Tuesday, October 16, 2012

ရန်ကုန်မြို့တွင် ဟိုတယ်၊ Shopping Mall၊ ပုဂ္ဂလိကစာသင်ကျောင်းနှင့် အထူးကုဆေးရုံ လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အဆိုပြုတင်ဒါ ခေါ်ယူ

https://encrypted-tbn3.gstatic.com/images?q=tbn:ANd9GcSieDcRoAJlKrz4WEBhcWRuTWCyM21gzzk0QBfFPJRaLFQQye22
နိုင်ငံတော်တွင် စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာတွင် အထောက်အကူဖြစ်စေရန် ရန်ကုန်မြို့ရှိ (က) ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မြေတိုင်းရပ်ကွက် အမှတ် (၁၂၊ ၁၃၊ ၁၄၊ ၁၅ ကံဘဲ့)၊ မြေကွက်အမှတ် (၁/က+၁/ခ၊ ၁/ဃ+၁/င)
ရှိ တော်ဝင်အိမ်ရာအနီးရှိ မြေ (၁၉ ဒသမ ၅၉၅) ဧက။ (ခ) ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မြေတိုင်းရပ်ကွက် အမှတ် (၂၃) သမိုင်း၊ မြေကွက်အမှတ် (၃/ခ၊ ၄၊ ၆)နှင့် မြေတိုင်းရပ်ကွက် အမှတ် ၂၄ (သမိုင်း)၊ မြေကွက်အမှတ် (၃၊ ၄၊ ၅၊ ၉) ရှိ မြေ (၂၃ ဒသမ ၂၁၃) ဧက။ (ဂ) ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ် ၂၆၆၊ အောင်ဓမ္မရိပ်သာလမ်း၊ မြေတိုင်းရပ်ကွက် အမှတ် ၂၁၊ မြေကွက်အမှတ် (၃/ဆ၃) ရှိ မြေ ၁ ဒသမ ၂၉၀ ဧကနှင့် အဆောက်အအုံနှစ်လုံး။ (ဃ) ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ မြေတိုင်းရပ်ကွက် အမှတ် (၈၃ ကံဘဲ့)၊ မြေကွက်အမှတ် ၇၊ မြေ ၃ ဧက ၂၄၅ ဧကနှင့် အဆောက်အအုံနှစ်လုံး။ (င) ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ မြေတိုင်းရပ်ကွက် အမှတ် (၈၅ ကံဘဲ့)၊ မြေကွက်အမှတ် (၄-အေ၊ ၄-ဘီ၏ တစ်စိတ်တစ်ဒေသ) မြေ ၁၁ ဒသမ ၇၅၃ ဧကနှင့် အဆောက်အအုံနှစ်လုံး။ (စ) ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်းနှင့် လင့်လမ်းထောင့်၊ မြေတိုင်းရပ်ကွက် အမှတ် ၅၁၊ မြေကွက်အမှတ် (၁၊ ၂၊ ၃၊ ၃-အေ၊ ၄၊ ၄-အေ၊ ၅၊ ၆၊ ၇၊ ၈၊ ၂၀) ရှိ မြေ ၄ ဒသမ ၀၀၁ ဧက။ (ဆ) ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်း၊ မြေတိုင်းရပ်ကွက် အမှတ် ၅၉၊ မြေကွက်အမှတ် (၁-အေ)၊ အမျတ် ၄၆၂ ရှိ မြေ (၀ ဒသမ ၈၆၈) ဧကနှင့် အဆောက်အအုံငါးလုံး (လူနေထိုင်ရန်နှင့် ရုံးခန်းဖွဲ့ရန် အဆင့်မြှင့် ပြုပြင်ပြီး) စသည့် အဆောက်အအုံနှင့် မြေကွက်များတွင် ဟိုတယ်၊ Shopping Mall၊ ပုဂ္ဂလိကစာသင်ကျောင်းနှင့် အထူးကုဆေးရုံ လုပ်ငန်းများအား ဆောင်ရွက်နိုင်ရန် တင်ဒါပေးသွင်းနိုင်ရေး ခေါ်ယူအပ်ပါသည်။ အဆိုပါ လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဖော်ပြပါ အဆောက်အအုံနှင့် မြေကွက်များကို သတ်မှတ်ထားသည့်အတိုင်း နှစ်ရှည်ငှားရမ်းပေးသွားမည်ဖြစ်ပြီး ပြည်တွင်းတိုင်းရင်းသား လုပ်ငန်းရှင်များအနေဖြင့် ဆောင်ရွက်လိုသည့် လုပ်ငန်းဆိုင်ရာ အဆိုပြုလွှာများကို စစ်ထောက်ချုပ်ရုံး၊ ရုံးအမှတ် (၉) နေပြည်တော်သို့ ၁၆.၁၁.၂၀၁၂ ရက် နောက်ဆုံးထား၍ ပေးပို့သွားရန် တင်ဒါခေါ်ယူအပ်ပါသည်။ တင်ဒါသွင်းရာတွင် (၁) ကုမ္ပဏီအမည်၊ (၂) ငှားရမ်းလိုသည့်စနစ်၊ (၃) ငှားရမ်းခနှုန်းထား (Land Lease Rent)၊ (၄) မြေအသုံးချခနှုန်းထား (Land Use Premium)၊ (၅) ရင်းနှီးမြှုပ်နှံမှုပမာဏ၊ (၆) ဆောင်ရွက်မည့်လုပ်ငန်း၊ (၇) ကုမ္ပဏီမှတ်ပုံတင်နှင့် ငွေကြေးပိုင်ဆိုင်မှု စသည့် အချက်အလက်များ ပါဝင်ရပါမည်။ လုပ်ငန်းဆောင်ရွက်ခွင့်ရသော တိုင်းရင်းသားလုပ်ငန်းရှင်များ အနေဖြင့် နိုင်ငံတော်မှ ချမှတ်ထားသော ရင်းနှီးမြှုပ်နှံမှုဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်သွားရမည်ဖြစ်ပြီး မြေအသုံးချခ၊ မြေငှားရမ်းခနှင့် ဝင်ငွေခွန်၊ ကုန်သွယ်ခွန်များအား နိုင်ငံတော်သို့ ပေးသွင်း၍ လုပ်ငန်းဆောင်ရွက်သွားရမည် ဖြစ်ပါသည်။ အဆိုပြုတင်သွင်းသူများသည် အဆိုပြုလွှာပါ လုပ်ငန်းများကို မိမိတို့ကုမ္ပဏီအနေဖြင့် ကိုယ်တိုင်ဆောင်ရွက်ရမည်ဖြစ်ပြီး အငှားချထားစဉ် ကာလအတွင်း ယင်းမြေ၏ လုပ်ငန်းတစ်ခုလုံးကို ဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ ထပ်ဆင့်အငှားချထားခြင်း၊ ထုခွဲရောင်းချခြင်း၊ တစ်နည်းနည်းဖြင့် ထပ်ဆင့်လွှဲပြောင်းခြင်း မပြုလုပ်ရပါ။ အသေးစိတ် အချက်အလက်များ သိရှိလိုပါက စစ်ထောက်ချုပ်ရုံး၊ ဖုန်း-၀၃၆-၃၁၁၂၀၊ ၀၃၆-၃၁၁၃၈၊ ၀၃၆-၃၁၁၀၈ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ တင်ဒါပေးပို့ရမည့် လိပ်စာမှာ စစ်ထောက်ချုပ်ရုံး(ထောက်-၅က)၊ မြေနှင့် အဆောက်အအုံ ငှားရမ်းရေး အဆိုပြုတင်ဒါ၊ နေပြည်တော်သို့ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ အိတ်ပိတ်ပေးပို့သွားရမည် ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

From - ခေတ်လူငယ်

No comments:

Post a Comment