Wednesday, November 21, 2012

၁၉ လအတွင်း တရားမ၀င် လာရောက်သော တရုတ်နိုင်ငံသား ၂၀ ဦးကို အရေးယူ



မန္တလေးတိုင်းဒေသကြီးအတွင်း သို့ တရားမ၀င် လာရောက်သော  တရုတ်နိုင်ငံသား ၂၀ ဦးကို လူဝင် မှုကြီးကြပ်ရေး ဥပဒေအရ အရေး
ယူခဲ့ကြောင်း သတင်းရရှိသည်။ ၂၀၁၁ ခုနှစ် မတ်၃၁ရက်မှ ၂၀၁၂ ခုနှစ် အောက်တိုဘာ ၃၁ ရက်အထိ (၁၉)လတာကာလအတွင်း စစ်ဆေးအရေးယူခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာ မြို့နယ်တရားရုံးများက
လူဝင်မှုကြီးကြပ်ရေး (အရေးပေါ်ပြဋ္ဌာန်းချက်များ) အက်ဥပဒေပုဒ်မ ၁၃(၁)အရ အမြင့်ဆုံးထောင်ဒဏ် ငါးနှစ်အထိ
ချမှတ်ခဲ့သည်ဟု နိုဝင်ဘာ၁၃ရက်နေ့ထုတ် မန္တလေးနေ့စဉ်သတင်းစာတွင်ဖော်ပြထားသည်။ တရုတ်နိုင်ငံသားများအပြင် ရုရှားနိုင်ငံသား တစ်ဦးကိုလည်း အရေးယူခဲ့ကြောင်း သိရသည်။

နိုင်ငံခြားသားများ ပြည်ဝင်ခွင့်ပါမစ်(သို့မဟုတ်) ဗီဇာစည်းကမ်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်၍ မြန်မာနိုင်ငံတွင်း ၀င်လာသူ၊ ၀င်ရန်အားထုတ်သူကို ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး (အရေးပေါ်ပြဋ္ဌာန်းချက်များ) အက်ဥပဒေပုဒ်မ ၁၃(၁)အရ ထောင်ဒဏ်အနည်းဆုံးခြောက်လမှ အများဆုံးငါးနှစ်အထိဖြစ်စေ၊ ငွေဒဏ်အနည်းဆုံး ကျပ် ၁၅၀၀ ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။


7Day News Journal

No comments:

Post a Comment