Saturday, October 27, 2012

ပုသိမ် NLD ပါတီဝင် ၁၀၀ ကျော် နှုတ်ထွက်ပွဲ အခမ်းအနားနှင့်အလံချပွဲပြုလုပ်ကျင်းပ


http://www.myitmakhamediagroup.com/administratorpanel/image/23-10-12-7.JPG
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ပုသိမ်ခရိုင်/ပုသိမ်မြို့နယ်) ၏ စုပေါင်းနှုတ် ထွက်ပွဲနှင့် ဆိုင်းဘုတ်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ အောက်တိုဘာ ၂၇ ရက် အချိန် နံနက်နံနက် ၁၁း၀၀ နာရီက ပုသိမ်မြို့တွင် ကျင်းပ ခဲ့ကြောင်း သတင်းရရှိသည်။
ယနေ့ နှုတ်ထွက်သူ အရေအတွက်မှာ စုစုပေါင်း ၁၃၂ ဦး ရှိပြီး နောက်ထပ် လည်း နှုတ်ထွက်မည့်သူ အများအပြား ရှိနေကြောင်း သိရသည်။

ဗဟိုဦးစီး စနစ်ဖြင့် အဏာရှင်ဆန်မှု၊ ခေါင်းဆောင်များမှ အသက်အိုမင်း ရင့်ရော်ချိန်ထိ နေရာဖယ်မပေးမှု ၊ ပါတီတွင်း လိင်ပိုင်းဆိုင်ရာ ရှုတ်ထွေးမှု၊ ပြည်ပအထောက်အပံ့များကို အညီအမျှ မရရှိမှု နှင့် တိကျသည့် မူဝါဒ မရှိမှု များကြောင့် နိုင်ငံတဝှမ်းမှ NLD ပါတီဝင် အများအပြားမှ နှုတ်ထွက်ရန် ကြိုးစားလျှက် ရှိကြောင်း သိရသည်။


 ပါတီတွင်း ဒီမိုကရေစီ မရှိမှု၊ နီးစပ်သူများကသာ နေရာယူထားမှုများကြောင့် မြောင်းမြ၊ ပုသိမ်၊ ကော့သောင်း နှင့် တွံတေး အပါအဝင် အခြား မြို့နယ်များမှ NLD ပါတီဝင်များမှ ကိုယ့်ပါတီကိုယ် ဆန္ဒပြခြင်းများကို ယခုနှစ်အတွင်း ပြုလုပ်ခဲ့ကြသည်။


NLD ပါတီသည် ရခိုင်အရေး ကိစ္စတွင် သေဆုံးသူ ရခိုင်တိုင်းရင်းသားတို့အတွက် တစုံတရာ လုပ်ဆောင်ပေးခြင်း မရှိသလို၊ ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှလည်း မွတ်ဆလင် များဖက်မှ ဘက်လိုက်မှုများ ရှိကြောင်း ဝေဖန်မှု များ ရှိသည့်အပြင် ရခိုင်အရေး ကြညာချက်တွင်လည်း မွတ်ဆလင် အနည်းစုသာ ရှိပြီး ပြဿနာ မဖြစ်သော အမ်းမြို့ ကို မှားယွင်း ထည့်သွင်းဖော်ပြ မှုကြောင့် လူထု က စိတ်ပျက်လျှက် ရှိကြောင်း သိရသည်။
တစ်ကယ်ဆို ရခိုင်ပြည်သူတွေရဲ့ ရင်ဘတ်လေးတွေကိုဖိကာ အမေအားပေးစကားသွားပြောသင့်တာပေါ့- အမေရတဲ့ဆုတွေအတွက်ဝမ်းသားရပါတယ်၊

http://2.bp.blogspot.com/-taql7Sd09js/UIkC3UQdfJI/AAAAAAAAbjY/tg0RV45RkKw/s1600/554186_379754432099261_24654691_n+-+Copy.jpg 
အမေ့တို့ထုတ်တဲ့ ကြေညာချက် မြို့တောင်လွဲမှားဖော်ပြတယ်၊ တစ်ကယ်ဆိုတောင်းပန်စာလေးပြန်ရေးရမှာပေါ့၊ 

