Monday, November 12, 2012

နိုင်ငံခြားဧည့်များအတွက် နေပြည်တော် တံခါးဖွင့်ပြီ

  နိုင်ငံခြားသားဧည့်သည်တွေ နေပြည်တော် အလည်လာကြရေးအတွက် ဟိုတယ်နဲ့  ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနက     လှုံ့ဆော်နေ ပါပြီ။    “နေပြည်တော်ကို နိုင်ငံခြားသားတွေ သွားရောက်ဖို့အတွက် Package Tour တွေ စီစဉ်ဖို့ ခရီးသွားလုပ်ငန်းတွေကိုလည်း အကြောင်းကြား ထားပါတယ်” လို့ ဟိုတယ်/ခရီး  ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင် က ပြောပါတယ်။

“လမ်းကြောင်းတွေဆွဲပြီး ကျွန်တော်တို့ကို တင်ပြကြပါ။ နေပြည်တော်ကို ခရီးစဉ်ဒေသ တခု အဖြစ် အကောာင်အထည် ဖော်ပြီးတော့ နေပြည်တော်ကနေတဆင့် ဆက်သွားလို့ ရတဲ့ ခရီးစဉ်တွေကို လမ်းကြောင်းဆွဲပြီး tour အစီအစဉ်တခု အနေနဲ့ ရောင်းလို့ရင် နိုင်ငံခြားသားတွေ စိတ်ဝင်စားမှာပါ” လို့ ၀န်ကြီးက ဖြည့်စွက်ပြောကြားပါတယ်။

အရင်က နေပြည်တော်ကို နိုင်ငံသားတွေ အလည်အပတ်သွားရောက်ရေး ကန့်သတ်ထားပြီး လုပ်ငန်းသဘောအရ သွားရောက်ခွင့်ကိုပဲ ပေးခဲ့တာပါ။

ဇမ္ဗူသီရိဟိုတယ်
အခုလို မီးစိမ်းပြလိုက်တာကြောင့် တည်ဆောက်မှု အချောသပ်လို မပြီးနိုင်သေးတဲ့ မြို့တော် နေပြည်တော်ဟာ နိုင်ငံခြားဧည့်များ စိတ်ဝင်စားမယ့် ခရီးစဉ်သစ် ဖြစ်လာလိမ့်မယ်လို့  ခရီးသွားလုပ်ငန်းရှင်တွေက သုံးသပ်ပါတယ်။

    နေပြည်တော်ကနေတဆင့် ရှမ်းပြည်နယ် ပင်လောင်းမြို့၊ ကယားပြည်နယ် လွိုင်ကော်တို့ဘက်ကို တိုက်ရိုက် ကားလမ်းပေါက်တာမို့ ခရီး အစီအစဉ်တွေထဲ  ထည့်ဆွဲရောင်းဖို့ လိုတယ်၊ အဲဒီလို ရောင်းခြင်းဖြင့် မြန်မာနိုင်ငံမှာ သွားလာ လည်ပတ်စရာ  လမ်းကြောင်းသစ်တွေ ထွက်လာမယ် လို့ ခရီးသွားလုပ်ငန်းရှင်တွေက ပြောပါတယ်။
ဒေသခံတွေ ဈေးဝယ်ထွက်ရာ Junction Centre
    နေပြည်တော်ခရီးစဉ်ကို အရင်က ၂၀၁၃ ခုနှစ်မှာ ခွင့်ပြုမယ်လို့ ပြောခဲ့ပေမယ့် အခုလို တနှစ်စောပြီး ခွင့်ပြုလိုက်တာဟာ နေပြည်တော်မှာ ရှိတဲ့ လုပ်ငန်းရှင်တွေအတွက်လည်း စီးပွားရေး ပိုမို ဖွံ့ဖြိုးဖို့ အလားအလာ အများကြီး ကောင်းလာပါပြီ။

    နေပြည်တော်မှာ ဟိုတယ်တွေ အများကြီး ရှိတဲ့အတွက် နိုင်ငံခြားဧည့်များ  တည်းခိုရန်နေရာက ရန်ကုန်မှာလို မခက်ခဲတော့ဘဲ အဆင်ပြေမှာပါ။
အထပ်မြင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်တခု။ တည်ဆောက်ဆဲ နေပြည်တော်မှာတော့ တည်ဆောက်ဆဲတိုက်တွေကို အများအပြား တွေ့ရပါလိမ့်မယ်။
ဟိုတယ်များမှာက နိုင်ငံတကာ စီးပွားရေး၊ နိုင်ငံရေးဆိုင်ရာပွဲတွေ၊  ကျောက်မျက် ရတနာပြပွဲတွေ ပြုလုပ်တဲ့ ကာလမှာပဲ အခန်းပြည့်နေတတ်တာပါ။ တခြားအချိန်တွေမှာတော့ အခန်းတွေ အားနေပါတယ်။ နိုင်ငံခြားတိုးရစ်များကို တံခါးဖွင့် ပေးလိုက်ခြင်းအားဖြင့် အခန်းလွတ်များတတ်တဲ့ ဟိုတယ်တွေ အဆင်ပြေလာစေမယ်လို့ ခရီးသွားလုပ်ငန်းရှင်တို့က သုံးသပ် ပြောဆိုပါတယ်။
ကြော်ငြာ နဲ့ အမှိုက်ပုံးပဲ ရှိတဲ့ ဘတ်စ်ကားမှတ်တိုင်။ မြို့သစ် ဖြစ်တဲ့အတွက် မြို့တွင်းသွားလာရေး အဆင်ပြေဖို့ အရှိန်ယူရေးက အချိန်ဘယ်လောက်ကြာဦးမယ် မသိပါ။
လူမသိ သူမသိ လျှို့ဝှက်တည်ဆောက်ခဲ့တဲ့ နေပြည်တော်ဒေသကြီးကို တိုးရစ်တွေ ရောက်သွားကြတဲ့အခါ လာမယ့် အရှေ့တောင်အာရှအားကစားပွဲတော်ကြီးအတွက် လိုအပ်တဲ့ ဟိုတယ်ကြီးများ၊ အဆောက်အအုံများ တိုးချဲ့ တည်ဆောက်နေတာကို တွေ့ကြရမှာ ဖြစ်ပါတယ်။
 
ဧရာဝတီ 

No comments:

Post a Comment