ပဒိုဒေးဗစ်ထောမှာယခုလ ၁၄ ရက်နေ့က အဆုတ်ရောဂါဖြင့် ရန်ကုန်မြို့ရှိ မင်္ဂလာစစ်ဆေးရုံကြီးတွင် ကွယ်လွန်ခဲ့ပြီး ၎င်း၏ဈာပနအခမ်းအနားကို ယခုလ ၁၇ ရက်နေ့က KNU စစ်ရုံးတည်ရှိရာ လှိုင်းဘွဲမြို့နယ်ရှိ သေဘေထာ့တပ်စခန်းတွင် ကျင်းပကာ ဂူသွင်းမြုပ်နှံခဲ့သည်။

ဧရာဝတီ - သတင်းဌာန

No comments:

Post a Comment