 
 
Photo: မင်းပြား၊ မြောက်ဦးတွင် မီးဘေးဒုက္ခသည်နှင့် နေအိမ်စွန့်ခွာသူ(၃၀၀၀)ခန့်ရှိ

Written by မင်းသွီး     Friday, 26 October 2012 
      
အောက်တိုဘလအတွင်း မြောက်ဦး-မင်းပြားတွင် ဖြစ်ပွားခဲ့သည် ဆူပူအကြမ်းဖက်မှုများကြောင့် ယခုအခါတွင် မီးဘေးဒုက္ခသည်နှင့် နေအိမ်စွန့်ခွာထွက်ပြေးသူပေါင်း(၃၀၀၀)ခန့်ရှိကြောင်း သတင်းရရှိသည်။

ပိုးဖြူကျွန်း၊ ကျောက်တန်းကုန်း၊ ပရိန်ကုန်း၊ မြရိပ်ကျွန်း စသည့်ကျေးရွာများမှ ဒေသခံများသည် ပန်းမြောင်း၊ ဂုံးချွန်၊ ဆင်အုပ်ကြီး၊ ဆင်အုပ်ချေ၊ စေတီကုန်း၊ လီညှင်းတောင် စတဲ့ ကျေးရွာစုစုပေါင်း (၁၀)ရွာသို့ ထွက်ပြေးခိုလှုံ နေကြပြီး လူဦးရေ (၂၅၀၀)ခန့်ရှိမည်ဟု မြောက်ဦးမြို့ ဒုက္ခသည်ကယ်ဆယ်ရေးအဖွဲ့မှ ပြောသည်။

"အခုမြောက်ဦးမြို့ပေါ်မှာ ရတနာ့မာရ်အောင်ကျောင်း၊ အလိုတော်ပြည့်ကျောင်း၊ လက်ကောက်ဈေးကျောင်းနဲ့ စန္ဒမုနိကျောင်းတွေမှာ မီးဘေးဒုက္ခသည်နဲ့ နေ့အိမ်စွန့်ခွာထွက်ပြေးလာသူ(၅၀၀)ကျော်ရှိပါတယ်။ မြောက်ဦးမြို့ပေါ်ကိုလာဖို့ ခက်ခဲသွားခဲ့တဲ့ လူပေါင်း (၂၅၀၀)လောက်ဟာ အဲဒီကျေးရွာ(၁၀)ရွာမှာ ရောက်ရှိနေပါတယ်။ ထွက်ပြေးလာခဲ့တဲ့ ကျေးရွာက(၅)ရွာပါ။ တစ်ရွာမှာ အိမ်ခြေ(၁၀၀)နဲ့ (၂၀၀)ကြားမှာရှိပါတယ်။"ဟု ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှ အတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ပြောသည်။

ယင်းကျေးရွာ(၁၀)ရွာသို့ ရောက်ရှိသွားသည့် ဒုက္ခသည်များကို မြောက်ဦးမြို့သို့ ခေါ်ဆောင်ရန် ရဟန်းသင်္ဃာများနှင့် လူမှုအဖွဲ့အစည်းများမှ ကြိုးပမ်းလျှက်ရှိပြီး ဒုက္ခသည်များ စားဝတ်နေရေးအတွက် မြောက်ဦးမြို့ခံများမှ တာဝန်ယူဖြေရှင်းပေးလျှက်ရှိကြောင်း သိရှိရသည်။

