Friday, November 30, 2012

ALP ထိပ်ပိုင်း ခေါင်းဆောင်များ အပြောင်းအလဲဖြစ်

ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီ (ALP) ၏ ထိပ်ပိုင်းခေါင်းဆောင် များ အကြား အပြောင်းအလဲ ပြုလုပ် လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
ယနေ့ ALP ဗဟိုဌာနချုပ်မှ နိရဉ္စရာသို့ ရေးသား ပေးပို့သော စာတစ်စောင်တွင် ထိုသို့ ထိပ်ပိုင်း ခေါင်းဆောင်များ အပြောင်းအလဲ ပြုလုပ်လိုက်ပြီဖြစ်ကြာင်းကို ဖေါ်ပြသည်။

အဆိုပါ စာတွင်  ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီ၏ ဥက္ကဌမှာ ခိုင်ရဲခိုင်၊ ဒုဥက္ကဌမှာ ခိုင်စိုးနိုင်အောင်၊ အထွေထွေအတွင်းရေးမှူးမှာ ခိုင်သုခ၊ တွဲဘက် အတွင်းရေးမှူးမှာ ခိုင်ထွန်းလင်းနှင့် ဗဟို အလုပ်အမူဆောင် ကော်မီတီဝင် စောမြရာဇာလင်းဟု ဖေါ်ပြထားသည်။
နိရဉ္စရာမှ နိုဝင်္ဘာလ ၂၉ ရက်နေ့က ဖေါ်ပြသော အွင်လိုင်း သတင်းတပုဒ်  ဖြစ်သည့် “ တကျော့ပြန် ရခိုင် အကြမ်းဖက် ဆူပူမူတွင် ALP ပါဝင် ပတ်သက်မူ မရှိဟုဆို” သတင်းတွင် ခိုင်သုခအား အတွင်းရေးမှူး ၂ ဟု ဖေါ်ပြ ပါရှိသွားသဖြင့် အဆိုပါ နေရာတွင် အထွေထွေ အတွင်းရေးမှူးဟု ပြင် ဆင် ဖတ်ရှု့ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

No comments:

Post a Comment