Tuesday, October 16, 2012

OIC ရုံး ဖွင့်ခွင့်မပြုချင်းသည် လူသားချင်းစာနာမှု အကူအညီများ လက်မခံခြင်း မဟုတ်

သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက သူ၏ အင်တာနက် လူမှု စာမျက်နှာတွင်       ဖော်ပြထားသည် OIC ရုံး   ဖွင့်ခွင့်      မပြုဆိုသည်မှာ
နိုင်ငံတ ကာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို လက်မခံဘူးဆိုတဲ့       သဘောမဟုတ်ဘူးဆိုတာ    ရှင်းလင်းထားတာကို
ပြန်လည် တင်ပြပေးလိုက်ပါတယ်။


မြန်မာနိုင်ငံတွင် OIC ရုံးဖွင့်လှစ်ရန် ခွင့်မပြု ဟူသော ဆုံးဖြတ်ချက်မှာ
နိုင်ငံတကာ လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ လက်မခံ
ဟူသော သဘောမဟုတ် ========================================


နိုင်ငံတော်သမ္မတကြီးအနေဖြင့်ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော
ဖြစ်စဉ်များ၏ ပကတိအခြေအနေမှန်ကိုသိရှိစေရန်လည်းကောင်း၊
လူသားချင်း စာနာထောက်ထားရေး အကူအညီများပေးအပ်ခြင်းအတွက် လည်းကောင်း နိုင်ငံတကာထောက်ပံ့ကူညီမှုများကို လက်ခံဆောင်ရွက်ပေး
မည်ဖြစ်ကြောင်း အတိအလင်းထုတ်ဖော်ပြောကြားထားပြီးဖြစ်သလို နိုင်ငံ
တကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရခိုင်ပြည်နယ်ရေရှည် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ဆွေးနွေးပွဲများကိုလည်း မြန်မာနိုင်ငံတွင် လက်ခံကျင်းပ
စေခဲ့ပြီး ဖြစ်ပါသည်။

ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ပြောကြားခဲ့သည့် မိန့်ခွန်း အပါအဝင်
နိုင်ငံတော်သမ္မတကြီး၏ ပြောကြားချက်များ၌ နိုင်ငံတော်သမ္မတကြီး
အနေဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နိုင်ငံတကာကူညီထောက်
ပံ့မှုများအားလုံးအတွက် တံခါးဖွင့်လှစ်ထားပြီး ဖြစ်ကြောင်း တွေ့ ရှိနိုင်ပါ
သည်။

ရခိုင်ပြည်နယ် ပြန်လည် ထူထောင်ရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး
အတွက် လူသားချင်းစာနာ ထောက်ထားမှုဖြင့် ပံ့ပိုးကူညီဆောင်ရွက်
လျက်ရှိသော ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများစွာတို့သည်လည်း မြန်မာ
နိုင်ငံတွင် လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိနိုင်ပါသည်။

မြန်မာနိုင်ငံတွင် OIC ရုံးဖွင့်လှစ်ရန် ခွင့်မပြုဟူသော ဆုံးဖြတ်ချက်မှာ နိုင်ငံ
တကာလူသားချင်း စာနာထောက်ထားမှု အကူအညီများ လက်မခံဟူသော သဘောမဟုတ်ပါ။

နိုင်ငံတကာလူသားချင်း စာနာထောက်ထားမှုအားဖြင့် ပေးအပ်သော
ထောက်ပံ့ကူညီမှုများကို ထိထိ ရောက်ရောက် ပေးအပ်နိုင်စေရန် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

irrawaddy

No comments:

Post a Comment