"အဲဒီရွာတွေကိုရောက်သွားတဲ့လူတွေကို မြောက်ဦးမြို့ကိုခေါ်မှဖြစ်မယ်။ ဘာလို့လဲဆိုတော့ ရွာတွေအကုန်လုံးက ဆင်းရဲတော့ လူပေါင်း (၂၅၀၀)ကို ဘယ်လိုလုပ် ကူညီနိုင်မလဲ။ ကျနော်တို့ဆီကနေပြီး အဲဒီရွာတွေကို ရိက္ခာတွေသွားပို့ဖို့ကလည်း ကြားမှာ ဘင်္ဂလီရွာတွေခံနေပြီး လမ်းခရီးကမကောင်းတော့ မဖြစ်နိုင်ဘူး။ ဒါကြောင့် ကျနော်တို့ သက်ဆိုင်အာဏာပိုင်တွေနဲ့ ညှိနှိုင်းပြီး သူတို့ကို ဒီမြောက်ဦးမြို့ထဲကို ခေါ်ယူသွားရမှာပါ။ လိုအပ်တဲ့အကူအညီတွေကိုလည်း ကျနော်တို့ ရခိုင်လူမှုအဖွဲ့အစည်းတွေနဲ့ သက်ဆိုင်ရာပုဂ္ဂိုလ်တွေကို အကူညီတောင်းထားပါတယ်။"ဟု ဦးခိုင်ပြည်စိုးက ဆက်ပြောသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၊ မင်းပြားမြို့နယ်၊ မြေပုံမြို့နယ်နှင့် မြောက်ဦးမြို့နယ်များတွင် ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှုများကြောင့် အောက်တိုဘာလ(၂၄)ရက်နေ့ထိ သေဆုံးသူ(၁၂)ဦး၊ ဒဏ်ရာရရှိသူ(၅၀)ဦး၊ လူနေအိမ်(၁၉၄၈)အိမ်၊ ဘာသာရေး အဆောက်အဦး(၈)ခု မီးလောင်ပျက်စီးခဲ့ပြီး လူအများအပြား အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်ဟု နိုင်ငံတော်သမ္မတရုံး သတင်းထုတ်ပြန်ချက်(၁/၂၀၁၂)တွင် ဖော်ပြထားသည်။

အေးချမ်းမွန်မှ Arakan Time တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From : Arakan Time 
Photo: ရခိုင် တကျော့ပြန် ပဋိပက္ခ လူ ၁၀၀ ကျော် သေဆုံး

ခင်ဦးသာ

ရခိုင်ပြည်နယ်၌ လတ်တလော ဖြစ်ပွားခဲ့သော ပဋိပက္ခအတွင်း သေဆုံးသူဦးရေ စုစုပေါင်း ၁၁၂ ဦးနှင့်ဒဏ်ရာ ရရှိသူ ၆၈ ဦး ရှိ ကြောင်း သိရသည်။

အဆိုပါ စာရင်းသည် အောက်တိုဘာလ ၂၁ ရက်မှ ၂၅ ရက်အတွင်း ပဋိပက္ခ ဖြစ်ပွားခဲ့သည့် မင်းပြား၊ မြေပုံ၊ ကျောက်ဖြူ၊ မြောက်ဦး၊ ကျောက်တော်၊ ရသေ့တောင် စသည့် မြို့နယ်များမှ ရရှိထားသော စာရင်းဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ပြန် ကြားရေး အဖွဲ့ တာဝန်ခံ ဦးဝင်းမြိုင် က ဧရာဝတီ ကို ပြောသည်။

ဒေသခံ ရခိုင်တိုင်းရင်းသားများနှင့်မွတ်စလင် တို့အကြား ဖြစ်ပွားသည့် ပဋိပက္ခကြောင့် သေဆုံးသူ ၁၁၂ ဦး တွင် အမျိုးသား ၅၁ ဦးနှင့် အမျိုးသမီး ၆၁ ဦး ဖြစ်ပြီး နှစ်ဘက်စလုံးမှ သေဆုံးမှု စာရင်းဟုလည်း ဦးဝင်းမြိုင်က ဆိုသည်။ ဒဏ်ရာ ရသူ ၆၈ ဦး တွင် ကလေး ၁၀ ဦးနှင့် အမျိုးသမီး ၄ ဦးပါဝင်ကြောင်းလည်း သိရသည်။

အထက်ပါ မြို့နယ်များ၏ ယနေ့ အခြေအနေသည် တည်ငြိမ်မှု တချို့ရှိနေသော်လည်း ပေါက်တော မြို့နယ်၊ အလယ် ဖရုံကာ ကျွန်း၌ ယနေ့ နံနက်ပိုင်းတွင် လည်းကောင်း၊ ရမ်းဗြဲမြို့နယ်၌ နေ့လယ်ပိုင်းတွင် လည်းကောင်း အပြန်အလှန် မီးရှို့မှု တချို့ ရှိကြောင်း သိရသည်။ ထိခိုက်မှု၊ သေဆုံးမှုကို ဧရာဝတီ က အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ထိုသေဆုံးမှု၊ ထိခိုက်ဒဏ်ရာ ရမှုတို့သည် နှစ်ဘက် အပြန်အလှန် တိုက်ခိုက်မှုများကြောင့်ဟု အာဏာပိုင်တို့က ဆိုသော်လည်း စစ်တပ်က ပစ်ခတ်၍ သေဆုံးသူ၊ ဒဏ်ရာ ရသူအများအပြား ပါဝင်ကြောင်း၊ သေနတ် ဒဏ်ရာဖြင့်သေဆုံးခြင်း၊ ဒဏ်ရာရခြင်းတို့ အများအပြား ပါဝင်ကြောင်း ရခိုင်ဒေသခံတို့ က ပြောသည်။

“ကျနော်တို့က စစ်တပ်ကို စွပ်စွဲတာ မဟုတ်ပါဘူး၊ သေတဲ့ သူတွေထဲမှာ ကျည်ဆန်ထိမှန်တာတွေ အများကြီးပါနေတဲ့ အတွက် ပြောတာပါ၊ ရသေ့တောင် က ဦးအောင်ဇံဝေနဲ့ ဦးသိန်းလှမောင် တို့ဆိုရင် ခန္ဓာကိုယ်ထဲက ကျည်ဆန်ဖောက်ထွက်သွားပြီးမှ သေ တဲ့သူတွေပါ”ဟု ရသေ့တောင် ဒေသခံတဦး က ပြောပြသည်။ ဦးအောင်ဇံဝေ ၏ အသုဘ အခမ်းအနားကို ယနေ့ ကျင်းပ မည်ဟုလည်း သိရသည်။

ဦးအောင်ဇံဝေ နှင့် ဦးသိန်းလှမောင် တို့သည် ရသေ့တောင် မြို့နယ်၊ ညောင်ပင်ကြီး ကျေးရွာ၌ ဖြစ်ပွားသော ပဋိပက္ခကို ထို ဒေ သ ၌ အခြေစိုက်ထားသည့် ခြေမြန်တပ်ရင်း ၅၃၆ မှ ပစ်ခတ် လူစုခွဲရာ၌ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း၊ ကျောက်တော်မြို့ ပဋိပက္ခတွင်လည်း စစ်တပ် ပတ်ခတ်မှုကြောင့် ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

မင်းပြား မြို့မှ စတင်ခဲ့သည့် ဒေသခံရခိုင်တိုင်းရင်းသားများနှင့်မွတ်စလင်တို့ အကြား ပဋိပက္ခသည် ရခိုင်တပြည်လုံးနီးပါး ကူး စက် ပျံ့နှံ့သွားပြီး နှစ်ဘက်အကြား အပြန်အလှန်တိုက်ခိုက်မှု၊ မီးရှို့မှုများ ဖြစ်ပွားကာ ယခုကဲ့သို့ သေဆုံးမှု၊ ထိခိုက်ဒဏ် ရာရမှု များ ဖြစ်ပေါ်ခဲ့သည်။

နှစ်ဘက်အပြန်အလှန် မီးရှို့မှုများကြောင့် လူနေအိမ် ၂၀၀၀၀ ကျော် မီးလောင်ကျွမ်းသွားသည့်အတွက် နှစ်ဘက်စလုံး၌ ဒုက္ခသည် ထောင်ချီ၍ ရှိနေသည်။ ထိုဒုက္ခသည်များအား ကူညီပေးရေး လုပ်ငန်းစဉ်များကို မြို့နယ်အလိုက် စီစဉ်ပေးနေကြောင်း ပြည်နယ် အစိုးရအဖွဲ့က ဆိုသည်။

မွတ်စလင်များနှင့်နီးစပ်သည့် ရခိုင်နှင့်တခြား တိုင်းရင်းသား ကျေးရွာများကလည်း မြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေ ကြသည်။ ထို့အတူ နေအိမ် မီးလောင်သွားသည့် မွတ်စလင်များကလည်း မွတ်စလင် ဦးရေများသည့် ကျေးရွာများကို ပြောင်း ရွှေ့ခြင်းများ ရှိသည်။

ရခိုင်ဒေသတွင်း ပဋိပက္ခ ကြီးထွားလာရခြင်းသည် ဗဟိုအစိုးရနှင့် ဒေသဆိုင်ရာ အာဏာပိုင်တို့၏ အချိန်မီ ထိန်းသိမ်းမှု မရှိခြင်း၊ တာဝန်ယူမှု အားနည်းခြင်းကြောင့်ဟု ဒေသခံများက ဆိုသည်။ လက်ရှိ ပဋိပက္ခကို တာဝန်ယူ ထိန်းသိမ်းပေးနေသည့် စစ်တပ် သည်လည်း လိုအပ်သည်ထက် ပစ်ခတ်မှုကြောင့် သေဆုံးမှုနှင့် ဒဏ်ရာရသူ အများအပြား ရှိကြောင်းလည်း ဒေသခံတို့က ဆို သည်။

ကျောက်ဖြူ၊ မြောက်ဦး၊ မင်းပြား ၊ မြေပုံမြို့ နယ်၌ ဖြစ်ပွားခဲ့သော ပဋိပက္ခအတွင်း အောက်တိုဘာလ ၂၄ ရက်နေ့ထိ သေဆုံး သူ ၁၂ ဦး၊ ဒဏ်ရာ ရသူ ၅၀ ၊ လူနေအိမ် ၁၉၄၈ ခု၊ ဘာသာရေး အဆောက်အအုံ ၈ ခု မီးလောင် ပျက်စီးပြီး လူ အများအပြား အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း ယမန်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် နိုင်ငံတော် သမ္မတရုံး ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ရခိုင်ဒေသတွင် ပြီးခဲ့သည့် မေလ နှင့် ဇွန်လ တို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ အပြီးနောက် တကျော့ပြန် ဖြစ်ပွားလာသော ဆူပူ အကြမ်းဖက်မှုကြောင့် နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ အကျိုးစီးပွားကို နစ်နာစေသဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ တပ်မတော်နှင့် ဒေသ ခံ ပြည်သူများ၏ ပူးပေါင်း ပါဝင်မှုဖြင့် တရား ဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းတည်ငြိမ်ရေး ကို ထိထိရောက်ရောက် ဆောင်ရွက်သွားမည် ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ရခိုင်ပြည်နယ် ပဋိပက္ခတွင် နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားနေသော လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများ ရှိနေကြော်င်း သိရှိရသည့် အတွက် ဖော်ထုတ်ပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သမ္မတရုံး ထုတ်ပြန်ချက်က ဆိုထား သည်။

တောင်ကုတ်မြို့၌ ဇွန်လဆန်းတွင် လူ ၁၀ ဦး အသတ်ခံရမှု ကိစ္စတွင်လည်း နောက်ကွယ်မှ ပါဝင်ပတ်သက်သူ တချို့ရှိသည်ဟု အစိုးရ က ပြောဆိုခဲ့သေးသည်။

ထိုအမှုကို စုံစမ်းစစ်ဆေး ဖော်ထုတ်ရန် ပြည်ထဲရေး ဒု ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့် ဦးဆောင်သော စုံစမ်းစစ်ဆေးရေး ကော် မတီ တခုကို နိုင်ငံတော် သမ္မတ အမိန့်ဖြင့် ဖွဲ့စည်းပေးခဲ့သော်လည်း ယနေ့အထိ တရားခံ ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။

ရခိုင်ပြည်နယ်အတွင်း လက်ရှိ ဖြစ်ပွားနေသည့် ပဋိပက္ခများ၊ အကြမ်းဖက်မှုများ အဆုံးသတ်ရေးအတွက် အရေးယူ ဆောင်ရွက် ရန် ကမ္ဘာ့ ကုလသမဂ္ဂနှင့် အမေရိကန် အစိုးရတို့က မြန်မာအစိုးရ ကို တိုက်တွန်းထားသည်။

အေးချမ်းမွန်မှ  Irrawaddy-Burmeseတွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From : Irrawaddy-Burmese 
Photo: စစ်တွေဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံနေကြသော လူနာများကို တွေ့ရစဉ်။ အောက်တိုဘာ ၂၂ ရက်နေ့ကတည်းက ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် စစ်တွေဆေးရုံသို့ရောက်ရှိလာသော လူနာဦးရေမှာ အောက်တိုဘာ ၂၆ရက်အထိ ၂၇ယောက်ရှိပြီဖြစ်သည်။ သတင်း၊ ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)

အေးချမ်းမွန်မှ 7Day News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :7Day News Journal 
အမေ သွားကြည့်လိုက်ပါ၊ အမေဆုသွားထပ်ယူရမယ်လို့ကြားတယ်၊ ဆုလည်းယူသလို
ပြည်သူတွေအပေါ်လည်း အမေငဲ့ကြည့်သင့်ပါတယ်၊ တစ်ရက်လေးမှ အမေတို့အဖွဲ့တွေရောက်မလားဘူး 

NLD ပါတီမှ ယနေ့ နှုတ်ထွက်ခဲ့သူများကို ပုသိမ်လူထုမှ သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြကြောင်း သတင်း ရရှိသည်။  
ရန်ကုန်သား (အမှန်တရားဘက်ရပ်တည်သူ)  Facebook စာမျက်နှာမှ ကုးယူဖော်ပြပါသည်။
=================================================================
ဧ၇ာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ (NLD)ပါတီဝင်နှုတ်ထွက်ပွဲနှင့် ပါတီအလံချပြုလုပ်ပွဲ
Saturday, October 27, 2012
ဧရာဝတီတိုင်းဒေသကြီးပုသိမ်မြို့ အမှတ်(၃)၇ပ်ကွက် စကားဝါလမ်းအမျိုးသားဒီမိုကေ၇စီအဖွဲ့ချူပ် မြို့နယ်၇ုံးတွင် ၂၇.၁၀.၂၀၁၂ ၇က်နေ့တွင် ပါတီဝင်များနှုတ်ထွက်ခြင်းနှင့်ပါတီရုံးနှင့်ပါတီအလံချခြင်းအခမ်းအနားကျင်းပ၍ တက်ေ၇ာက်လာသော ပါတီဝင်များမှမြို့နယ်အဆင့် တိုင်းအဆင့်
တွေမှာ ဗဟိုဦးစီးစနစ်နဲ့ေ၇ွးချယ်မှု့မျိုးတွေ ဖြစ်နေတယ်ေ၇ွးချယ်ခံထား
၇တဲ့ မြို့နယ်တိုင်းအဆင့်လူကြီးတွေက အထပ်မှာတမျိုးအောက်မှာ
တမျိုး ပြုလုပ်နေကြောင်းနှင့် တပည့်မွေးဆ၇ာမွေးတွေ လုပ်နေကြောင်း
ပြောကြား၍ သိ၇သည်အမျိုးသားဒီမိုကေ၇စီပါတီ ပုသိမ်မြို့နယ်၇ုံးမှ ပါတီနှုတ်ထွက်ပွဲသို့ ၇န်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်မှ
ဧည့်သည်တော်များ မြောင်းမြမှဦးစောလွင်နှင့်အဖွဲ လပွတ္တာမှဦးအောင်ခိုင်နှင့်
အဖွဲ့ မယ်ဇလီမှဦးေ၇ချမ်းနှင့်အဖွဲ့ ကားကြီးများဖြင့်လာေ၇ာက်၍ ပါတီဝင်
၇ဲဘော်တွေ နှုတ်ထွက်သွားခြင်းကို ၀မ်းနည်းကြောင်းအကျယ်တ၀င့်
ဟောပြော၍ ဧ၇ာဝတီတိုင်းဒေသကြီးမြို့နယ် တော်တော်များများမှာ ယခုလို
ပါတီဝင်အဖြစ်မှ နှုတ်ထွက်တာမျိုးတွေ အများကြီးဖြစ်နေကြောင်း ပြောကြား
ကြပါသည်ယနေ့နှုတ်ထွက်သွားသူဦးေ၇မှာ ၁၃၂ ယောက်ခန့်နှုတ်ထွက်
သွားပြီး တက်ေ၇ာက်လာသူမှာ လူဥိးေ၇၆၀၀ ခန့်၇ှိကြောင်း သိ၇ှိ၇သည်။

အဆိုပါ(NLD)ပါတီနှုတ်ထွက်ပွဲတွင် ၁၉၉၀ဧ၇ာဝတီတိုင်းဒေသကြီး ကိုယ်စားလှယ်လောင်းများဖြစ်ခဲ့ကြသော ဦးညွှန့်လှိုင် ဥိးကျော်ဝင်းတို့နှင့် ပါတီအောင်နိုင်ေ၇းကော်မတီ ဒေါက်တာသန်းထိုက်တို့လဲနှုတ်ထွက်သွား
ကြောင်းသိ၇သည်။

The Hot News မှ ကူးယူဖော်ပြပါသည်။
===========================================================
''\ပုသိမ်မြို့ NLD ပါတီမှ နှုတ်ထွက်သူ ၁၃၄ ဦး အမျိုးသားဒီမိုကရေစီကွန်ယက် အမည်ဖြင့် လူမှုရေးလုပ်ငန်းများရှေ့ဆက်လုပ်ဆောင်မည်''

ပုသိမ်-အောက်တိုဘာ၂၇

ပုသိမ်မြို့ NLD ပါတီမှ နှုတ်ထွက်သူ ၁၃၄ ဦးသည် အမျိုးသားဒီမိုကရေစီကွန်ယက် အမည်ဖြင့် လူမှုရေးလုပ်ငန်းများရှေ့ဆက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း
နှုတ်ထွက် NLD ပါတီဝင် ဒေါက်တာသန်းထိုက်က ပြောသည်။
'' ကျွန်တော်တို့ဆီက ပါတီဝင်အဖြစ်က နှုတ်ထွက်သူတွေကို အခြားပါတီတွေက သူတို့ပါတီဝင်ဖို့ စည်းရုံးတာတွေရှိတယ်။ တကွဲတပြားမဖြစ်အောင်လို့ နှုတ်ထွက်တွေစုပေါင်းလက်မှတ်ထိုးပြီး
ကွန်ယက်ဖွဲ့ဖို့ ကြေညာ လိုက်တာပါ။ အမျိုးသားရေးနဲ့ဒီမိုကရေစီရေးရှေ့ရှုလုပ်ဆောင်သွားမှာပါ'' ဟု ဒေါက်တာသန်းထိုက်က ပေါ်ပြူလာနယူစ်သို့ပြောသည်။
ပုသိမ်မြို့ NLD ပါတီမှ နှုတ်ထွက်သူ ၁၃၄ ဦးသည် ပါတီမှနှုတ်ထွက်ပွဲကို ယနေ့ အောက်တိုဘာ ၂၇ ရက် နံနက်က ပြုလုပ်ခဲ့ပြီး ပါတီဗဟို၏ ဒီမိုကရေစီနည်းလမ်းမကျစွာ ဆောင်ရွက်မှုများကို
သဘောမကျခြင်းကြောင့်နှုတ်ထွက်ခြင်းဖြစ်ကြောင်းသိရသည်။ 
 
Popular News Myanmar Journal မှ ကူးယူဖော်ပြပါသည်။

1 comment:

  1. http://www.myanmarexpress.net/2012/10/nld_27.html မှ ကူးတဲ့အကြောင်းလည်း ထည့်ရေး credit ပေးပါ

    ReplyDelete